LELIA Creative
04/01/2024
ဒီနှစ်မှာ ဒါတွေခေတ်စားမယ်
2024 မှာ တစ်ကမ္ဘာလုံးအနေအထားနဲ့
Trend ဖြစ်လာမဲ့ ဒီဇိုင်းအမျိုးအစား (၁၅)ခုကို
နှစ်သစ်လက်ဆောင်အနေနဲ့ ပြောပြပေးလိုက်ပါတယ်
ဒီဇိုင်နာကြီးတို့ရေ...။
ကိုယ်က ဘယ် Design Trend မှာ အားသာလဲ?
အားနည်းနေလို့ Skill ထပ်ဖြည့်ရမဲ့ Design Trend က ဘာလဲ?
တစ်ပုံချင်းစီကို သေသေချာချာ ဝင်ကြည့်ပြီး
အခုပဲ ကိုယ့်ကိုယ်ကိုယ် သုံးသပ်လိုက်ပါဗျ။
02/01/2024
အမြင်ကျဉ်းမြောင်းမှုဆိုတာ
ကိုယ့်နောက်ကျောကို ကိုယ်တိုင်ပြန်ထိုးနေတဲ့
ဓားတစ်ချောင်းပဲဗျ။
ဘာဖြစ်လို့ အမြင်ကျဉ်းတာလဲ❓
မျက်လုံးရှေ့မှာ ငါဆိုတဲ့ မာနတွေ၊
အတ္တတွေခံနေလို့ အမြင်ကျဉ်းနေကြတာပါ။
ဒီနေ့ခေတ်မှာ ငါစွဲတွေမကျွတ်သေးဘဲ
အမြင်ကျဉ်းကျဉ်း၊ ဘောင်ကျဉ်းကျဉ်းနဲ့ကြည့်ပြီး
ထိုင်လောင်နေတဲ့ ငကြောင်တွေ ပေါလာပြီ။
သတိထားမိရဲ့လား ကိုယ့်လူတို့...🌚
ဘယ် Career နယ်ပယ်ကို ကြည့်ကြည့်
ဟိုးရှေးရှေးတုန်းက စီနီယာတွေရဲ့အဖြစ်က
အချိန်တွေ အများကြီး ရင်းပြီးမှ
နေရာတစ်ခုကို ရောက်လာကြတာပါ။
သုံးနှစ်သုံးမိုး လေ့လာရတယ်တို့၊
ဆယ်နှစ်ဆယ်မိုး ပညာသင်ရတယ်တို့
ရှိကြတယ်မဟုတ်လား။
ဒါပေမဲ့ နည်းပညာရဲ့အကူအညီ၊
ဒီဂျစ်တယ်စနစ်ရဲ့ ပံ့ပိုးမှုတွေရလာတဲ့ခေတ်ကြတော့
တစ်နှစ်တည်းနဲ့လဲ မြင့်တဲ့နေရာ ရောက်လာနိုင်သလို
Passion ပြင်းထန်ပြီး ဉာဏ်ထက်တဲ့ ဂျီးနီးယပ်တွေဆို
😎၆လ လောက်နဲ့ ဆရာကျသွားနိုင်ပါတယ်။
ထားဗျာ ဥပမာပြောပြမယ်။
Content Writer တွေဆို အရင်က စာတစ်ပုဒ်ရေးဖို့
တစ်ရက်လောက် ကြာတာရှိတယ်။
လိုအပ်တဲ့အချက်အလက်တွေ၊ သတင်းတွေကို
Physical book တွေရှာဖတ်ရ၊ အရင်းမြစ်တွေက ရှားပါး၊
အင်တာနက်က လိုင်းမကောင်း၊ စာစီစာရိုက်က မကျွမ်းကျင်၊
ဘာသာစကားအခက်အခဲ... ဒါမျိုးတွေပေါ့ဗျာ။
အခုနည်းပညာခေတ်မှာကျတော့
ဘာလိုလဲ ဘာရှာလဲ?
ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကိုယ့်မျက်စိရှေ့ကို
အချက်အလက်တွေ၊ သတင်း/အတင်း/အဖျင်းတွေ
စုပုံကျလာတော့တာပဲ။
ဒီတော့ content တစ်ပုဒ်ဖန်တီးဖို့
တစ်နာရီ၊ နှစ်နာရီလောက်ပဲ အချိန်ယူရပါတော့တယ်။
Graphic Designer/ Video Editor တွေလည်း
ဒီလိုပါပဲ… Youtube မှာပေါများလွန်းတဲ့
Tutorial တွေ၊ Tip and Trick တွေစသဖြင့်
အများဆို အများကြီးဗျာ
ပြောချင်တာကဗျာ ...
နည်းပညာခေတ်မှာ ဘယ်အရာကမှ
ထင်သလောက်မခက်ခဲတော့ဘူး။
အမေမွေးတုန်းက ပါလာတဲ့ ဦးနှောက်ကို သုံးပြီး
လေ့လာချင်စိတ်နဲ့ လမ်းလျှောက်တတ်ဖို့ပဲလိုတာပါ။
ဒီတော့ ခေတ်နဲ့စနစ်၊ နည်းပညာနဲ့ တိုးတက်မှုကို
ဘောင်ကျဉ်းကျဉ်းထဲကနေ ထိုင်ကြည့်နေတဲ့ ငကြောင်တွေက
'သားကြီး ငါတို့တုန်းက ဘယ်လိုကြိုးစားခဲ့ရတာကွ'
'ဟာ ဒီလောက်အချိန်လေးနဲ့ ဆရာဖြစ်ချင်ရင် ဆုတောင်း'
ဒါမျိုးတွေ ဘလိန်းကြတယ်။
ခက်တော့နေပြီဗျ။
ခေတ်ကြီးပေါ်မှာမှ မစီးမျောတတ်ရင်၊
အပြောင်းအလဲတွေကိုမှ မသုံးသပ်တတ်ရင်
တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့
"ငါစွဲ"ရောဂါ ကပ်နေပြီလို့ပဲ ဆိုရတော့မှာပါ။
2024 မှာ "ငါစွဲ"ရောဂါကို အရှင်းပျောက်အောင် မကုရင်
ထိုင်လောင်နေတတ်တဲ့ ငကြောင်ကြီးအဖြစ်နဲ့
နိဂုံးချုပ်သွားပါလိမ့်မယ်။
Next Generation တွေက မျှစ်ချဉ်မှမဟုတ်တာဗျာ။
"ငါစွဲ"ရောဂါ ပျောက်ချင်ရင်တော့ စိတ်လေးကို အရင်လျှော့ပေးဗျ။
ပြီးရင် မျက်စိကို ဖွင့်ဖို့ကြိုးစားပါ။
စိတ်ကိုမာန်တင်းပြီး မျက်စိကို မှိတ်ထားဦးမယ်ဆိုရင်
အင်္ဂလိပ်ဆေးလဲမနိုင်၊ ဗမာဆေးလဲမရ၊
ပယောဂဆရာလဲ မကယ်နိုင်လောက်ပါဘူး။😅
ဒီနေရာမှာ ကျွန်တော်အကြံပေးချင်တာက
"ငါစွဲ"ကျွတ်ပြီး အမြင်မကျဉ်းဖို့ ဘာတွေလုပ်လို့ရလဲဆိုရင်...
✔️ခေတ်ကိုအမီလိုက်ပါ။ ဘယ်ခေတ်ရောက်နေနေ မကျန်ခဲ့ပါစေနဲ့။
✔️ကိုယ့်ရဲ့ Career နဲ့ ပတ်သက်ပြီး ပလက်ဖောင်းပေါင်းစုံကနေ အမြဲလေ့လာပါ။
✔️နောက်တစ်ခုကတော့ စာများများဖတ်ပါ။
ဒီ(၃)ချက်ကိုသာ လက်တွေ့ပုံမှန်လုပ်မယ်ဆိုရင်
ငါစွဲရောဂါ အမြစ်ပြတ်ပြီး ဘောင်ကျယ်ကျယ်မြင်တတ်တဲ့
စမတ်ကျကျ ဆရာကြီးဖြစ်လာပါလိမ့်မယ်။
ဖြည့်စွက်ဆွေးနွေးချင်တာရှိရင်လဲ
💬Comment မှာ ပြောခဲ့ပါဦးဗျ။
Click here to claim your Sponsored Listing.
Category
Website
Address
Thingangyun
Yangon