Firefly Lay Handmade

Firefly Lay   Handmade

Share

Photos from Firefly Lay   Handmade's post 23/10/2024

ချည်တစ်မျှင်တစ်စမှသည် ပြီးပြည့်စုံသောအင်္ကျီလေးအဖြစ်သို့ 🤩🤩🤩

ချည်ချက်တစ်ချက်တိုင်းမှာ ဖန်တီးသူရဲ့ စိတ်နှလုံး၊ အချိန်၊ အင်အား စိုက်ထုတ်မှုတွေပါတာမို့ ဈေးတန်းအတူတူတွေနဲ့ယှဉ်ရင်တောင် အမြဲသာလွန်အဖိုးထိုက်သော 😍😍😍

ဒီအထည်လေးက instock ထည်လေးပါနော်
Size & price ကို comment မှာကြည့်လို့ရပါတယ်ရှင့်
နှစ်သက်ရာအရောင်၊ လိုချင်တဲ့ size ပြောပြီးလည်း order မှာလို့ ရပါတယ်ရှင့်

Handmade လေးမို့ အချိန်စောင့်ရပါတယ်
သုံးစေချင်တဲ့ချည်အမျိုးအစား နဲ့ ရချင်တဲ့ size ပေါ်မှာမူတည်ပြီး ဈေးနှုန်းလေးတွေကွာပါမယ်ရှင်

Photos from Firefly Lay   Handmade's post 19/10/2024

တကယ်လှသောလေးနော်

တစ်ဖက်မှာဖုန်းထည့်
တစ်ဖက်မှာပိုက်ပိုက်ထည့်
ရှေ့အိတ်လေးနှစ်ခုမှာ ကတ်လေးတွေထည့်

နိုင်လွန်နဲ့မို့ အကြမ်းခံ၊အလျှော်ခံ၊ အရောင်မလွင့် ကြိုက်သလောက်သုံး ပဲ

နှစ်သက်ရာအရောင်နဲ့ order မှာလို့ရပါတယ်ရှင်

Photos from Firefly Lay   Handmade's post 17/10/2024

"ချည်ထိုးအင်္ကျီဆိုတော့ ပူမှာပေါ့" ဆိုတဲ့အတွေးတွေ လူတော်တော်များများမှာ ရှိတတ်ကြပါတယ်

ချည်ရွေးချယ်မှုပေါ်မှာရယ်
ထိုးတဲ့ Pattern ပေါ်မှာရယ် မူတည်ပါလိမ့်မယ်နော်

ဒီညီမလေးပြောတဲ့ အေးနေတာပဲ ဆိုတဲ့အထည်လေးတွေကို By Yarns yarn shop & handmade gallery က ယုံဟာလီချည် 4line လေးရယ်၊ La Rosa က ဝါချည်ချော 2ply လေးရယ်ကို အသုံးပြုပြီး ထိုးပေးထားတာပါတယ်ရှင်
နှစ်မျိုးလုံးက Local yarn လေးတွေပါနော်

ဝါချည်လေးက အိအိအေးအေးလေးကိုမှ ဆွဲသားလေးနည်းနည်းပါတာမျိုးပါ
ယုံချည်လေးကတော့ ပေါ့ပေါ့ပါးပါးလွလွလေးပါရှင့်

ဝါချည်လေးနဲ့ထိုးထားတာလေးဆို pattern အစိပ်အပိတ်ပါ
ဒါ့ကြောင့် ပူမယ်ထင်ထားပေမယ့် ချည်ကအေးတော့ ဝတ်ရတာမပူဘူးတဲ့ရှင်

ချည်ထိုးဆိုပေမယ့် အင်္ကျီလေးတွေဝတ်ရတာ သက်တောင့်သက်သာလည်းဖြစ်ပါတယ်တဲ့နော်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon