RBDR v.1

RBDR v.1

Share

Photos from RBDR v.1's post 02/08/2021

𝐘𝐞𝐚𝐫 𝟐 ကလေးတွေအတွက် 𝐅𝐫𝐚𝐜𝐭𝐢𝐨𝐧 လေ့ကျင့်ပေးနိုင်ပါတယ်။ right brain အတွက်သီးသန့်မဟုတ်ပေမဲ့ admin ကတော့ ဒုတိယပုံထဲကအချိုး 12ခုကို circle လေးတွေလုပ်၊ ကိုယ်တိုင်ပြင်ဆင်ပြီး ၄နှစ်သားလောက်မှာ flash card အနေနဲ့ပြပါတယ်။ က‌လေးကြည့်ချင်အောင်စက်ဝိုင်းမှာဆံပင်လေးတွေလက်လေးတွေထည့်ပြီး တတ်သလောက်ပုံလှလှလေးဆွဲလိုက်တယ်။ ပြီးရင်အရောင်လေးတွေခြယ်ပါတယ်။ portion ပြတဲ့အရောင်ကိုတော့ same color ပဲသုံးပါတယ်။

paper plate လေးတွေသုံးရင်လဲအဆင်ပြေပါတယ်။

decimal နဲ့ fraction ကိုတစ်ပတ်တစ်လှည့်စီပြောပြီးပြပါတယ်။ ၆လဝန်းကျင်ကြာတဲ့အခါ အပိုင်းတွေဆွဲထားတဲ့ blank circle ထဲမှာနံပါတ်ကိုပြောလိုက်တာနဲ့ အရောင်မှန်အောင်ခြယ်နိုင်လာတယ်။ portion တွေရဲ့သဘောတရားကိုနားလည်လာပါတယ်။ Baby, share your one thrid လို့ပြောလိုက်ရင် သူစားနေတဲ့မုန့်ရဲ့ဘယ်လောက်ကို share ခိုင်းတယ်ဆိုတာသိလာတာမျိုးပါ။ ကလေးငယ်တွေဆိုရင် Flashcard အနေနဲ့ပြပါ ကလေးကြီးတွေဆိုရင်တော့ စာသင်သလိုသင်ပေးလို့ရပါတယ်။

MPH group ထဲက maria rbdr ရဲ့ပို့စ်တစ်ခုခုအောက်မှာ pdf လိုချင်ရင်တောင်းလို့ရပါတယ်။ messenger မသုံးပါဘူး။

Photos from RBDR v.1's post 31/07/2021

ကလေးကြီးတွေအတွက် calculation တွေသင်ဖို့ဒီလို emoji block လေးတွေကိုအသုံးပြုနိုင်ပါတယ်။ fun ဖြစ်ပြီးကလေးအတွက်လဲပိုစိတ်ဝင်စားစရာကောင်းပါတယ်။ မေမေနဲ့အတူတူတစ်ယောက်တစ်လှည့်ကစားတဲ့ပုံမျိုးနဲ့သင်ပေးပါ။ (၅)နှစ်အထက်ပါ။

pdf လိုချင်တဲ့သူတွေက MPH Group ထဲမှာလာတောင်းယူနိုင်ပါတယ်။ တစ်ချို့ resources တွေက page မှာ share လို့အဆင်မပြေလို့ group ထဲမှာ share ပေးတာပါ။

17/07/2021

အသက်အရွယ်အလိုက်လုပ်ပေးသင့်တဲ့ Right Brain Exercises တွေဖြစ်ပါတယ်။
======================================
ပုံသေမှတ်လို့တော့မရပါဘူး။ ကလေးလက်ခံနိုင်တဲ့ပေါ်မူတည်ပြီးလေ့ကျင့်ပေးတာပိုကောင်းပါတယ်။

ဘာလုပ်ပေးရမှန်းမသိဘူးဆိုရင်တော့ ဒီဇယားလေးအတိုင်းလုပ်ပေးလို့ရပါတယ်။

======================================
List ထဲမှာပါတဲ့ Exercises မျိုးစုံကိုအချိန်ရရင်ရသလိုတင်ပေးသွားပါမယ်။

******Right Brain Exercises တွေသည် ကလေးငယ်လေးတွေကိုပဲ လေ့ကျင့်ပေးလို့ရတာမဟုတ်ပါဘူးဆိုတာလဲသိထားရပါမယ်*******

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon