Tomato Digital
06/11/2020
Psycho Test လေး လုပ်မယ် . . .
စစ်ကြည့်လို့ရပါတယ် . . .
တစ်မိနစ်ထက် ပိုမစဉ်းစားဘဲ ဖြေရမယ်နော် . . .
ရိုးသားစွာဖြေပါ 🤪
1) မီးဖိုချောင်ထဲမှာ ကြက်ဥနှစ်လုံးရှိတယ် . .
ဘာလုပ်မလဲ . . .
2) လူတစ်ယောက်ကို သတ်ပိုင်ခွင့် အခွင့်အာဏာရမယ်ဆို သင့်လက်နဲ့ အသက်ဆုံးမယ့်သူဟာ ဘယ်သူဖြစ်မလဲ . . .
3) ကြောင်ဟာ အစာတောင်းနေတယ် . . .
နေ့ခင်း ဘယ်နှနာရီပါလဲ . . .
4) သင့်ရည်းစားဟောင်းက ညနေစာ အတူစားဖို့
ယဉ်ကျေးစွာဖိတ်ရင် သင်သွားမှာလား . . .
5) သင့်မှာ ဆုတံဆိပ်တစ်ခု ရှိတယ် ဆိုပါစို့
ဘာဆုဖြစ်စေချင်လဲ . . .
6) သင့် နောက်ဆုံးအချိန် မတိုင်မှီမှာ ကမ္ဘာကြီးရဲ့ ဘယ်နေရာကို သွားချင်လဲ . . .
7) ရေကန်ဟာ သိပ်အေးစိမ့်နေရင် သင် ရေထဲဆင်းမှာလား . . .
8) လူသတ်မှုအတွက် အသင့်တော်ဆုံး လက်နက်က ဘာလဲ . . .
9) ဓားတစ်ချောင်းဟာ သွေးတွေ စွန်းပေနေခဲ့မယ် ဆိုရင် စစချင်း သင် ဘာကို တွေးမိမလဲ . . .
10) ချက်လက်မှတ်မှာ သင်လိုချင်တဲ့ ငွေပမာဏကို ရေးဖို့ပြောလာရင် အနည်းဆုံး ဘယ်လောက်ကနေ စရေးမလဲ . . .
အဖြေလေးတွေပါ . . .
1) မီးဖိုချောင်ထဲက ကြက်ဥကို
စားပစ်မယ်လို့တွေးရင်
သင်ဟာ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပါ…
ဒီအတိုင်းထားလိုက်မယ်လို့ စိတ်ကူးမိရင်
သင်ဟာ ကိုယ်နဲ့မဆိုင်ရင် ဝင်မပါတတ်သူ…
တခြားဟာတစ်ခုခု လုပ်မယ်လို့ ဖြေရင်
သင်ဟာ သူများနဲ့တူမှာ အမြဲစိုးရိမ်နေသူပါ…
2) အဲ့ဒီလူက သင့်ဘဝရဲ ပျော်ရွှင်မှုကို ဖျက်ဆီးသွားခဲ့သူလို့ သင်ထင်နေတဲ့သူပါ…
3) စောက်ရေးမပါတဲ့မေးခွန်းလို့ တွေးမိရင်
သင်က ပုံမှန်လူပါ…
သင့်ကြောင်ကို တွေးမိရင်တော့
သင်ဟာ အတ္တနည်းနည်းကြီးပါတယ်…
နာရီကို လိုက်စဉ်းစားနေရင်တော့
သင်ဟာ သူတစ်ပါးရဲ့စိတ်ကိုမှ
ချုပ်ကိုင်ချင်နေသူပါပဲ…
4) သွားမယ်ဆိုရင်တော့ သင်ဟာ
စောက်မှတ် မရှိသူပါ…
မသွားဘူးဆိုရင်တော့ သင်က
ရည်းစားသစ် ရနေသူ…
ဒီနေရာမှာ တစ်ခု ပြောစရာ ရှိလာပါပြီ…
ဒီအချိန်ထိ ဒီစောက်ဓိပ္ပါယ်မရှိတာတွေ လိုက်ဖြေပြီး
ကိုယ့်ဘာသာ ဆန်းစစ်နေတယ် ဆိုရင်တော့
သင် တကယ် ရူးကြောင်ကြောင် ဖြစ်နေပါပီ…
ဘာ ဆိုက်ကိုမှ စစ်မနေပါနက်တော့…
လောကကြီးမှာ ပျော်အောင်သာနေလိုက်ပါတော့ :p
30/10/2020
Stay Home ရင်း စာအုပ်ကောင်းလေးတွေအကြောင်း မျှဝေကြမယ် . . . . 📚📖🔖
အခုလို အိမ်ထဲမှာပဲနေရတဲ့ ကာလတွေမှာ အတွေးတွေလွန်ပြီး စိတ်ဖိစီးမှုတွေများနေကြတယ်ဟုတ်. . . . 😞
ဒီလိုဖြစ်နေတာက ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်း မဟုတ်ဘူးဆိုတာတော့ သိထားရမယ်နော်. . . . 🤗
ခုရက်ပိုင်း ကျွန်တော်ကတော့ စိတ်အဟာရဖြစ်စေမယ့် စာအုပ်တွေ ပိုဖတ်ဖြစ်နေတာကြောင့် ကျွန်တော်ဖတ်ဖြစ်တဲ့ စာအုပ်လေးတွေအကြောင်းကို အနည်းငယ်မျှဝေပေးချင်ပါတယ်. . . . 💛
၁) စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက)
" အခြေအနေတိုင်းမှာ ကိုယ်တတ်နိုင်တာကို လုပ်တဲ့သူဟာ စိတ်ချမ်းသာတယ်။ စိတ်ကျန်းမာတယ်။ ဘာမှမလုပ်ပဲ စိတ်ပျက်နေတာဟာ အဆိုးဆုံးပဲ . . . ."
ဒီစာအုပ်လေးက တရားစာအုပ်မဟုတ်ပါဘူး။ စိတ်ထားတတ်ဖို့ နဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းတတ်ဖို့ ရည်ရွယ်ပြီး ရေးထားတယ်လို့ မြင်ပါတယ်။
၂) စိတ်ခံစားမှု ကျန်းမာရေး (အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိ)
" Not Just Me!
ဒီဒုက္ခ ငါမှဖြစ်ရလေခြင်း
ငါတစ်ယောက်တည်းဖြစ်ရလေခြင်းဆိုတဲ့
အတွေးဝင်လာတာနဲ့ စိတ်ဖိစီးမှုဒဏ် ပိုပြင်းထန် လာနိုင်တယ်. . . . "
ဒီစာအုပ်လေးထဲမှာ ဆရာတော်က ကိုယ့်ရဲ့စိတ်ခံစားမှုကို ကိုယ်တိုင်သိရှိဖို့၊ လက်ခံဖို့ နဲ့ ကောင်းတဲ့ဘက်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ "အရိုးရှင်းဆုံး" နည်းလမ်းလေးတွေနဲ့ တစ်ဆင့်ချင်း ပြောပြပေးထားပါတယ်။
၃) ပျော်ရွှင်ပါစေ (ဒေါက်တာဖြိုးသီဟ)
" တကယ်တော့ ပျော်ရွှင်မှုဆိုတာ ကိုယ်လုပ်တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်. . . ."
ဒီစာအုပ်လေးက လူကြီး၊ လူငယ်တော်တော်များများ သဘောကျနှစ်သက်ကြတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာ "အားလုံးကို ပျော်ရွှင်စေလိုတဲ့" ဆရာ့ရဲ့စေတနာကို မြင်တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ ကြုံတွေဖြတ်သန်းရတဲ့ အခန်းကဏ္ဍများစွာကို သာဓကများနဲ့ ဖော်ပြပေးထားတဲ့အတွက် ဖတ်ရသူတိုင်း အကျိုးရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
ကျွန်တော်အခုမျှဝေလိုက်တဲ့ စာအုပ်တွေက
တစ်ကြိမ်မကဖတ်လို့ကောင်းတဲ့၊ ဖတ်တဲ့အချိန်တိုင်း အကျိုးရှိစေမယ့် စာအုပ်ကောင်းလေးတွေဖြစ်လို့ မဖတ်ရသေးရင် ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ် . . . . 🤗
အခုရက်ပိုင်း ဖတ်ဖြစ်တဲ့စာအုပ်ကောင်းလေးတွေ ရှိရင်လည်း ကျွန်တော့်ကို Comments မှာ ပြောပြပေးခဲ့ကြပါဦးဗျာ. . . . 😍
#ခုလို စိတ်ဝင်စားစရာကောင်းတဲ့ Tips လေးတွေ ပေးသွားမယ့် Tomato Page ကို
"Like 👍" လုပ်ထားဖို့ မမေ့ကြနဲ့ဦးနော်
16/10/2020
အိမ်မှာနေတုန်း Digital Marketing လေ့လာဖို့ရှာနေရင်တော့📒
1. Certificate ပါရမယ့် Google Digital Garage
https://learndigital.withgoogle.com/digitalgarage
2. Digital Tools Knowledge Sharing
https://m.facebook.com/story.php?story_fbid=2307593819542655&id=1495183720783673
3. Digital Marketing & Social Media Marketing
https://m.facebook.com/story.php?story_fbid=251465986304725&id=110091677108824
4. Photoshop ပညာဒါနသင်ခန်းစာများ
https://m.facebook.com/story.php?story_fbid=877990699347180&id=473814026431518
5. Digital Class (အခမဲ့)
https://m.facebook.com/story.php?story_fbid=3092975274096251&id=1945337452193378
6. Content Marketing အတွက် လေ့လာဖို့အကောင်းဆုံး Website များ
https://m.facebook.com/story.php?story_fbid=248494166601907&id=110091677108824
7. Digital Marketing ဆိုင်ရာ E-books များ
https://m.facebook.com/story.php?story_fbid=537104983675366&id=125703468148855
8. Graphic Design (အခမဲ့)
https://m.facebook.com/story.php?story_fbid=124173342626651&id=112116830498969
9. Content ရေးနည်းတွေကို Sharing လုပ်ပေးနေတဲ့ Page လေး
https://m.facebook.com/103413718031016
10. Copy Writing မှ လေ့လာချင်တယ်ဆိုရင်
https://www.youtube.com/c/kopywriting
နောက်လည်း အသုံးဝင်တာလေးတွေ ဖော်ပြပေးသွားမှာဖြစ်လို့ Page ကို See First ထားဖို့ မမေ့နဲ့ဦးနော်😘
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Ahlone Street
Yangon