U Zin Lin Aung- Legal Service

U Zin Lin Aung- Legal Service

Share

02/01/2026

#ဘဏ်ချိတ် ဖြင့်ဝယ်ယူမည်ဆိုပါက သိထားသင့်သည့်အချက် ၃ ချက်
=============================================

အိမ်ခြံမြေအား ဘဏ်ချိတ်ဖြင့်ဝယ်ယူမည် ဆိုပါက ရောင်းချသူ၊ ဝယ်ယူသူများအနေဖြင့် လိုအပ်သည့်စာရွက်စာတမ်းများအား မိမိချိတ်ဆက်မည့် ဘဏ်၏ သတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထားများပြသပေးရမည်ဆိုတာ အားလုံးနားလည်းကြပြီဆိုတော့ အထူးအထွေတင်ပြစရာမလိုတော့ပါဘူး။

ယခုတင်ပြသွားမှာကတော့---
ဘဏ်ချိတ်ဖြင့် အိမ်ခြံမြေဝယ်ယူမည်ဆိုပါက အောက်ပါအချက် (၃)ချက်များကိုတော့ သတိထားစေချင်ပါတယ်။

၁။ စရန်ငွေပေးပြီးနောက် အကြောင်းကြောင်းကြောင့် ဘဏ်မှ ချေးငွေမရရှိပါက မိမိအနေဖြင့် ကျန်ငွေအား ပေးချေနိုင်ရန် အင်အားရှိပါသလား။

၂။ ဆက်လက်ပေးချေရန်အင်းအားမရှိပါက ပေးချေထားသည့်စရန်ငွေ အဆုံးအ ရှုံးခံနိုင်ပါ့မလား။

၃။ ဘဏ်မှ ချေးငွေခွင့်မပြုပါက ပေးချေထားသည့်စရန်ငွေအား မဆုံးရှုံးစေရန် ရောင်းသူ/ဝယ်သူကြား ဘယ်လိုကတိကဝတ်တွေ ထည့်သွင်းချုပ်ဆိုထားသင့်မလဲ။

ဘဏ်ချိတ်နဲ့ပတ်သတ်၍ ဆရာ့ကိုယ်တွေ့လေး တစ်ဆက်တည်းတင်ပြပေးလိုက်ပါ့မယ်-

မိတ်ဆွေ​တစ်​ဦးက ဂရန်မြေအမည်ပေါက်သူထံမှ ဘဏ်ချိတ်ဖြင့် ဝယ်ယူမှာမို့ ရောင်းချသူထံမှ စာရွက်စာတမ်းများ စိစစ်ပေးရန် အကူအညီတောင်းခံလာသ ဖြင့် သွားရောက်၍ စစ်ဆေးရာ-

ပိုင်ဆိုင်မှု ခိုင်မာတယ်ဆိုပြီး စရန်စွတ်မချလိုက်ပါနဲ့။
-------------------------------------------------------------‐------
ပိုင်ဆိုင်မှုအနေဖြင့် ရောင်းသူ၏ ဂရန်အမည်ပေါက် ဖြစ်နေ၍ ပြဿနာမရှိပါ။

ပြဿနာက ဒီကစပါပြီ_ ရောင်းချသူ၏ ဂရန်မြေက ပေ (၄၀×၆၀) အနက်မှ ပေ (၁၀×၆၀) က အခြားသူအား ခွဲခြမ်းရောင်းချထားပြီး ၎င်းပိုင်ဆိုင်တဲ့ ပေ ( ၃၀ × ၆၀) ပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦးကို ဘဏ်ချိတ်နဲ့ ဝယ်မှာပါ။

သို့သော်ဂရန်ခွဲစိတ်အနေဖြင့်ပြုလုပ်ဖို့ကလည်း မရပါတော့ မူလအမည်ပေါက်သူကပဲ ပေ (၄၀×၆၀) ဂရန်ပဲဆက်လက်ကိုင်ဆောင်ထားပါတယ်။ ယင်းအခြေအနေအရ ဘဏ်က လုံးဝလက်မခံပါ။

ဘဏ်ချိတ်အနေဖြင့်အဆင်ပြေအောင် ပေ (၄၀× ၆၀) ဂရန်အား ရောင်းချသူက ပိုင်ဆိုင်ပါတယ်ဆိုပြီး ဝယ်ယူသူအမည်ပေါက်ပြောင်းလိုက်၍ ဘဏ်အား အာမခံအနေဖြင့် ပေးထားမယ်ဆိုင်ရင် ဘဏ်က လက်ခံမယ်သော်လည်း ပေ (၁၀×၆၀) ပိုင်ဆိုင်တဲ့တစ်ဖက်က လက်ခံပါ့မလား။

အကြံပြုချက်
------------------
အထက်ပါ အခြေအနေများကြောင့် မိတ်ဆွေအား အဆိုပါ ဂရန်မြေကွက်အား မဝယ်ယူရန် အကြံပြုလိုက်ပါတယ်။

🚫Pls Do Not Copy🚫

နှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🙏

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

Tele Link - https://t.me/Legalservi

Viber No- 09 986 252 417

#ဘဏ်ချိတ်

#အိမ်ခြံမြေ
#ဂရန်မြေ

29/12/2025

ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ
========================================

''ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ ဆရာ''ဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ အကြံတောင်းခံလာပါသဖြင့်---

'' ၂ ခု စလုံးကောင်းတာချည်းပါပဲ။ ဒါပေမယ့် စာရွက်စာတမ်းခိုင်မာပြီး အရှုပ်အ ရှင်း ကင်းရှင်းဖို့က အဓိက အရေးကြီးဆုံးပေါ့ ''။

အမည်ပြောင်းတဲ့ကိစ္စ ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲ ဆရာ
--‐-----------------------------------------------------------------------------------------

#ပါမစ်မြေ ကတော့ ယခင်ကာလတုန်းက အရပ်ရောင်းအဝယ်စာချုပ်အဆက် အစပ်မူရင်းများနှင့် ပါမစ်မူရင်းတင်ပြပြီး လျှောက်ထားသူ အမည်ပေါက် ဂရန် ပြုလုပ်လို့ရပါတယ်။

သို့သော်.. ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ အ စည်းအဝေး အဆုံးအဖြတ်ချက်အရ (၂၉.၇.၂၀၂၄) ရက်နေ့မှစ၍ ပါမစ်အမည်ပေါက်သူမှသာလျှင် ဂရန်အမည်ပေါက် ပြုလုပ်ဆောင်ရွက်လို့ရပါတော့မည်။

ပြီးမှ ဝယ်ယူသူ အနေဖြင့် မိမိအမည်ပေါက်ပြောင်းလဲလိုပါက ကျသင့်သည့် အ ခွန်များထမ်းဆောင်၍ အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပြုလုပ်ပြီး ဂရန်အမည်ပြောင်း ဆောင်ရွက်လို့ရပါမည်။

#ဂရန်မြေ ကလည်း ဂရန်အမည်ပေါက်သူထံမှ ဝယ်ယူပြီး မိမိအမည်ပေါက်ပြောင်းလဲလိုပါက ကျသင့်သည့်အခွန်များထမ်းဆောင်၍ အရောင်းအဝယ် စာ ချုပ်အား မှတ်ပုံတင်ပြုလုပ်ပြီး ဂရန်အမည်ပြောင်း ဆောင်ရွက်လို့ရပါမယ်။

#ဂရန်ဂတုံး ဆိုရင်လည်း 👇 အောက်ပါ့လင့်တွင် အသေးစိတ်ဖော်ပြထား-

https://m.facebook.com/story.php?story_fbid=122156025536803541&id=61574106233251&mibextid=Nif5oz

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🙏🙏

🚫Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

https://t.me/Legalservi

Viber No- 09 986 252 417

22/12/2025

ဂရန်မြေဝယ်ယူမည်ဆိုပါက- သိရှိထားသင့်သည့် ဂရန်မြေပိုင်ရှင်များ။
=============================================
#ဂရန်မြေဆိုတာ-------

+ ဂရန်အမည်ပေါက်တိုင်း ပိုင်ရှင်လို့သတ်မှတ်လို့ရပါသလား။
+ ဂရန်အမည်မ​ပေါက်တိုင်း မြေပိုင်ရှင်မဟုတ်ဘူးလို့ သတ်မှတ်လို့ရပါသလား။
+ လက်ဝယ်ထားရှိတိုင်း မြေပိုင်ရှင်လို့ သတ်မှတ်လို့ရပါသလား။

ဂရန်မြေဝယ်ယူတော့မည်ဆိုပါက မိမိတို့အနေဖြင့် မဖြစ်မနေ ဖော်ပြပါပိုင်ရှင်များနဲ့ တွေ့ကြုံရပါလိမ့်မယ်။ ၎င်းတို့ထံမှ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူများအနေဖြင့် မိမိတို့အမည်ပေါက်ပြုလုပ်ရန် အဆင့်များအား တစ်ဆင့်ချင်း ရှင်းပြပေးသွားပါ့မယ်။

၁။ ဂရန်အမည်ပေါက်သူထံမှ တိုက်ရိုက်ဝယ်မလား။
၂။ ကိုယ်စားလှယ်ရရှိထားသူထံမှ ဝယ်မလား။
၃။ အမှတ်စဥ် ၁၊ ၂တို့ထံမှမဟုတ်ဘဲ၊ အမွေဆက်ခံရရှိသူများထံမှ ဝယ်ယူကြမလား။
၄။ အမှတ်စဥ် ၁၊ ၂၊ ၃ တို့ထံမှမဟုတ်ဘဲ၊အရပ်စာချုပ်အဆက် အစပ်နဲ့ ဝယ်ယူသူထံမှ ဝယ်ယူမလား။
၅။ မှတ်ပုံတင်စာချုပ်ဖြင့် အရောင်းအဝယ်စာချုပ်/ပေးကမ်းစာချုပ်/ စွန့်လွှတ် စာချုပ်ဖြင့်ပြုလုပ်ထားသူထံမှ ဝယ်ယူမလား။

1️⃣ အမှတ်စဥ် ၁ အနေဖြင့် ဂရန်အမည်ပေါက်သူထံမှ ဝယ်ယူမည်ဆိုပါက ဂရန်အမည်ပေါက်သူမှ ၎င်းကိုယ်တိုင် (က) အဆင့်ဆောင်ရွက်ရပါမည်။

(က) အရောင်းအဝယ်မြေပုံကူး။
(ခ) ရာဖြတ်ဌာနသို့ တင်ရမည့် လုပ်ငန်းစဥ်။
(ဂ) ရာဖြတ်ဌာနက သတ်မှတ်သည့် အခွန်နူန်းထားအတိုင်း မြန်မာ့စီးပွားရေးဘဏ်တွင် အခွန်ဆောင်။
(ဃ) အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်လုပ်ငန်စဥ်။
(င) ဂရန်အမည်ပြောင်းလုပ်ငန်းစဥ်။

2️⃣ အမှတ်စဥ် ၂ အနေဖြင့် ကိုယ်စားလှယ်ရရှိသူထံမှ ဝယ်ယူမည်ဆိုပါက ကိုယ် စားလှယ်ရရှိသူမှ ၎င်းကိုယ်တိုင်---
(၁) တရားရုံးကျမ်းကျိန်လွှာ (ကိုယ်စားလှယ်လွှဲစာသည် ယနေ့ချိန်ထိ ပြန်လည်ရုတ်သိမ်းထားခြင်းမရှိကြောင်း၊ လွှဲပေးသူသည် ယနေ့ချိန်ထိသက်ရှိထင်ရှားရှိကြောင်း)နှင့်အတူအထက်ပါ (၂) အမှတ်စဥ် ၁ ပါအတိုင်းဆောင်ရွက်ရပါမည်။

[မှတ်ချက်။ အခုလောလောဆယ် (GP/SP) ဖြင့် မြေပုံရေးကူးခြင်းအား ခတ္တယာယီပိတ်ပင်ထားပါတယ်။]

3️⃣ အမှတ်စဥ် ၃ အနေဖြင့် အမွေဆက်ခံခွင့်ရှိသူထံမှ ဝယ်ယူမည်ဆိုပါက ၎င်းကိုယ်တိုင်-

(၁) အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်အား မှတ်ပုံတင်ပြီးနောက် ၎င်းတို့အမည်ဖြင့် ဂရန်အမည်ပေါက်အရင်ပြု လုပ်ရပါမည်။ ထို့နောက် အထက်ပါ အမှတ်စဥ် ၁ ပါအတိုင်းဆောင်ရွက်ရပါမည်။

4️⃣ အမှတ်စဥ် ၄ အနေဖြင့် ဂရန်အမည်ပေါက်သူ(သို့) အမည်ပေါက်သူ၏အမွေဆက်ခံသူများ ဆက်သွယ်၍မရပါက-
(၁) တရားရုံး၏အနိုင်ဒီကရီရရှိအောင်ပြုလုပ်ရပေမည်။ ထို့နောက် တရားရုံးအာရှိအနေဖြင့် ဂရန်အမည်ပေါက်သူ၏ ကိုယ်စား----
(၂) အထက်ပါ အမှတ်စဥ် ၁ ပါအတိုင်းဆောင်ရွက်ရပါမည်။

🚫 Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

11/12/2025

#ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားရရှိထားသူများသတင်းကောင်း
=============================================

ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားရရှိထားသူများသည် ယခင်ကာလအပိုင်းအ ခြားတစ်ခုတုန်းက မိမိပိုင်ဆိုင်သည့် ဂရန်မြေအား ပြန်လည်ရောင်းချရန်အတွက် အခက်အခဲ များစွာရှိခဲ့ကြပါတယ်။

အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာမြေယာဌာနမှ အရောင်းမြေပုံများ ရေးကူး ခွင့် ခေတ္တယာယီပိတ်ပင်ထားတော့ အရောင်းအဝယ် မဖြစ်ကြပါ။

ယခု မကြာမီ မြေယာဌာနမှ လက်ခံဆောင်ရွက်ပေးတော့ပါမည်ဖြစ်ကြောင်း....

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
U Zin Lin Aung- Legal Service

09 986 252 417

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00