Basic Nursing Online Class
Infections (အရေပြားပေါ်တွင် ဖြစ်စေတတ်သော အရေပြားရောဂါများ) ကို
ဗဟုသုတရရှိစေရန် ဖော်ပြပေးလိုက်ပါသည်..
Sharing နိုင်ပါသည်..
https://m.facebook.com/story.php?story_fbid=118996183875568&id=100072955590088
20/10/2021
Declogen Forte (ဒီကိုဂျင် ဖိုရ်.) သည်
Phenylpropanolamine ပါဝင်သောကြောင်.
နှာစည်းခြင်း /နှာပိတ်ခြင်းကို သက်သာစေပါသည်...
ဆေးပညာဗဟုသုတများထပ်မံဖော်ပြပေးပါမည်ခင်မျာ...
Like & Sharing နိုင်ပါတယ်...
Nursing Online Class
16/10/2021
(Cifran) စီဖရန် 250/500mg အကြောင်း
===================================
Brand Name : CIFRAN
Generic Name: Ciprofloxacin
အသုံးပြုပုံ
Cifran သည် fluoroquinolone အုပ်စုဝင် ပဋိဇီဝဆေး (antibiotic) ဖြစ်ပြီး ဘက်တီးရီးယားများကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါ အမျိုးမျိုးကို ကုသရာတွင် အသုံးပြုသည်။
ဥပမာ -
- နုမိုးနီးယား (pneumonia)
- ထောင့်သန်းရောဂါ (anthrax)
- လေပြွန်ရောင်ခြင်း (bronchitis)
- အစာလမ်းကြောင်းရောင်ခြင်း (gastroenteritis)
- ကြွက်သန်းကတဆင့် ကူးစက်သည့် ကပ်ရောဂါ - ပုလိပ်ရောဂါ (plague)
- ဆီးပူညောင်းကျ၊ ဂနို၊ ကာလသားရောဂါ (gonorrhea/syphilis)
- ဆီးလမ်းကြောင်းရောင်ခြင်း (Urinary tract infections)
- အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (respiratory tract infections)
- နှာခေါင်း လှိုဏ်ခေါင်းများ၊ အရေပြား နှင့် အရိုးအဆစ်များ နာခြင်း (infections of the sinus, bones, skin and joints)
- အစာမျိုပြွန်ရောင်ခြင်း (Erosive Esophagitis)
- အစာချေရည် အထက်သို့ ဆန်ခြင်းရောဂါ (Gastroesophagal Reflux Disease)
- Cifran ကို အခြား ဆေးများနှင့် တွဲဘက်၍ ဟယ်ရီကိုဘက်တာ ပိုင်လိုရီ (Helicobacter pylori) ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော အစာအိမ်နာ (Gastric ulcers) နှင့် အူသိမ်ဦးပိုင်းအနာ (duodenal ulcers) များ ကုသရန်
အတွက် အသူံးပြုပါသည်...
Cifran ကို ဆေးပြား၊ ဆေးရည်၊ ထိုးဆေးများအဖြစ် ရရှိနိုင်သည်။
ဆေးဝါးအညွန်း(Dosage)
Cifran ကို ရေတစ်ဖန်ခွက်နှင့် သောက်နိုင်ပါသည်။ ဆေးကိုခွဲခြမ်းသောက်ခြင်း၊ ဝါးစားခြင်း မပြုရပါ။ ဆေး၏ အာနိသင်ကို ထိခိုက်နိုင်ပါသည်။ ဆေးကို အစာစားပြီးမှ သောက်သင့်ပါသည်။
အမျိုးသမီးများတွင် ရုတ်တရက်ဖြစ်သော မပြင်းထန်သည့် ဆီးအိမ်ရောင်ခြင်းအတွက် ဆေးညွှန်း
တစ်ကြိမ်လျင် 250 mg သို့မဟုတ် 500 mg - တစ်နေ့ (၂) ကြိမ် (၁၂ နာရီခြား)
(၃) ရက်သောက်ရန်
ပြင်းထန်သော ဆီးအိမ်ရောင်ခြင်းနှင့် ကျောက်ကပ်ဆီးလမ်းကြောင်းရောင်ခြင်း
တစ်ကြိမ်လျင် 500 mg - တစ်နေ့ (၂) ကြိမ် (၁၂ နာရီခြား)
(၁) ပတ်သောက်ရန်
တာရှည် ဆီးကျိတ်ရောင်ခြင်းအတွက်
တစ်ကြိမ်လျင် 500 mg - တစ်နေ့ (၂) ကြိမ် (၁၂ နာရီခြား)
(၄) ပတ်သောက်ရန်
အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (respiratory tract infections) အတွက် ဆေးညွှန်း
တစ်ကြိမ်လျင် 500 mg - တစ်နေ့ (၂) ကြိမ် (၁၂ နာရီခြား)
ရောဂါ ပြင်းထန်လျင် 750 mg ထိ တိုးနိုင်သည်။
(၇ - ၁၄) ရက်သောက်ရန်
ဂနိုရောဂါ (Gonorrhea) အတွက် ဆေးညွှန်း
တစ်ကြိမ် 500 mg တစ်ရက်တည်းသာ သောက်ရန်
ခွဲစိတ်ခန်းမဝင်မီ ကြိုတင်ကာကွယ်ရန်အတွက် မခွဲစိတ်ခင် တစ်နာရီအလိုတွင် 750 mg တစ်ကြိမ်သောက်ရန် ဖြစ်သည်။
Cifran ကို ကလေးငယ်များ မသောက်သင့်ပါ။ အကယ်၍ သောက်ရန်လိုအပ်လာပါကကလေးငယ်၏ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ဆေးညွှန်းကို တွက်ချက်ရမည်။ သုံးလေ့ရှိသော ဆေးညွှန်းမှာ 20 mg / kg ကိုယ်အလေးချိန် ဖြစ်သည်။
ဘေးထွက်ဆိုးကျိုးများ (Side effects)
- ဝမ်းသွားခြင်း (diarrhea)
- ဝမ်းဗိုက်နာကျင်ခြင်း (abdominal pain)
- ခံတွင်းနာများ(mouth sores)
- ခေါင်းကိုက်ခြင်း (headache)
- မူးဝေခြင်း (dizziness)
- ရင်ပူခြင်း (heartburn)
- ပင်ပန်းနွမ်းလျခြင်း (fatigue)
- အားနည်းခြင်း (weakness)
- အရသာပြောင်းခြင်း၊ များသောအားဖြင့် သတ္တုအရ
သတိပြုရန် (Precaution)
Cifran နှင့် ဓာတ်မတည့်ခြင်း လက္ခဏာများဖြစ်သော အင်ပြင်ထွက်ခြင်း၊
အသက်ရှူခက်ခဲခြင်း၊
လည်ချောင်း၊ လျှာ၊ မျက်နှာ စသည်တို့ ရောင်ရမ်းခြင်း ဖြစ်လာလျင် ဆေးသောက်ခြင်းကို အမြန်ဆုံး ရပ်လိုက်ပြီး ဆရာဝန်ကို ပြသရမည် ဖြစ်သည်။
ကိုယ်ဝန်ဆောင်များ သက်ဆိုင်ရာ ဆရာဝန် ညွန်ကြားချက်ဖြင်.သောက်ပါ..
ဆေးသိမ်းဆည်းခြင်(Stroage Condition)
Cifran ဆေးပြားများကို အခန်းအပူချိန်မှာ အပူနှင့် ရေငွေ့တို့နှင့် မထိတွေ့သောနေရာတွင် သိမ်းဆည်းပါ။
အခြားသောဆေးဝါးဗဟုသုတများကို ဖော်ပြပေးပါဦးမည်ခင်မျာ..
Like @ Sharing ထားနိုင်ပါသည်..
စေတနာများစွာ ဖြင်.
Nursing Online Class
15/10/2021
အမျိုးသမီးအများစု သိထားသင်.သည်.
(ဒေါ်ဖန်နယ်) ဆေးဝါးအကြောင်း
Generic Name: mefenamic acid
ပါ၀င်မှု ။ 250mg/500mg
အသုံးပြုနည်း
==========
ဆေးကို ကာလတို သာမန်နာကျင်ကိုက်ခဲခြင်းများအတွက် အသုံးပြုပါသည်။
ဓမ္မတာလာနေစဉ်ကာလတွင် နာကျင်ကိုက်ခဲမှုများ လျော့ပါးစေရန်နှင့် သွေးဆုံးရှုံးမှု နည်းပါးစေရန်အတွက်လည်း ကို သုံးစွဲနိုင်ပါသည်။
Dolfenal(ဒေါ်ဖန်နယ်)သည် nonsteroidal anti-inflammatory drug (NSAID) ဆေးအုပ်စုဝင် ဆေးဖြစ်သည်။
အခြားအသုံးပြုမှုများ။ ရောဂါအနေအထား အတွက်ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။
ဆေးသုံးရန်အညွှန်း
==============
အရွယ်ရောက်ပြီးသူတွေအတွက်
၁။နာကျင်ခြင်းအတွက်
၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ လိုအပ်သလို ဆက်သောက်ရမည်။ ၇ရက်ထက် ပိုမသောက်ရပါ။
၂။ဓမ္မတာလာစဉ် ကိုက်ခဲခြင်းအတွက်
၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ သောက်ရမည်။ဓမ္မတာစလာသော ပထမဆုံးနေ့မှ စတင်ပြီးသောက်ရမည်။
ကလေးတွေအတွက်
၁။နာကျင်ခြင်းအတွက်
၁၄ နှစ်မှ ၁၈နှစ် အထိ : ၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ လိုအပ်သလို ဆက်သောက်ရမည်။ ၇ရက်ထက် ပိုမသောက်ရပါ။
ဘေးထွက်ဆိုးကျိုး
===============
အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
-ရင်ဘတ်အောင့်ခြင်း၊အားနည်းခြင်း၊အသက်ရှုမဝခြင်း၊စကားပီပီသသ မပြောနိုင်တော့ခြင်း၊ အမြင်အာရုံ သို့မဟုတ် ခန္တာကိုယ်ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿာသနာများ ခံစားရခြင်း။
-ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်း။
-ချောင်းဆိုးသွေးပါခြင်း
-ဆီးနည်းသွားခြင်း သို့မဟုတ် လုံးဝ မသွားတော့ခြင်း။
-ဆီးပူ၊ဆီးကျဉ်၊ ဆီးအောင့်ခြင်း။
-ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အပေါ်ပိုင်း နာ/အောင့်ခြင်း၊ယားယံခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊မျက်စိ သို့မဟုတ် အသားဝါခြင်း။
-သွေးခြေဥခြင်း၊ပြင်းထန်စွာ ထုံနာကျဉ်နာဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း။
-ဖျားခြင်း၊လည်ချောင်းနာခြင်း၊ခေါင်းကိုက်ခြင်း၊အနီစက်များထွက်ခြင်း ၊အရည်ကြည်ဖုများ ၊ပြင်းထန်စွာ ထခြင်း၊အရေခွံကွာခြင်း။
သတိပြုရန်အချက်များ
==============================
ဆေးကိုမသုံးစွဲမှီ mefenamic acid ၊ aspirin သို့မဟုတ် အခြား NSAIDများ (ဥပမာ။ ။Ibuprofen (Advil, Motrin)၊ naproxen (Aleve, Naprosyn)) ၊ mefenamic acid တွင်ပါဝင်သော ပစ္စည်းများ သို့မဟုတ် အခြားဆေးဝါးတမျိုးမျိုးနှင့် ဓာတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို ကြိုပြောပါ။
-သင့်တွင် ပန်းနာရင်ကြပ်ရှိလျှင် အထူးသဖြင့် နှာခေါင်း
-အစာအိမ် သို့မဟုတ် အူအနာရှိခြင်း သို့မဟုတ် ထိုအနာမှ သွေးယိုခြင်း။
-လေဖြတ်ဖူးခြင်း —–> အခြေအနေကို ပိုဆိုးစေတတ်သ
ဖြင့် သတိထားသုံးပါ။
-အက်စ်ပရင် ဆေးပြားကြောင့် ပိုဆိုးစေသော ပန်းနာရင်ကြပ်ရှိလျှင်။
-ပြင်းထန်သော ကျောက်ကပ်ရောဂါ။
-နှလုံးခွဲစိတ်ခြင်း ——> ခွဲစိတ်မှု မပြုလုပ်မီ သို့မဟုတ် ပြုလုပ်ပြီးချိန်တွင် အနာသက်သာစေရန် ဆေးကို အသုံးမပြုရပါ။
အများစု သောက်သူံးကြသော အမျိုးသမီးများအတွက်သိထားသင်.သော ဗဟုသုတ ဖြစ်ပါတယ်ခင်မျာ...
ဗဟုသုတများစွာ ရရှိစေရန်လည်း ထပ်မံ
ဆေးဝါးများ ဆေးပညာဗဟုသုတများကို
ဖော်ပြပေးပါဦးမည်
Like @ Sharing နိုင်ပါသည်ခင်မျာ...
Nursing Online Class
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon