First Five Media
02/06/2026
ဒလ - တွံတေး YBS ယာဉ်များစမ်းသပ်ပြေးဆွဲ
===========
ရန်ကုန်။ ဇွန် ၂။
ရန်ကုန်ဘတ်(စ်)ကား အများနဲ့သက်ဆိုင်သောကုမ္ပဏီလီမိတက် YBS ယာဉ်တွေနဲ့ ဒလ-တွံတေး ယာဉ်လိုင်အဖြစ် စမ်းသပ်ပြေဆွဲနေတယ်လို့ သိရပါတယ်။
ပြေးဆွဲတဲ့လမ်းကြောင်းတွေကတော့ ဒသင်္ဘောဆိပ်ကေန တွံတေးရွှေဆံတော်ဘုရားထိပြေးဆွဲမယ့် YBS ယာဥ်လိုင်းအား ရှေ့ပြေးစီမံချက်အဖြစ် ဇွန်လ
၁ ရက်ကနေ ၅ ရက်နေ့အထိစမ်းသပ်ပြေးဆွဲသွားမယ်လို့ YBPC ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရသိရပါ တယ်။
ဒလ - တွံတေးခရီးစဥ်လမ်းကြောင်း၊ ဒလသင်္ဘော
ဆိပ် - ဒလ-တွံတေးလမ်း - ဘုရားငုတ်တို - ကံဘဲ့ - တွံတေးကမ်းနားလမ်း - တွံတေးစျေး - ရွှေဆံတော်ဘုရား ဖြစ်ကာ စုစုပေါင်းမှတ်တိုင် ၁၄ ခုနဲ့ပြေးဆွဲသွားမယ်လို့သိရပါတယ်။
ပြေးဆွဲချိန်ကတော့ နေ့စဉ် နံနက် ၆ နာရီက ညနေ ၆ နာရီအထိ နာရီ၀က်ခြားပြေးဆွဲမှာဖြစ်ကာယာဥ်
စီးခအနေနဲ့ ငွေသား ၈၀၀ ကျပ် ၊ YPS ကတ် ၇၀၀ ကျပ်ဖြစ်ပြီးရဟန်းသံဃာတော်ေတွကေတာ့ အခမဲ့စီးနင်းခွင့်ပြုသွားမယ်လို့ဆိုပါတယ်။
ွံတေး
25/05/2026
အမြန်လမ်းယာဉ်တိမ်းမှောက်မှု ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
===========
အမြန်လမ်း။ မေ ၂၅။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၃/၆)နှင့်(၃၃၃/၇)ကြားမှာ ဒီကနေ့မနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်ကယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာမှာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရှိခဲ့တယ်လို့အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရ ပါတယ်။
အဲဒီ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါအမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦးအနက် အမျိားသမီး(၂)ဦးသေဆုံးကာအမျိုးသား(၃)ဦး(မစိုးရိမ်ရ)နဲ့ အမျိုးသမီး(၁)
ဦး(စိုးရိမ်ရ)တို့ကိုတံတားဦးမြို့နယ်လူမှုကူညီရေးအသင်းယာဉ်နဲ့ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
21/05/2026
မူ၊လယ်အဆင့် ကျောင်းပြင်ပရောက်ကလေးများ
ကျောင်းသို့ပြန်လည်ရောက်ရှိရန် Placement Test
(အထူးအစီအစဉ်)ဆောင်ရွက်ပေးမည်
===========
နေပြည်တော်။ မေ ၂၁။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကစပြီး အကြောင်အမျိုးမျိုးနဲ့ ကျောင်းပြင်ပရောက်ရှိနေတဲ့ အခြေခံပညာမူလတန်းအဆင့်(Grade 2 မှ Grade 5)အထိနဲ့ အလယ်တန်းအဆင့် (Grade 6 မှ Grade 9)အထိ ကျောင်းသားကျောင်းသူတွေအတွက် Placement Test (အထူးအစီအစဉ်)ကို ဆောင်ရွက် ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။
13/05/2026
လွှတ်တော်သုံးရပ်၏ဒုတိယပုံမှန်အစည်းအဝေးများကျင်းပမည်
===========
နေပြည်တော်။ မေ ၁၃။
တတိယအကြိမ် လွှတ်တော်သုံးရပ်ရဲ့ဒုတိယပုံမှန်
အစည်းအဝေးတွေကို လာမဲ့ ဇွန်လ ပထမပတ်မှာ စတင်ကျင်းပဖို့ ခေါ်ယူလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ရုံးက မေလ ၁၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နဲ့ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ (ခ)တို့အရ တတိယအကြိမ် ပြည်ထောင်စုလွှတ်
တော် ဒုတိယပုံမှန်အစည်း အဝေးကို ခေါ်ယူခဲ့တာဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ် တော်ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပဖို့ ခေါ်ယူတယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၆ ၊၂၀၁၂ ခုနှစ်ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နဲ့ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေများရဲ့ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ)တို့ပါ ပြဌာန်းချက်
တွေနဲ့အညီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေးကိုလည်း ခေါ်ယူခဲ့တာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပသွားမယ်လို့ သိရပါတယ်။
ဆက်လက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅ နဲ့၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နဲ့ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော် ဆိုင်ရာ နည်းဥပဒေများရဲ့ နည်းဥပဒေ ၃၊နည်းဥပဒေ
ခွဲ (ခ)တို့အရတတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ခေါ်ယူခဲ့တာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့မှာ အမျိုးသားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပဖို့ ခေါ်ယူတယ်လို့ ကြေ
ညာထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကိုတော့ မတ် ၂၀ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်
တော်မှာ စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon