Cele City

Cele City

Share

10/01/2023

🟢 ဂိမ်းဆိုင်တစ်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်

ရှမ်းမြောက် မူဆယ်မြို့ရှိ ဂိမ်းဆိုင်တစ်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ထိခိုက်မှုမရှိဘဲ ဂိမ်းဆိုင်အဆောက်အဦး အနည်းငယ် ပျက်စီးခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
"ဗုံးနှစ်လုံး ပေါက်ကွဲတယ်။ လူ ထိခိုက်တာတော့ မရှိဘူး။ ဂိမ်းဆိုင်တော့ ပျက်စီးသွားတယ်။ မှန်ကွဲသွားတယ်။ ဆိုင်တွင်းသုံးပစ္စည်းတွေ ပျက်စီးသွားတယ်။ ပြီးတော့ မူဆယ်မှာက လက်နက်ကိုင်တွေများတယ်။ ဘယ်အဖွဲ့လဲဆိုတော့ မသိဘူး"
မနေ့ ဇန်နဝါရီ ၉ ရက် စွမ်းစော်ရပ်ကွက် (၁)လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုဟာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ဖောက်ခွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
မူဆယ်မြို့မှာ မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်းနဲ့ ဂိမ်းဆိုင်တွေ ပေါများတာကြောင့် အခုလို မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
"လောင်းကစားဝိုင်းမှာ လက်နက်ကိုင်တွေက ဆက်ကြေးကောက်တာ၊ မိုက်ကြေးခွဲတာ၊ ရန်ပုံငွေကောက်တာတွေလည်းရှိတယ်။ အဲဒီဟာက လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ ပြဿနာလို့ ယူဆတယ်။ ခက်တာက တကယ်ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်တဲ့ ပြည်သူလူထုတွေက စိုးရိမ်နေကြရတယ်"
စစ်တပ် အာဏာသိမ်းပြီးနောက် မြို့တွင်းတရားဥပဒေစိုးမိုးမှု အားနည်းနေပြီး မူဆယ်မြို့မှာ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ပေါ်တင် လုပ်ကိုင်လာကြပြီး ပိုင်ရှင်မဲ့အလောင်းတွေလည်း မကြာခဏ တွေ့ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်နဲ့ နိုဝင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်(၁၀)ဦးအပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲ ၂ ဦးလည်း သေဆုံးသွားပါတယ်။
မူဆယ်မြို့မှာ စစ်ကောင်စီအပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တအာင်းတပ်မတော် (TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP)၊ ကချင်တပ်မတော် (KIA)၊ PDF နဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တို့ လှုပ်ရှားနေတဲ့ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

02/07/2022

တပ်မ(၄၄) တောထဲ ပြေး ကရင် လာ ဗုံးနဲ့ပစ် မပစ်ပါနဲ့ ဖထီးရယ် စွတပ်ကြီးလည်း ကုန်တော့မယ် ကချင် ဘက်က "အုန်းအုန်း" ကယား ဘက်က"ဝုန်းဝုန်း" စစ်ကိုင်းတိုင်းက "ကြုံးကြုံး" ဝုန်း လိုက်ကြစို့ သူငယ်ချင်း........❗ အောက်ကအီး........ဖွတ်😂😂 ©️ T4
crd

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon