NBMM SUB

NBMM SUB

Share

26/08/2024

ဒီအခန်းပြီးမှ ကယ်တော့မယ် ..😅

20/05/2024

Edit သံယောဇဉ် မပြတ်နိုင်တာရယ် အ‌ခြေအနေ လေး နည်းနည်းပြင်အဆင်ပြေလို့ မရောင်းဖြစ်တော့ဘူးဗျ ... ✌️ မကြာခင်ပြန်လာ‌နိုင်အောင်တော့ကြိုးစားပါဦးမယ်ဗျ

✅✅✅✅✅✅✅
မင်္ဂလာပါ
ကျွန်တော်တို့ nbmm sub 2019 march 16 ရက်နေ့ကစပြီး ကျွန်တော်ရယ် သူငယ်ချင်းတစ်ယောက်ရယ်နှင့် နှစ်ယောက်ပေါင်း စလုပ်ခဲ့ပြီးနောက်အဖွဲ့ဝင်တွေ တိုးလာလိုက်ပြန်ခွဲခွါရလိုက်နဲ့ လုပ်ခဲ့တာ အခုဆိုရင် 4 နှစ်နီးပါးတော့ရှိလာပြီပဲ ဖြစ်ပါတယ်ဗျ

Nbmm sub ခေါ် Naruto boruto Myanmar sub ဘယ်လိုစဖြစ်လာလဲဆိုရင် ကျွန်တော်က Naruto anime ကို တက္ကသိုလ် စာမေးပွဲ ဖြေတော့မယ့် တစ်ပတ်လိုလိုအချိန်မှာစကြည့်မိသွားတယ်ဗျ စာမေးပွဲနီးရင် စာကလွဲပြီး ကျန်တာ လုပ်ရင် အကုန်ကောင်းနေတဲ့ အချိန်ဆိုပါတော့ အိပ်လည်းကောင်း စားလို့လည်းကောင်း ကြည့်လို့လည်းကောင်းပေါ့ဗျ အဲအချိန်မှာ စွဲသွားရောပေါ့ဗျ 😄 အဲတာနဲ့ Naruto series ကိုမြန်မာစာတန်းထိုး နဲ့ အကြည်ရဖို့တော်တော်လိုက်ရှာရတာဗျ
မရရင် eng sub ပဲကြည့် အဲလိုနဲ့ ည‌လုံးပေါက်နေ့လုံးပေါက်ကြည့်ဖြစ်သွားတာပေါ့ဗျ

နောက်တော့ စာမေးပွဲပြီးတော့ ကျန်တဲ့သူတွေပါကြည့်လို့ရအောင်ဆိုပြီး သူများတင်ထားတာတွေ ရှာဖွေပြီး download ပြီး FB ပေါ်ပြန် upload တင်ပေးတာပေါ့ဗျ
မကြာပါဘူး အဲ FB account က 3 ခါလောက် copyright နဲ့ ban ခံရပြီး အကောင့်လုံးဝပြန်ဆယ်မရအောင် ပျက်သွားခဲ့ရပါသေးတယ်😁

အဲလိုတင်ပေး‌ေနရင် ဝါသနာတူတဲ့သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ နှစ်ယောက် ငါတို့ အစကနေ ဘာသာပြန်ပြီးတင်‌ေပးကြမယ်ပေါ့ သူကလည်းချမယ်ဆိုတာနဲ့ စလုပ်ဖြစ်သွားရောဗျ

အဲအချိန် boruto ကလည်းထွက်နေပါပြီ အပိုင်း 90ကျော် ထင်တယ်

Boruto ဘာသာပြန်နေတဲ့ anime page ကလည်း အဲအချိန်က အကြောင်းအမျိုးမျိုးကြောင့်ရပ်လိုက်တာနဲ့တူပါတယ်

အဲအချိန်မှာ ဘယ်သူမှပြန်ဘာသာပြန်တင်ပေးနေတာ မတွေ့တော့ ငါတို့တင်ကြမယ် တိုင်ပင်ပြီး ဘာသာပြန်နည်းတွေ လေ့လာ encode တာတွေလေ့လာ ပထမဆုံး encode တုန်းကဆို VLC လေးနဲ့ တစ်ဆင့်လုပ် ဖုန်းနဲ့အကြည်လုပ်ပြီး logo ထည့် တစ်ယောက်က ဘာသာကြိုးစားပြီး အချိန်မှီပြန်ပေး software တွေလျှောက်စမ်း လျှောက်ကလိ ရင်း ဘာသာပြန်ပြီးတစ်ပိုင်းရဖို့အ‌ေရး‌ေတာ်‌‌ေတာ်လုပ်ယူရတာ‌ေပါ့ဗျ အဲလိုနဲ့ နောက် တဖြည်းဖြည်းစခဲ့တာပေါ့ဗျ
😄 အမှတ်တရတွေပါပဲ

‌ကိုယ်တွေကလည်း Naruto anime ကိုချစ် ပြီးတော့ ကျန် Naruto Anime ကို သဘောကျတဲ့ သူတွေလည်း အကြည်HD နဲ့ မူလ အနှစ်သာရမပျက်ပဲ မြန်မာစာတန်းထိုးနဲ့ ကြည့်စေချင်တာပေါ့ဗျ အဲလိုလုပ်ကြမယ်ဆိုလို့ အိပ်မက် မက်ပြီး စအကောင်အထည်‌ေဖာ်ခဲ့တာ Naruto series တော့ ပြီးသွားပါလေရဲ့ အပိုဆောင်းအနေနဲ့ Rock lee & his ninja pals တို့ Naruto ova , movies တွေပါ လုပ်ဖြစ်သွားတာပေါ့ဗျ ( တစ်ချို့ movies တွေကျ encode ဖို့ကျန်နေဆဲပါ )

နောက်တော့ ကြည့်ရှုအားပေးတဲ့သူတွေ support ပေးတဲ့ သူတွေရှိလာတော့ သူတို့ရဲ့ကျေးဇူးနဲ့ nbmm sub ဆိုတာကြီး ဖြစ်လာတာပေါ့ဗျ
နောက်ပြီး nbmm team ကို စေတနာ ပါပါနဲ့ ကူညီပေးကြတဲ့ အဖွဲ့ဝင်ဘာသာပြန် encoder group admin အစသဖြင့်ပါပဲဗျ သူတို့ကျေးဇူးကြောင့်လည်း ဖြစ်တည်လာတဲ့ အရာတစ်ခုပါဗျ...
အားလုံးကိုအမှတ်တရ ‌ေတွအများကြီးနဲ့ ဒီကနေကျေးဇူးတင်ကြောင်းပါ 🤍

🤍✌️ ကျေးဇူးပါ ဗျ...

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
11142