Roadrunner Delivery
14/05/2022
ကဆုန်လပြည့်နေ့အခါသမယတွင်
နှလုံးစိတ်ဝမ်းအေးချမ်းသာယာပြီး ကုသိုလ်ထူး ကုသိုလ်မြတ်များ ရရှိပါစေကြောင်း Roadrunner delivery မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🥰
ကြုံရ ဆုံရ Deli ဘဝ (အပိုင်း - ၂)
သီဟ က Delivery Service ကုမ္ပဏီ တစ်ခုက Delivery အပို့သမား။ တစ်နေ့ Online Shop တစ်ခုရဲ့ ပစ္စည်းတွေ ဘန်ကောက်ကနေ ရောက်လာတယ်။ ပစ္စည်းတွေက မှာထားပြီး လမ်းကြောင်း အခြေအနေတွေ အရ တစ်လလောက် နောက်ကျပြီးမှ ရောက်လာတော့ Online Shop ကလည်း မှာထားတဲ့ Customers တွေဆီကို တတ်နိုင်သလောက် မြန်မြန် ပို့ပေးစေချင်တယ်။ ဒါနဲ့ ကုမ္ပဏီကလည်း သီဟ ကို အခြား ဘယ်လမ်ကြောင်းမှ မပို့ခိုင်းတော့ဘဲ အဲဒီ Online Shop က ပစ္စည်းတွေချည်းကိုပဲ ၃ ရက်အတွင်း အပြီး ပို့ပေးဖို့ Assign ချလိုက်တယ်။ ဒါနဲ့ သီဟလည်း ပစ္စည်းတွေ စစ်၊ ပိုက်ဆံ ကောက်ဖို့ ပါမပါ Customer တစ်ဦးချင်း အလိုက် ပြင်ဆင်၊ လမ်းကြောင်းတွေ ဆွဲနဲ့ နေ့ဝက် ကုန်သွားတယ်။ နေ့ခင်း ထမင်းစားပြီးတော့ သူ့ အိမ်ပြန်ရမယ့် နေရာနဲ့ နီးစပ်မယ့် လမ်းကြောင်းလေးတွေ ဒီနေ့ စပို့မယ်ဆိုပြီးတော့ ပြင်ဆင်လိုက်တယ်။
ဒီလိုနဲ့ သီဟ တစ်ယောက် လမ်းကြောင်း ပို့ဖို့ စ ထွက်သွားလေတော့တယ်။ လမ်းကြောင်းပေါ်မှာ ဖုန်းဆက်ပြီး ဒီနေ့မှ လက်ထဲ ရောက်တဲ့ ပစ္စည်းတွေကို ဒီနေ့ အရောက်ပို့ပေးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် သီဟ ကံမကောင်းခဲ့ဘူး။ အချို့ဆို ကိုယ် မှာထားတာတောင် ကိုယ် မေ့နေပြီ။ Online Shop နာမည် ပြောပြလည်း အူလည်လည်၊ ဘာပစ္စည်းပါလို့ ပြောပြရင်တောင် ကြောင်တောင်တောင် ဖြစ်နေလို့ မနည်း ရှင်းပြရတယ်။ မရရင် Online Shop ကို ဖုန်းဆက်ပြီး လှမ်းပြောခိုင်းရသေးတယ်။ အချို့ Customer တွေက အိမ်မှာ မရှိပေမယ့် ဖုန်းကိုင်တယ်။ အိမ်က တစ်ယောက်ယောက်ကို မှာပေးထားတယ်။ အဆင်ပြေပေမယ့် အချို့ကျ ဖုန်းမကိုင်ဘူး။ အချို့ကျ ဖုန်းကိုင်ပေမယ့် လကုန်ပိုင်း ဖြစ်နေတော့ ငွေရေးကြေးရေး နည်းနည်း အဆင်မပြေတော့ လဆန်းမှ လာပို့လို့ ပြန်ပြော လိုက်တာတွေလည်း ရှိတယ်။ လမ်းကြောင်း ဆွဲပြီးသွားတာဆိုတော့ နောက်မှ တစ်ခေါက် ထပ်လာရရင် နှစ်ခါ ပင်ပန်းတော့မှာ။ ဒါပေမယ့် သူကလည်း မှာထားတာ တစ်လလောက် ကြာနေပြီ ဖြစ်တဲ့ ပစ္စည်းတွေကို မှာထားတဲ့လူတွေ မြန်မြန် ရစေချင်တဲ့ စိတ်နဲ့ အိမ်မှာ ရှိလား မသိ မရှိလား မသိ ကြိုတင် အကြောင်းမကြားဘဲ သွားပို့ပေးမိတာဆိုတော့ သူ့ လိုအပ်ချက်လို ဖြစ်နေတော့ ရှိစေဦးတော့။ သီဟ တစ်ယောက် အခြား ရွေးချယ်စရာ လမ်းမရှိ။
ညနေစောင်းလောက် ရောက်တော့ သီဟ အိမ် ပြန်ရောက်တယ်။ မနက်ဖြန် ပို့ရမယ့် ပစ္စည်းတွေလည်း ပါလာတယ်။ ဒီနေ့ အဆင်မပြေခဲ့မှုတွေကို သင်ခန်းစာ ယူပြီး သီဟ တစ်ယောက် မနက်ဖြန် လမ်းကြောင်းတွေအတွက် ဖုန်းကြိုဆက်မှ တော်ကာကျမယ်လို့ တွေးမိတယ်။ အဲဒါနဲ့ ရေမိုးချိုး၊ ထမင်းတောင် အိမ်ကလူတွေနဲ့ လက်ဆုံ မစားဘဲ စောစားပြီး (အိမ်နဲ့ ထမင်းအတူ စားလိုက်ရင် ဖုန်းဆက်တာတွေ နောက်ကျမှာစိုးလို့) မနက်ဖြန် ပို့ရမယ့် Customers တွေဆီ ဖုန်းဆက်ပါတော့တယ်။ အဆင်ပြေသင့်သလောက် ပြေပေမယ့် တစ်ယောက်က ရုံးချိန်အတွင်း ပို့ရန် ဆိုပြီးရေးထားတယ်။ အဲဒါနဲ့ ဖုန်းဆက်လိုက်တဲ့အခါမှာတော့ -
“တူ တူ တူ ...”
“ဟယ်လို” (အမျိုးသမီး အသံ)
“ဟယ်လို အစ်မ … မင်္ဂလာပါ။ ကျွန်တော် Delivery ပါ။ အစ်မ မှာထားတဲ့ ဘန်ကောက်က ပစ္စည်းလေးတွေ ရောက်လို့ မနက်ဖြန် အစ်မဆီ လာပို့ပေးချင်လို့ အဆင်ပြေမလားလို့ ဖုန်းဆက်မေးကြည့်တာပါခင်ဗျ”
“အေး .. ရတယ်။” (လေသံက တစ်ခုခုကို စိတ်မကြည်နေတဲ့ အသံ … ဘေးနားမှာလည်း ယောက်ျားလေး တစ်ယောက် တဟားဟား ရယ်နေသံ)
“ဟုတ်ကဲ့ … ဒါဆို အစ်မရုံးကို ဘယ်ချိန် ရောက်လဲဗျ … ကျွန်တော် မနက် လမ်းကြောင်းထွက်ရင် အစ်မဆီ အရင် ဝင်ပို့ပေးခဲ့ချင်လို့ပါ။”
“၉ နာရီဆိုရောက်ပြီ။” (ဘေးနားမှာ ယောက်ျားလေး တစ်ယောက် ရယ်သံက ဆူညံ)
"ဟုတ် … ဟုတ် … ဒါဆို ........"
“နင် ဘာဖြစ်နေလဲ … ငါ ဒီမှာ ဖုန်းပြောနေတယ်လေ။ သောက်ရေး မပါတာ။”
သီဟ ရုတ်တရက် ဘာဆက်ပြောရမှန်း မသိဘဲ ကြောင်သွားတယ်။ သတိ ပြန်ဝင်တော့ -
“ဟုတ် အစ်မ … ဒါဆို ကျွန်တော် ဖုန်းချ ....”
“နင့်ကို ငါ ကောင်းကောင်းပြောနေတာ မရဘူးလား ..... ဂွပ် !”
"တူ … တူ … တူ .........."
ဪ …
အဲဒီ စကား တစ်ခွန်းကလွဲ သီဟ ပါးစပ်က ဘာမှ ဆက်ထွက်မလာတော့။
နောက်တစ်နေ့ မနက် …
ထုံးစံအတိုင်း သီဟ တစ်ယောက် တက်ကြွစွာ လမ်းကြောင်း ထွက်လာခဲ့တယ်။ မနေ့ညနေက ဖုန်းပြောထားတဲ့အတိုင်း အဲဒီ အစ်မဆီကို ဦးတည်ပြီး သွားတယ်။ သူ့ရုံးနားရောက်လို့ ဖုန်းဆက်တော့ ဖုန်းက စက်ပိတ်ထားတယ်တဲ့။ သေသေချာချာ ပြောထားတာကို ဘယ်လို ဖြစ်တာပါလိမ့် … စ ထွက်ထွက်ချင်းတည်းက ကံမကောင်းပါလားလို့ တွေးနေတုန်း ရှိသေးတယ်။ ဖုန်းနံပါတ် အစိမ်းနဲ့ ဖုန်းတစ်လုံး ဝင်လာတယ်။
“Delivery ပို့တဲ့ တစ်ယောက်လား … အစ်မ (နာမည်) ပါ။”
“ဪ … ဟုတ် အစ်မ။ ကျွန်တော် အခုပဲ အစ်မရုံးရှေ့ရောက်တာ။ အစ်မကို ဖုန်းဆက်တာ စက်ပိတ်ထားတယ်ဆိုလို့။”
“အေး … အေး … ဒီနေ့ အစ်မ ရုံးမလာဖြစ်ဘူး။ ဆိုင်ခွဲတစ်ခုကို ဆင်းကြည့်ရမယ် ဖြစ်သွားတာ။ အဲဒါ ဆိုင်ခွဲကိုပဲ လာပေးလိုက်တော့။ လိပ်စာက (ဘလာ ဘလာ ဘလာ) ...”
“ဟုတ် … ကျွန်တော် သိပါပြီ။ ဒါပေမယ့် …”
“ဂွပ် !”
Delivery ထုံးစံမှာ ပေးထားတဲ့ လိပ်စာ၊ ဖုန်းလှမ်းဆက်ပြီး အတည်ပြုပြီးသား လိပ်စာကနေ လာမပို့ခင် ကြိုတင် အကြောင်းကြားရင် ကိစ္စ မရှိပေမယ့်၊ ပေးထားတဲ့ လိပ်စာကို ရောက်တော့မှ နေရာ ပြောင်းပြီး နောက်တစ်နေရာကို ထပ်လာခိုင်းရင် နှစ်နေရာစာ ကောက်တယ် ဆိုတာလေးတောင် မပြောလိုက်ရ။ တွေ့မှပဲ ပြောပြီး တောင်းတော့မယ် ဆိုပြီး သက်ပြင်းကို ခပ်ရှည်ရှည် ချလိုက်တယ်။ အခြား ဆွဲထားပြီးသား လမ်းကြောင်းတွေနဲ့ သူ လာခိုင်းတဲ့ လမ်းကြောင်းက တခြားစီ ဖြစ်နေပေမယ့် သူ့ဆီပဲ အရင်သွားလိုက်တယ်။ ဒီတစ်ယောက် ပစ္စည်း မြန်မြန် ပို့မှ တော်ကာကျမယ်လို့ စိတ်ထဲက ထင့်နေတယ်။
ဒီလိုနဲ့ သီဟ တစ်ယောက် အသစ်ပေးတဲ့ နေရာကို ရောက်သွားတယ်။ သူ ဆက်လာတဲ့ နံပါတ် အစိမ်းကိုပဲ ပြန်ခေါ်လိုက်တယ်။ ဖုန်းကိုင်တယ်။ ရောက်နေပြီ ဖြစ်ကြောင်း ပြောပြီး ဆိုင် အနားမှာ ရပ်စောင့်နေလိုက်တယ်။ ငါးမိနစ်လောက်နေတော့ Uniform ဝတ်ထားတဲ့ အသက် သုံးဆယ်အရွယ် အမျိုးသမီး တစ်ယောက် ထွက်လာတယ်။ သီဟလည်း ပစ္စည်း ထုတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ အမျိုးသမီးက -
“ညက ဖုန်းဆက်တာလည်း မင်းလား ...”
“ဟုတ်ပါတယ်ဗျ။ ကျွန်တော်ပါပဲ။”
"အေး … မင်းတို့ Delivery တွေက လာပို့ခါနီးမှ ဆက်တာ မဟုတ်ဘူး။ ဆက်တော့လည်း ညဘက်ကြီး။ အဆင်မပြေဘူး။"
“ခင်ဗျာ … ညဘက်ကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော် ဆက်တာ ၇ နာရီတောင် မထိုးသေးဘူး ဗျ။ နောက်ပြီး ကျွန်တော်တို့က လမ်းကြောင်းတွေ မပို့ခင် လာပို့လို့ ရမရကို ကြိုတင် ဖုန်းဆက်ကြည့်ရပါတယ်။ လမ်းကြောင်းဆွဲပြီး ထွက်လာပြီးမှ ပို့လို့ အဆင်မပြေရင် ကမောက်ကမတွေ ဖြစ်တတ်လို့ပါဗျ ...”
သီဟ ယဉ်ယဉ်ကျေးကျေး အကျိုးသင့် အကြောင်းသင့်ကို စိတ်ရှည်ရှည်နဲ့ ပြန်ရှင်းပြပေမယ့် -
“အစ်မ အတွက် အဆင်မပြေဘူး။ မင်း ဖုန်းဆက်တဲ့အချိန် အိမ်မှာလည်း ပြဿနာနဲ့။ ဒေါသထွက်နေရတဲ့အထဲ ဖုန်းက လာတော့ ကောက်ပေါက်လိုက်တာ ဖုန်းကွဲသွားပြီး ပါဝါ ဖွင့်မရတော့ဘူး။ မင်းတို့ကို ပေးထားတဲ့ ဖုန်းနံပါတ်က အဲဒီဖုန်းထဲမှာ။ အခု ဆိုင်ရောက်သွားပြီ။ အဲဒါကြောင့် နောက်တစ်လုံးနဲ့ မင်းကို မနက် ပြန်ခေါ်ပြီး ပြောတာ။ မင်းတို့က အချိန်အခါကို မသိဘူး။ တော်တော် အဆင်မပြေဘူး။” လို့ ပြောပြီး Delivery ခ က ၂၅၀၀ လားလို့ မေးတယ်။ သီဟက အပေါ်မှာ ပြောထားသလို နှစ်နေရာစာ ပြောဖို့ နေနေသာသာ လက်ထဲ ၂၅၀၀ ထည့်ပေးပြီး ချာခနဲ ချက်ချင်း လှည့်ထွက်သွားတယ်။
သီဟ ပါးစပ်က ခပ်တိုးတိုးလေး “အစ်မ” လို့ ထွက်သွားပေမယ့် ဟိုက ဆိုင်ထဲ ပြန်ဝင်သွားပြီ။ ဖုန်းကြိုမဆက်ကြတော့လည်း အဆင်မပြေကြဘူး။ ဖုန်းကြိုဆက်ပြန်တော့လည်း အခန့်မသင့်ရင် ဖုန်းပါ ပြန်လျော်ရမယ့်ကိန်း။ ခေါင်းသွင်သွင်သာ ကုတ်ပြီး သက်ပြင်းရှည်ကြီး ဟူးခနဲ သာ ချလိုက်ရတော့တယ်။ အဲဒီအချိန်မှာ သီဟ မျက်လုံးတွေ လက်ခနဲ ဖြစ်သွားတယ်။ အဲဒီအစ်မ ဖုန်းက ကွဲသွားပြီး ပါဝါဖွင့်မရတော့ဘူးဆို သူ့ဖုန်းနံပါတ်ကို ဘယ်လို မှတ်မိနေတာပါလိမ့် … တစ်ခေါက် မြင်ရုံနဲ့ နံပါတ အလွတ်ရတဲ့ မှတ်ဉာဏ် ပိုင်ဆိုင်ထားလို့ပဲ နေမှာပါလေ ........
ဒီတစ်ခေါက် သီဟ တစ်ယောက် ကံမကောင်းပါလား ..........
07/05/2022
၈ ရက် နေ့မှာကျရောက်မယ့်အမေများနေ့အတွက် Delivery အပ်ဖို့ အခုပဲ 09 966 778 339 ကိုခေါ်ဆိုစာရင်းပေးလိုက်ပါ။
အချိန်နဲ့ တပြေးညီ အရောက် ပို့ပေးရတဲ့ Anniversary Cake တွေ၊ Bridal Shower Cake တွေ၊ Birthday Cake တွေ အပြင် နေ့ချင်းပြီး မုန့်တွေ၊ Surprise Gifts တွေအတွက် ကျွန်တော်တို့ Roadrunner မှာ အပ်လို့ ရပါတယ်နော်။ သတ်မှတ်ထားချိန် အရောက် ပို့ပေးတဲ့အပြင်✔️
အပူမခံတဲ့ မုန့်တွေ (အထူးသဖြင့် လှလှပပလေး သေချာ ပြင်ဆင်ထားတဲ့ အမှတ်တရ ကိတ်အမျိုးမျိုးတွေ) ကိုလည်း အဲကွန်းကားကိုမှ✔️
လိုအပ်ရင် ရေခဲပုံးနဲ့ ✔️ဂရုတစိုက် ပို့ဆောင်ပေးတာ ဖြစ်တဲ့အတွက် ပျက်စီးဆုံးရှုံးရတာမျိုးကို စိတ်သောက မရောက်ရတော့ဘူးပေါ့။
ကိုယ့်ဖောက်သည်က စားချင်ရက်နဲ့ ဆိုင်ကိုကျတော့ လာရတာ ဝေးနေတယ်😢။ ကိုယ်ကလည်း နေ့ချင်းပြီး ရောက်အောင် ပို့ပေးဖို့ Delivery ရှာရခက်နေတယ်ဆိုရင်လည်း ကျွန်တော်တို့ကို သတိရပေးပါ😉။ ကာကာတို့ ရက် သတ်မှတ်ပြီး အော်ဒါ ကောက်လို့ ရပါတယ်။ ပြီးရင် အဲဒီနေ့ကို Booking ယူထားတဲ့ ကာကာတွေအတွက် သီးသန့် ထွက်ပေးမှာပါ🤩။ မှာထားတဲ့ အော်ဒါတွေကိုလည်း နေ့ချင်းပြီး အမြန်ဆုံး ပို့ဆောင်ပေးသွားဦးမှာပါ။ မုန့်တွေ၊ Surprise Gifts တွေမှ မဟုတ်ဘူး။ ဟင်းတွေနဲ့ အခြား အစားအသောက်တွေကိုလည်း လက်ခံပေးနေပါတယ်နော်😍 ... နောက်ပိုင်း ကာကာတို့က အဆင်ပြေလို့ အော်ဒါ ကောက်ဖို့ တစ်ပတ် တစ်ရက် ဒါမှမဟုတ် နှစ်ရက် သီးသန့် ရက် လိုချင်သေးတယ်ဆိုရင်လည်း ချန်ပေးထားဦးမှာဆိုတော့ ဘာလိုသေးလဲ ကာကာတို့ရေ …
အသေးစိတ်ကို Page ရဲ့ Chatbox နဲ့ ဖုန်း (
09-966 778 339 ) ကို ဆက်ပြီး စုံစမ်းနိုင်ပါတယ်။
အချိန်နဲ့ တပြေးညီ အရောက် ပို့ပေးရတဲ့ Cake တွေအတွက် အသေးစိတ် ဖတ်ရန် 👇
https://www.facebook.com/101652805691324/posts/134754962381108/
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |