Coding_ForAll

Coding_ForAll

Share

09/03/2026

Skill ထက် Networking က ပိုအရေးကြီးတယ်ပြောရင် လက်ခံနိုင်မလား။

တစ်ခါတလေမှာ Networking က ကိုယ့်ရဲ့ Coding Skill တွေ၊ Technical Knowledge တွေထက်တောင် ပိုပြီး အရေးပါသွားတတ်ပါတယ်။ ဒါဟာ Skill မလိုဘူးလို့ ပြောတာမဟုတ်ဘဲ၊ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို မှန်ကန်တဲ့နေရာဆီ ရောက်အောင် ပို့ဆောင်ပေးမယ့် အဓိက ရေသောက်မြစ်က Networking ဖြစ်နေလို့ပါ။

အလုပ်အကိုင်ဈေးကွက်ကြီးကို ရေခဲတောင်ကြီးတစ်ခုလို မြင်ကြည့်မယ်ဆိုရင် LinkedIn ဒါမှမဟုတ် Job Board တွေမှာ မြင်နေရတဲ့ အလုပ်ခေါ်စာတွေက ရေပေါ်မှာ ပေါ်နေတဲ့ အပိုင်းအစလေးပါ။ ရေအောက်မှာ မြုပ်နေတဲ့ "Hidden Job Market" ဆိုတာက ပိုကြီးမားပါတယ်။

ကုမ္ပဏီ တော်တော်များများဟာ အလုပ်ခေါ်စာကို Public မတင်ခင်မှာပဲ သူတို့ ယုံကြည်ရတဲ့ Network ထဲကနေတစ်ဆင့် လူရှာတတ်ကြပါတယ်။ ဒီလို အခွင့်အလမ်းတွေကို လက်လှမ်းမှီဖို့ဆိုရင် ကိုယ်က Community ထဲမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ကို ဘယ်သူကမှ မသိဘူးဆိုရင် ကိုယ် ဘယ်လောက်တော်တော် ဒီလို အခွင့်အလမ်းတွေ ရမှာ မဟုတ်ပါဘူး။

နောက်ထပ် အားသာချက်တစ်ခုကတော့ Referrals ပါပဲ။ Resume အစောင်ပေါင်း ထောင်ချီကြားထဲမှာ ကိုယ့်ရဲ့ CV လေး အပေါ်ဆုံးရောက်သွားဖို့ဆိုတာ Referral ရဖူးသူတွေအတွက်တော့ သိပ်မခက်ခဲပါဘူး။ "ကိုယ်က ဘာတွေလုပ်နိုင်လဲ" ဆိုတာကို တစ်ဖက်က ယုံကြည်ရတဲ့သူတစ်ယောက်က ထောက်ခံပေးလိုက်တဲ့အခါ HR တွေရဲ့ အမြင်မှာ ကိုယ်က Stranger တစ်ယောက် မဟုတ်တော့ပါဘူး။

ဒါဟာ မျက်နှာသာပေးတာထက် ယုံကြည်မှုကို အချိန်တိုအတွင်း တည်ဆောက်လိုက်တာပါ။ ဒါကြောင့် Networking ကောင်းတဲ့သူတွေဟာ အင်တာဗျူး Stage ကို ရောက်ဖို့ တခြားသူတွေထက် လမ်းကြောင်း ပိုတိုသွားလေ့ရှိပါတယ်။

ဒါဆိုရင် Networking ကို ဘယ်လိုစမလဲ ❓

အကောင်းဆုံးကတော့ Tech Community တွေထဲမှာ တက်တက်ကြွကြွ ပါဝင်တာပါပဲ။ Facebook Group တွေ၊ Telegram Channel တွေအပြင် အပြင်မှာလုပ်တဲ့ Tech Meetups တွေ၊ Hackathons တွေက Networking လုပ်ဖို့ အကောင်းဆုံး နေရာတွေပါ။

ဒီနေရာတွေမှာ အလုပ်အကြောင်းတွေချည်း ပြောဖို့ထက် Knowledge Sharing လုပ်တာ၊ တခြားသူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးတာမျိုးကနေတစ်ဆင့် ရေရှည်ခိုင်မြဲတဲ့ Connection တွေကို တည်ဆောက်နိုင်ပါတယ်။

ကိုယ့်ရဲ့ Portfolio ကိုပဲ ပြနေမယ့်အစား ကိုယ်ဟာ တခြားသူတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်တတ်လဲ၊ ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးနိုင်လဲဆိုတဲ့ Professional Identity ကို Community ထဲမှာ ချပြပါ။

ကိုယ့်ရဲ့ Coding လေ့ကျင့်ချိန်ထဲက ၁၀ ရာခိုင်နှုန်းလောက်ကို လူသစ်တွေနဲ့ မိတ်ဖွဲ့ဖို့၊ စီနီယာတွေဆီက သင်ယူဖို့နဲ့ Community ထဲမှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ အချိန်ပေးကြည့်ပါ။ နောက်ထပ် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေက ကိုယ်မထင်ထားတဲ့ Network တစ်ခုခုဆီကနေ ရောက်လာပါလိမ့်မယ်။

နယ်ပယ်အသစ်တွေ လေ့လာဖို့နဲ့ အလုပ်တွေလျှောက်ဖို့အတွက် Coursera နဲ့ LinkedIn လိုအပ်တယ်ဆိုရင် Page မှာ လာယူလို့ရပါပြီ။ အသေးစိတ်ကိုတော့ Page ရဲ့ pin post နှစ်ခုမှာ ဖတ်လို့ရပါတယ်။

Disclaimer: This post is shared for educational and informational purposes about LinkedIn features and career development. It does not promote fraud, deceptive services, or unauthorized access to any platform.

06/03/2026

အခုခေတ်မှာ ဘယ် Software၊ ဘယ် App ပဲဖြစ်ဖြစ် နောက်ကွယ်မှာ မောင်းနှင်ပေးနေတဲ့ အင်ဂျင်က Cloud Computing ပါပဲ။ ပြောရရင် Cloud ဆိုတာ အခုခေတ် နည်းပညာလောကရဲ့ ကျောရိုးဖြစ်သလို ခေတ်သစ် အခြေခံအဆောက်အအုံ (Infrastructure) လည်း ဖြစ်ပါတယ်။

အရင်တုန်းက ကုမ္ပဏီတစ်ခု ထောင်မယ်ဆိုရင် ကိုယ်ပိုင် Server ခန်းကြီးတွေ၊ အဲကွန်းတွေ၊ မီးစက်တွေနဲ့ ဒေါ်လာသောင်းချီ ရင်းနှီးခဲ့ရပေမဲ့ အခုတော့ အင်တာနက်ရှိရုံနဲ့ ကမ္ဘာ့အဆင့်မီ စက်ပစ္စည်းတွေကို ငှားသုံးလို့ရနေပါပြီ။ ဒီပြောင်းလဲမှုကြီးကပဲ နည်းပညာနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ အများကြီး ဖန်တီးပေးလိုက်တာပါ။

ကမ္ဘာ့ Cloud ဈေးကွက်ရဲ့ ၃၂ ရာခိုင်နှုန်းကို Amazon Web Services (AWS) က လက်ဝါးကြီးအုပ်ထားပါတယ်။ နားလည်အောင် ပြောရရင် ကျန်တဲ့ Azure နဲ့ GCP အလုပ်ခေါ်စာတွေ အားလုံးပေါင်းတာထက် AWS တစ်ခုတည်းက ခေါ်တဲ့ အလုပ်အရေအတွက်က ပိုများနေတာပါ။

ဒါကြောင့် Cloud လောကထဲ ခြေစုံပစ်ဝင်တော့မယ်ဆိုရင် AWS နဲ့ စတာက အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီနယ်ပယ်မှာ Cloud Support Engineer တို့၊ Junior DevOps Engineer တို့ဆိုတာမျိုးက လစာကောင်းပြီး လူအင်အား လိုအပ်ချက်ကလည်း ကုမ္ပဏီတွေ ခန့်နိုင်တာထက်ကို ပိုများနေပါတယ်။

ဒါကို အစပြုဖို့ အကောင်းဆုံးလမ်းစကတော့ Coursera ပေါ်က AWS Cloud Practitioner Essentials ဆိုတဲ့ Certificate ပါပဲ။

ဒီသင်တန်းမှာ ဘာတွေသင်မှာလဲဆိုတော့ Cloud Computing ဆိုတာ ဘာလဲ၊ ဘာကြောင့် ရှိနေတာလဲဆိုတဲ့ အခြေခံကနေ စရမှာပါ။ ပိုပြီး နည်းပညာဆန်ဆန် ပြောရရင် AWS ရဲ့ အဓိက Service တွေဖြစ်တဲ့ ကွန်ပျူတာစွမ်းအားအတွက် EC2၊ ဒေတာတွေ သိမ်းဖို့ S3၊ Database အတွက် RDS နဲ့ Serverless နည်းပညာဖြစ်တဲ့ Lambda အကြောင်းတွေကို အသေးစိတ် နားလည်အောင် ရှင်းပြထားပါတယ်။

ဒါတင်မကဘဲ ကိုယ့်ရဲ့ Network ကို စိတ်ကြိုက်ပုံဖော်နိုင်တဲ့ VPC အကြောင်းနဲ့ Cloud ပေါ်က လုံခြုံရေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ IAM၊ Encryption နဲ့ Compliance ဆိုင်ရာ ကိစ္စတွေကိုပါ ထည့်သွင်းထားပါတယ်။ သင်တန်းပြီးသွားရင် AWS Certified Cloud Practitioner ဆိုတဲ့ ကမ္ဘာ့အသိအမှတ်ပြု လက်မှတ်ကို ဖြေဆိုဖို့ အသင့်ဖြစ်သွားမှာပါ။

Developer တွေနဲ့ ကုမ္ပဏီကြီးတွေကြားမှာ ဒီ လက်မှတ်ရှိတဲ့သူကို အထူးတလည် နေရာပေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက နည်းပညာတင် သိတာမဟုတ်ဘဲ AWS ရဲ့ Pricing Model တွေနဲ့ Billing စနစ်တွေကိုပါ နားလည်တဲ့အတွက် ကုမ္ပဏီအတွက် ကုန်ကျစရိတ်ကို အထိရောက်ဆုံး စီမံခန့်ခွဲပေးနိုင်လို့ပါ။ လူတစ်ယောက်က ကုမ္ပဏီရဲ့ ငွေကို ဘယ်လို ချွေတာရမလဲ သိထားတယ်ဆိုရင် အဲဒီလူဟာ အစားထိုးရ ခက်ခဲတဲ့သူ ဖြစ်လာပါလိမ့်မယ်။

အနာဂတ်မှာ ဘွဲ့တစ်ခုတည်းကိုပဲ ကိုင်ပြီး အလုပ်ရဖို့ မျှော်လင့်နေတာဟာ ကိုယ့်ကိုယ်ကိုယ် သတ်နေတာနဲ့ အတူတူပါပဲ။ နည်းပညာက ရှေ့ကို အရှိန်အဟုန်နဲ့ ပြေးနေပြီး အခွင့်အလမ်းဆိုတာ အဆင်သင့်ဖြစ်နေတဲ့သူတွေဆီကိုပဲ အမြဲလာတတ်တာပါ။

အပေါ်မှာ ပြောခဲ့တဲ့ Course အပြင် Course ပေါင်း ၁၀၀၀၀ ကျော် လေ့လာလို့ရတဲ့ Coursera Premium ကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ ယူလို့ရပါပြီ။

ကိုယ်ပိုင် mail နဲ့ ကိုယ်ပိုင် account နဲ့ သုံးရမယ့်အပြင် Certificate ပါ ထုတ်လို့ရမှာပါ။

Coursera အကြောင်းအသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။ IT နယ်ပယ်နဲ့ ပတ်သက်ပြီး Course ရွေးရခက်နေတာမျိုး ရှိရင်လည်း အားမနာတမ်း လာမေးနိုင်ပါတယ်။

https://www.facebook.com/share/p/1Lb9RpzX3s/

Disclaimer: This post is intended for educational knowledge sharing. Our page does not engage in scams, fraud, or deceptive services.

05/03/2026

လူသားချင်း စာနာထောက်ထားမှုအကြောင်း ပါးစပ်ကမချတမ်း ပြောနေခဲ့တဲ့ Anthropic ရဲ့ Claude AI ဟာ အခုတော့ အရှေ့အလယ်ပိုင်းက စစ်မြေပြင်မှာ လူသတ်ဖို့ ပစ်မှတ်ရှာပေးနေရပါပြီ။ ဒါကလဲ Anthropic ရဲ့အပြစ်တော့ မဟုတ်ပါဘူး။

နည်းပညာလောကမှာ "ကျင့်ဝတ်" ဆိုတာဟာ အမြဲတမ်း ပိုက်ဆံနဲ့ အာဏာအောက်မှာ ဒူးထောက်ခဲ့ရတာ ထုံးစံပေမဲ့ အခု Claude ရဲ့ ဖြစ်ရပ်ကတော့ တော်တော်လေး ရုပ်ပျက်ဆင်းပျက်နိုင်လွန်းပါတယ်။

အစိုးရဘက်က ဒီကုမ္ပဏီကို သုံးစွဲမှု ရပ်ဆိုင်းဖို့ ညွှန်ကြားချက်တွေ ထွက်ထားပေမဲ့ စစ်ပွဲက အရင်ဖြစ်သွားတော့ Claude ဟာ စစ်သားတွေလက်ထဲက လက်နက်တစ်ခု ဖြစ်သွားရပြန်ပါတယ်။

အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာပြီး တီဟီရန်ကို လေကြောင်းကနေ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်တဲ့နေရာမှာ Anthropic ရဲ့ AI model တွေကို အမေရိကန်စစ်တပ်က တက်တက်ကြွကြွ အသုံးပြုခဲ့တာပါ။

နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင် Claude ဟာ Palantir ရဲ့ Maven လို့ခေါ်တဲ့ စစ်ဘက်ဆိုင်ရာ AI စနစ်နဲ့ ပေါင်းစပ်ပြီး အလုပ်လုပ်နေတာပါ။ ပြောရရင် Claude က စစ်မြေပြင်က အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာတယ်၊ ပြီးတော့ ဘယ်နေရာကို ဗုံးကြဲရမလဲဆိုတဲ့ ပစ်မှတ်ပေါင်း ရာနဲ့ချီကို တိတိကျကျ Coordinate တွေထုတ်ပေးပြီး ဘယ်နေရာကို အရင်ဖျက်ဆီးရမလဲဆိုတာအထိ ဦးစားပေးအဆင့် သတ်မှတ်ပေးနေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ စိတ်ပျက်စရာကောင်းတာက အမေရိကန်အစိုးရရဲ့ ရှေ့နောက်မညီတဲ့ လုပ်ရပ်ပါပဲ။ သမ္မတ ထရန့်က Anthropic ထုတ်ကုန်တွေကို အစိုးရဌာနတွေမှာ မသုံးဖို့ တားမြစ်ထားပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာန (DoD) ကိုတော့ လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ၆ လ အချိန်ပေးထားတယ်။

ဒီကြားထဲမှာပဲ စစ်ပွဲက ဖြစ်လာတော့ Claude ဟာ တရားဝင် ပစ်မှတ်ရှာဖွေရေး အရာရှိကြီး ဖြစ်နေတုန်းပဲ။ တစ်ဖက်မှာလည်း Lockheed Martin လို လက်နက်
ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေနဲ့ တခြား Defense startup တွေက Claude ကို သူတို့စနစ်တွေထဲကနေ အမြန် ပြန်ထုတ်နေကြပါပြီ။

အဓိက ပြဿနာကတော့ Claude ကို Supply-chain risk လို့ခေါ်တဲ့ "လုံခြုံရေးအရ စိတ်မချရတဲ့ အန္တရာယ်" အဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေတာပါ။ ဒါဟာ နည်းပညာကုမ္ပဏီတစ်ခုအတွက်တော့ သေဒဏ်ပေးခံရသလိုပဲ။

အစိုးရနဲ့ စစ်တပ်က Claude ကို သုံးပြီး ရန်သူကို တိုက်နေပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒီကုမ္ပဏီကို ယုံကြည်လို့မရဘူးဆိုပြီး နာမည်ဖျက်ဖို့ ကြိုးစားနေတာဟာ တကယ့်ကို ကမောက်ကမနိုင်လွန်းတဲ့ အခြေအနေပါ။

AI ဆိုတာ အဖြေမှန်ထုတ်ပေးရုံတင် မဟုတ်ဘဲ အမိန့်ပေးတဲ့သူက ဘယ်သူလဲဆိုတာအပေါ် မူတည်ပြီး အကျိုးသက်ရောက်မှုက ပြောင်းလဲသွားတာပါပဲ။

IT နယ်ပယ်အစုံကို ဒီကနေ လေ့လာနိုင်ပါတယ်။
https://www.facebook.com/share/p/1DtHVbg9k2/

Disclaimer: This post is intended for educational knowledge sharing. Our page does not engage in scams, fraud, or deceptive services.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

https://codingforall.tech/

Address


Yangon