Good Health USA

Good Health USA

Share

Photos from Good Health USA's post 25/11/2021

တန်ဆောင်တိုင် အထူးလျှော့ဈေး
Good Health USA မှ တန်ဆောင်တိုင် အထူးလျှော့ဈေးနဲ့ စတင်ရောင်းချ နေပါသည်။ တချို့ဆေးတွေက လက်ကျန်အနည်းငယ်သာ ရှိတော့ပြီး ဘယ်မှာမှ မရနိုင်တဲ့ ဈေးတွေမို့ အမြန်ဝယ်ထားမှ စိတ်ချရမယ်နော်။
ဆက်သွယ်ဝယ်ယူလိုပါက ဖုန်း 09 450 330 338 နှင့် Messenger များမှ ဆက်သွယ်ဝယ်ယူနိုင်ပါပြီ။
ပုံတစ်ပုံခြင်းစီအောက်မှာ ဆေးအမျိုးအစားနှင့် ဈေးနှုန်းဆိုင်ရာ အချက်အလက်များကို တစ်ပုံခြင်းစီထောက်ပြီး ကြည့်ရှုနိုင်ပါသည်။

Photos from Good Health USA's post 07/10/2021

ဆေးဝါးမိတ်ဆက်

ပိုးဆေးနွယ်ရှင် (ခ) ရှီးပဒီး (ခ) Cordyceps

ဒီနေ့မိတ်ဆက်ပေးမယ့် ဖြည့်စွက်စာလေးကတော့ ပိုးဆေးနွယ်ရှင် (ခ) ရှီးပဒီး (ခ) Cordyceps အကြောင်းပါဘဲ။ ဒီဆေးလေးအကြောင်းကတော့ တော်တော်များများလည်း သိနေကြပါပြီ။ မသိသေးသူလည်း ရှိပါဦးမယ်။ သိသူများထဲကလည်း မသိသေးတဲ့ အကြောင်းလေးတစ်ခု ရှိနိုင်တယ်။ လူတွေ မသိသေးတဲ့ ရှီးပဒီးအကြောင်းလေးပေါ့။

Cordyceps (ခ) ရှီးပဒီးဟာ ကချင်ပြည်နယ်ရေခဲတောင်တွေပေါ်ရယ်၊ သူနဲ့ ထိစပ်နေတဲ့ တရုတ်ပြည်နယ်အစိတ်အပိုင်း ၊ ဘူတန်နဲ့ နီပေါ နိုင်ငံတွေရဲ့ ပေတစ်သောင်းကျော်ြမင့်တဲ့တောင်တန်းတွေပေါ်မှာသာ တွေ့ရှိနိုင်ပါတယ်။ အင်မတန် ရှားပါးပါတယ်။ နွေဦးရာသီ ရေခဲတွေအရည်ပျော်ကုန်တဲ့ အချိန်မှာသာ ရှီးပဒီးရှာဖွေသူတွေဟာ ခက်ခက်ခဲခဲနဲ့ ရှာဖွေစုဆောင်းရတဲ့ သဘာ၀ကပေးတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ရှီးပဒီးအစစ် တစ်ကောင်ရဲ့ ဈေးနှုန်းဟာ တစ်သောင်းကျော်လောက်ရှိပါတယ်။ အစစ်နဲ့မခြားတဲ့ အတုတွေလည်း မနည်းလှပါဘူး။ ဒီလောက်ရှားပါးပြီး ခက်ခက်ခဲခဲရှာဖွေရတဲ့ ရှီးပဒီး (ခ) Cordyceps ကို ကမ္ဘာ့ဈေးကွက်တွေထဲမှာ Capsule ဆေးတောင့်ဗူးတွေ သိန်းနဲ့ချီပြီး ထုတ်လုပ်ရောင်းချနေတာ အံ့ဩစရာကောင်းတယ်လို့ မထင်ဘူးလား။ ရောင်းချနေတဲ့ဈေးကလည်း ဆေးဗူးတစ်ဗူးမှ ဒေါ်လာ ၂၀-၃၀ ဝန်းကျင်လောက်နဲ့ ရောင်းချနေကြတာ တကယ်အံ့ဩစရာပါ။

အမှန်တရားကို ပြောပြပါမယ်။ ယနေ့ ကမ္ဘာဈေးကွက်မှာ ပေါပေါလောလောကြီး ရောင်းချနေကြတဲ့ Cordyceps (ခ) ရှီးပဒီးဆေးဝါးဟာ ရေခဲတောင်တွေပေါ်က ရရှိတဲ့ မှိုပိုးကောင်လေးတွေလုံးဝ(လုံး၀) မဟုတ်ပါခင်ဗျာ။ တကယ်တော့ ကမ္ဘာ့ဈေးကွက်ထဲက Cordyceps ဆေးဗူးတွေရော ၊ မြန်မာ့ဈေးကွက်ထဲမှာရောက်နေတဲ့ Cordyceps ဆေးဗူးတွေရောဟာ တကယ့် Cordyceps မှိုအစစ်ရဲ့ တစ်ရှုးကိုယူပြီး သိပ္ပံနည်းနဲ့ ဓာတ်ခွဲခန်းတွေမှာ မွေးမြူပြီး ရရှိလာတဲ့ ပထမအဆင့်မှိုမျှင် (Mycelium) များသာ ဖြစ်ပါတယ်။ Mycelium ဆိုတာ မှိုအဆင့်ကို မရောက်သေးတဲ့ ပထမအဆင့် Stage ပါ။ အဲ့ဒီ မှိုမျှင်ဟာ တိဘက်ကုန်းမြေမြင့်ပေါ်က ပတ်ဝန်းကျင် (ရာသီဥတု ၊ အပူချိန် ၊ စိုထိုင်းဆ ၊ မြေဆီလွှာ ၊ လေထုထဲက ဓာတ်သဘာ၀တွေ) နဲ့ တစ်ထပ်တည်း တူတဲ့ အခြေအနေရောက်မှ မှိုအဖြစ်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီလို ထပ်တူအခြေအနေမျိုးကို ဓာတ်ခွဲခန်းတွေမှာ မဖန်တီးနိုင်ပါဘူး။ မှိုမျှင်အဆင့်သာ ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးထုတ်လုပ်သူတွေဟာ ပထမအဆင့်မှိုမျှင် Mycelium ကိုသာယူပြီး ဆေးဝါးအဖြစ်ထုတ်လုပ်ကာ ကမ္ဘာ့အနှံ့အပြားကို ဗူးရေ သိန်းသန်းချီပြီး ရောင်းချနေကြတာ ဖြစ်ပါတယ်။

အဲ့ဒါဆိုရင် ဒီ Mycelium တွေကထုတ်တဲ့ ဆေးတွေဟာ အစွမ်းသတ္တိရှိပါ့မလားလို့ မေးရင်တော့ ? ရှိတယ်ခင်ဗျ။ ဒါပေမယ့် သဘာဝအစစ်ကရတဲ့ ဆေးဝါးလောက်တော့ သတ္တိအပြည့်အဝမရနိုင်တော့ဘူးပေါ့ခင်ဗျာ။ ရာခိုင်နှုန်းအားဖြင့် သဘာဝအစစ်က 100% ပေးနိုင်တဲ့ အစွမ်းသတ္တိကို Mycelium က ထုတ်တဲ့ ဆေးဝါးက 70-75% လောက်တော့ အာနိသင် ရနိုင်ပါတယ်ခင်ဗျ။ ဒါကလည်း ရမ်းပြောတာမဟုတ်ဘဲ သုတေသနတွေကနေ ထွက်လာတဲ့ ကိန်းဂဏန်းတွေအရ ပြောနိုင်တာပါ။ သဘာဝအစစ်အတိုင်းဆို ဆေးတစ်ဗူးကို ငါးသိန်းကနေ ၁၀သိန်းလောက်ထိ တန်ဖိုးရှိနိုင်တဲ့ ဆေးတစ်ဗူးကို ၄-၅ သောင်းလောက်ဘဲပေးပြီး သဘာဝအစွမ်းသတ္တိရဲ့ 75% လောက်ကို ရရှိနိုင်တယ်ဆိုတော့လည်း တွက်ချေတော့ ကိုက်ပါတယ်။ မဆိုးလှပါဘူး။ နောက်တစ်ခုက Mycelium က ထုတ်တဲ့ဆေးက စိတ်ချရတဲ့ နိုင်ငံကြီးတွေက ထုတ်လုပ်တာဆိုရင် အတုဖြစ်ဖို့ မလွယ်ပါဘူး။ သဘာ၀ ရှီးပဒီးကတော့ သဘာ၀အကောင်နဲ့ ချွတ်စွတ်တူတဲ့ အတုတွေထွက်ပေါ်နေတာမို့ ပိုက်ဆံပေါလို့ ဝယ်နိုင်ရင်တောင်မှ သုံးစွဲရတာ အန္တရာယ်များလှပါတယ်။

အဲဒီတော့ Cordyceps (ခ) ရှီးပဒီးက ဘာတွေကောင်းတာလဲ ကြည့်ကြရအောင်။ ကမ္ဘာမှာ Cordyceps စတင်ကျော်ကြားလာခဲ့တာကတော့ ကမ္ဘာအိုလံပစ်ပွဲတော်တစ်ခုမှာ တရုတ်အားကစားသမားတွေဟာ ပြိုင်ဖက်နိုင်ငံတွေကို အပြတ်ဖြတ်ပြီး စံချိန်သစ်တွေတင်တာ များလွန်းလို့ အိုလံပစ်ကော်မတီက တားမြစ်ဆေးတွေသုံးတယ်လို့ သံသယ ဖြစ်ပြီး သွေးအဖြေယူကြည့်တော့လည်း မတွေ့ပါဘူး။ အဲ့ဒီမှာ တရုတ်အားကစားအဖွဲ့ရဲ့ ဥက္ကဌက သူ့လူတွေ သုံးစွဲတဲ့ ဆေးတစ်မျိုးတော့ ရှိပါတယ်။ အဲ့ဒါကတော့ တရုတ်တိုင်းရင်းဆေး ရှီးပဒီးပါဘဲ ဆိုပြီး Cordyceps ကို ပွဲထုတ်လိုက်ပါတော့တယ်။ Cordyceps ကတော့ တားမြစ်ဆေးမဟုတ်လို့ ပိတ်ပင်ခွင့် မရှိဘူးလေ။ အဲ့ဒီအချိန်ကစလို့ Cordyceps ဟာ ကမ္ဘာ့ဆေးထုတ်လုပ်သူများ မျက်စေ့ကျစရာ ဆေးဝါးဖြည့်စွက်စာတစ်ခုအဖြစ် ကမ္ဘာ့စာရင်းဝင် ဖြစ်လာခဲ့ရပါတယ်။ အဲ့ဒီတော့ လူလုပ် Cordyceps နဲ့ သုတေသနလုပ်ထားတာတွေကနေ ရရှိလာတဲ့ ကျန်းမာရေး အကျိုးရလဒ်တွေကို ကြည့်ကြရအောင်။

(၁) လူ့ကိုယ်ခန္ဓာရဲ့ အဓိက Organ များဖြစ်ကြတဲ့ ကျောက်ကပ် ၊ နှလုံး ၊ အဆုတ် ၊ အသည်း ၊ လိင်အင်္ဂါ များရဲ့ အင်အားကို အလွန်တိုးပွားစေတယ်။ အထူးသဖြင့် တရုတ်တိုင်းရင်းဆေးပညာအရ လူတစ်ယောက်ရဲ့ အသက်ကို ရှည်စေတဲ့ ကျောက်ကပ်အားကို အထူးကောင်းမွန်စေတယ်။ ကျောက်ကပ်ရောဂါအမျိုးမျိုးကို ကုသနိုင်တယ်။

(၂) နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပြီး နှလုံးသွေးကြောကျဉ်း လူနာများနှင့် အင်မတန် သင့်မြတ်ပါတယ်။

(၃) အသည်းကျန်းမာရေးကိုလည်း အထူးကောင်းစေကာ အသည်းဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်တယ်။ အသည်းခြောက်ရောဂါသည်များ အသည်းကင်ဆာဘက်ကို မကူးပြောင်းအောင် တားဆီးပေးထားနိုင်တယ်။

(၄) မကောင်းသော ကိုလက်စထရော LDL များကို နည်းစေပြီး ကောင်းသော ကိုလက်စထရော HDL များကို တိုးတက်များပြားစေတယ်။

(၅) အမျိုးသားများ လိင်စိတ်ဆန္ဒနည်းပါးခြင်း နှင့် လိင်စွမ်းဆောင်နိုင်မှုကျဆင်းခြင်းများကို သက်သာပျောက်ကင်းစေနိုင်တယ်

(၆) ကိုယ်ခန္ဓာအတွင် အောက်စီဂျင် သုံးစွဲမှုကို 50% အထိ လျှော့ချနိုင်တယ်။ အောက်စီဂျင် ကျဆင်းနေသူတွေအတွက် အလွန်သင့်မြတ်တယ်။

(၇) သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးနိုင်တယ်။ ဆီးချိုသမားများ နှင့် အလွန်ကိုက်ညီပါတယ်။

(၈) ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ပေးနိုင်ပြီး အမောလုံ ၊ သက်လုံ ကောင်းစေတယ်။ အားကစားသမားများ ၊ Gym ကစားသူများ သုံးစွဲရန် သင့်တော်တယ်။

(၉) ကိုယ်ခန္ဓာရဲ့ ရောဂါခုခံနိုင်မှုစွမ်းအားကို တိုးတက်စေတယ် ၊ Immune System ကို ပြီးပြည့်စုံစေနိုင်တယ်

(၁၀) ကိုယ်ခန္ဓာအတွင်း ဟော်မုန်း Balance ကို ညီမျှအောင် ထိန်းညှိပေးနိုင်တယ်။

(၁၁) ကွန်ပျူတာ ၊ ဖုန်း သုံးစွဲမှုများခြင်းကြောင့် ဓာတ်ရောင်ခြည်သင့်ခြင်းကို လျှော့ချပေးနိုင်တယ်။

(၁၂) လေးဘက်နာ ၊ ဂေါက် ၊ အဆစ်အမြစ်ရောင်ရမ်းခြင်းများကို သက်သာလျော့နည်းစေတယ်

(၁၃) ဦးနှောက်စွမ်းအားကို တိုးတက်စေပြီး မှတ်ဉာဏ်နှင့် တီထွင်ဖန်တီးနိုင်သောဉာဏ်စွမ်းအားများကို တိုးတက်စေနိုင်တယ်

(၁၄) မှန်မှန်သုံးစွဲသွားလျှင် လူ့သက်တမ်းကို ရှည်သွားနိုင်တယ်။ တရုတ်ပြည်မှာ အုပ်စိုးခဲ့တဲ့ ဘုရင်များဟာ အသက်အလွန်ရှည်ကြပါတယ်။ အဲ့လို အသက်ရှည်ကြတာဟာ ရှီးပဒီး နဲ့ ဂျင်ဆင်းကို နေ့စဉ်မှန်မှန်မှီဝဲခဲ့ကြလို့ ဖြစ်တယ်လို့ တရုတ် တိုင်းရင်းဆေးပညာရှင်များက ယုံကြည်ကြပါတယ်။


ကျွန်တော်တို့ Good Health USA ကနေ တင်သွင်းတဲ့ USA နိုင်ငံထုတ် Cordyceps ဆေးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Horbaach ကုမ္ပဏီကနေ ထုတ်လုပ်ပြီး ဆေးတောင့်တစ်တောင့်မှာ Cordyceps 600 mg ပါဝင်ပါတယ်။ (ဆေးဗူးပေါ်မှာ 1800 mg ရေးထားတာက ဆေး ၃တောင့်ရဲ့ ပါဝင်နှုန်းကို တွက်ချက်ထားတာပါ) နေ့စဉ် နံနက်တစ်ကြိမ် ၊ ည တစ်ကြိမ် ၊ တစ်နေ့လျှင် (၂)လုံးမှ (၄)လုံး အထိ သုံးစွဲနိုင်ပါတယ်။


ကုမ္ပဏီအမည် - Horbaach (USA)

ဆေးအမျိုးအစား - Cordyceps (ရှီးပဒီး) 600 mg

အရေအတွက် - 200 Capsules

Expire Date - 5/2024

ရောင်းဈေး - 47000 Ks



Ph : 09 450 330 338

Photos from Good Health USA's post 26/09/2021

Good Health USA မှ ရရှိနိုင်သော ဖြည့်စွက်စာများ
အလိုရှိသည်များကို ဖုန်းနံပါတ် 09 450 330 338 / 09 444 500 655 များတွင် မှာယူနိုင်ပြီး Message Box မှလည်း မှာယူနိုင်ပါသည်။
နယ်ဝေးများသို့လည်း Royal Deli နှင့် ကားဂိတ်များမှ ပို့ပေးနေပါသည်။
ပုံတစ်ပုံချင်းအောက်တွင် ဈေးနှုန်းနှင့် အရေအတွက်များကို ဖော်ပြထားပါသည်။

Photos from Good Health USA's post 25/09/2021

Good Health USA မှ ရရှိနိုင်သော ဖြည့်စွက်စာများ
အလိုရှိသည်များကို ဖုန်းနံပါတ် 09 450 330 338 / 09 444 500 655 များတွင် မှာယူနိုင်ပြီး Message Box မှလည်း မှာယူနိုင်ပါသည်။

နယ်ဝေးများသို့လည်း Royal Deli နှင့် ကားဂိတ်များမှ ပို့ပေးနေပါသည်။
ပုံတစ်ပုံချင်းအောက်တွင် ဈေးနှုန်းနှင့် အရေအတွက်များကို ဖော်ပြထားပါသည်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Nanthar Street
Yangon
11121