TTZ JADE Selling

TTZ JADE Selling

Share

22/12/2022
Photos from TTZ JADE Selling 's post 22/11/2022

အဓိကပန်းလေးမျိုး
-------------------
ကျောက်စိမ်းအသားထဲမှာ စွဲဝင်နေတဲ့ အဓိကပန်းလေးမျိုးရှိတယ် (အရည်ပန်း)-(ပဲပန်း) -(လန့်ပန်း(ခေါ်) ကန်ဇွန်းပန်း)-(ရှင်းပန်း) တို့ဖြစ်ပါတယ်။ထိုပန်းလေးမျိုးဟာကျောက်စိမ်းအသားတွေထဲမှာ မြင်တွေ့ရများတဲ့ ပန်းစက်လေးများဖြစ်ပါတယ်။

(ပန်းဆိုတာ ဘယ်လိုပုံစံမျိုးလဲ)

ပန်းဆိုတာဟာ ကျောက်စိမ်းအသားထဲမှာ စိမ့်ဝင်နေတဲ့ အစက်အပြောက် ကလေးများကို ခေါ်ဆိုတာဖြစ်ပါတယ်။
ကျောက်စိမ်း အတွင်းသား တွေထဲမှာ ဖြစ်တည်နေတဲ့ အရောင်အဆင်းများဟာ ပုံပန်းသဏ္ဍန် အမျိုးမျိုးရှိပါတယ်။

ထိုအထဲမှာမှ ပန်းကနုတ်ဆန်ဆန် ပြန့်ကျဲနေပြီး ထူခြားလှပတဲ့အစက်အပြောက် များကြောင့် စျေးကွက်ထဲမှာ(ပန်းစွဲ) ကျောက်စိမ်းသားများကို လူကြိုက်များကြပါတယ်။ ပန်းစွဲနေတဲ့ ကျောက်စိမ်း ဖြတ်သားတိုင်းက တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ တစ်ချို့ကျောက်စိမ်း အသားတွေထဲမှာ ပန်းတွေက နေရာအနှံမှာ ရှိသလို တစ်ချို့ကျောက်တွေမှာ အနည်းငယ် တစ်နေရာထဲမှာပဲ ရှိတတ်ကြပါတယ်။ ပန်းအစက်အပြောက် များဟာလည်း တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ တစ်ချို့ပန်းတွေက စုပြုံနေတော့ ထူပြစ်နေပြီး မလှပတော့ပါဘူး။ ပုံမှန်အနေအထား ရှိတဲ့ ပန်းစွဲ ကျောက်စိမ်းသားများကို စျေးကွက်ထဲမှာ တင်စားကြတာကတော့ (ပန်းပေါက်လှတယ်) (ပန်းစက်လေးတွေက နှမ်းဖြူးထားသလိုပဲ) စသဖြင့် ခေါ်ဆိုသုံးနှုန်းကြသလို (ပန်းကြား) ဖြတ်သား ပန်းကြား လက်ကောက် ပန်းကြားဆွဲသီး ပုတီးပန်းကြား စသဖြင့်လည်းခေါ်ဆိုကြပါတယ်။ ပြီးမှ (ခင်ဗျား ကျောက်စိမ်းဖြတ်သားက ဘာပန်းကျားတာလဲ) မေးလာရင် ကိုယ့်ကျောက်မှာစွဲနေတဲ့ပန်းက (အရည်ပန်း-ရှင်းပန်း-ပဲပန်း-ကန်ဇွန်းပန်း) စသဖြင့်ပြောရမှာဖြစ်တယ်။

(ပန်းအမည်များ၏ယေဘူယျအရောင်များမှာ)

၁။(အရည်ပန်း)
များသောအားဖြင့်အစိမ်းရောင်ပန်းစက်များ။

၂။(ရှင်းပန်း)
အမဲရောင်ပန်းစက်များ။

၃။(ပဲပန်း)
ပဲသီးစိမ်းရောင်ပန်းစက်များ။

၄။(ကန်ဇွန်းပန်း)
အပြာဖက်သန်းသော စိမ်းပုတ်ရောင်ပန်းစက်များ။
(ထူးခြားချက်)
(ပန်းစွဲနေတဲ့ အနီးအနား တစ်ဝိုက်က ကျောက်သားများ ပို၍ရင့်သည်)။ ပြချက်ဖော် (ကွဲမ်) မယ့်သူတွေအကြိုက်ပေါ့။

(ရှောင်ရန်)
ပန်းအစက်အပြောက်များ ဖြစ်တဲ့အတွက် ပန်းပုထုရင် မျက်နှာမှာ အစက်အပြောက်တွေနဲ့ မသင့်တော်သလို လှပခြင်းလည်း ရှိမှာမဟုတ်ပါဘူး။

Crd to Original Writer
#ကျောက်စိမ်းရတနာ

Photos from TTZ JADE Selling 's post 21/11/2022

ကျောက်စိမ်းနဲ့ပတ်သက်ပြီး

သင်မသိသေးတဲ့ အချက် ၅ ချက်😍

∎ တော်ဝင်ရတနာ

၃၀၀၀ ဘီစီအစောပိုင်းကာလတွေမှာ ကျောက်စိမ်းဟာ တရုတ်ပြည်မှာ Yu လို့လူသိများတဲ့ တော်ဝင်ရတနာဖြစ်ပါတယ်။ တရုတ်အင်ပါယာသမိုင်းအရှည်ကြီးတစ်လျှောက်မှာ ကျောက်စိမ်းဟာ တကယ့်ကို အထူးစပါယ်ရှယ် အရေးကြီးသော တော်ဝင်ရတနာဖြစ်ခဲ့ပါတယ်။ ဥပမာဆိုရရင် ဥရောပမှာ စိန်တို့ရွှေတို့ဟာ တကယ့်ကို ထိပ်တန်းတော်ဝင်ရတနာဖြစ်နေချိန်မှာ ကျောက်စိမ်းဟာလည်း တရုတ်ရဲ့ ထိပ်တန်းတော်ဝင်ရတနာပါ။

ကျောက်စိမ်းကို Culture တစ်ခုတည်းအတွက် အကောင်းဆုံးရတနာအဖြစ် အသုံးပြုတာတင်မဟုတ်ဘဲ တော်ဝင်မျိုးနွယ်တွေရဲ့ ထိပ်တန်းအကြီးအကဲတွေသေဆုံးတဲ့အခါ အုတ်ဂူအတွင်း ထည့်သွင်းတဲ့အရာတွေမှာလည်း အသုံးပြုပါတယ်။

∎ Imperial Jade

သင်ရှာလို့ရတဲ့ထဲက တန်ဖိုးအကြီးဆုံးဆိုတဲ့ ကျောက်စိမ်းကို Imperial Jade လို့ခေါ်ပါတယ်။ သူ့ရဲ့ Emerald Green လို့ခေါ်တဲ့အရောင်နဲ့ အလင်းဖြတ်နိုင်တဲ့အနေအထား Translucency မြင့်မားစွာပါဝင်နေလို့ပါပဲ။ သူ့ရဲ့အရောင်ဟာ နက်နက်ရှိုင်းရှိုင်းလှပနေပြီး ဒီခေတ်အခေါ်အရဆို Glow တယ်ပေါ့နော်။ ဒီ ရှားပါးတဲ့ Imperial Jade ဟာ ဈေးအရမ်းကောင်းပါတယ်။

∎ Lavender Jade

Mineral တွေပေါ်မူတည်ပြီး ကျောက်စိမ်းဟာ အစိမ်းရောင်ကိုမှ အမျိုးမျိုးကွဲပြားသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောက်စိမ်းဟာ တခြားသောအရောင်တွေနဲ့ လာပါသေးတယ်။ ပြောရရင် အဖြူ ၊ မီးခိုး ၊ အမည်း ၊ အဝါ ၊ လိမ္မော် ၊ အနီနဲ့ Lavender အရောင်တွေပဲဖြစ်ပါတယ်။ Lavender Jade ဟာ အတော်လေးရှားပါးတဲ့ ကျောက်စိမ်းအမျိုးအစားပဲဖြစ်ပါတယ်။

ဒေသအဆိုတွေအရတော့ Lavender Jade ဟာ ညင်သာတဲ့စွမ်းအားရှိတယ်လို့ပြောကြပါတယ်။ စိတ်ကိုထိန်းညှိနိုင်တယ် ၊ ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးတယ် ၊ စိတ်ကိုငြိမ်းချမ်းစေတယ် စသဖြင့်ပေါ့။

∎ ကျောက်စိမ်းဟာ စိန်ထက် တန်ဖိုးရှိသလား?

ကျောက်စိမ်းကို ကမ္ဘာပေါ်က နေရာအများမှာ ရှာတွေ့နိုင်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဆိုတဲ့ ကျောက်စိမ်းတွေကို Burma လို့ခေါ်တဲ့ မြန်မာနိုင်ငံမှာပဲ တွေ့နိုင်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ကျောက်စိမ်းဟာ Investment တစ်မျိုးဖြစ်လာပြီး ခန့်မှန်းတန်ဖိုးထက် ၁၀ဆလောက်တန်ဖိုးနဲ့ကို ရောင်းချနိုင်တာတွေရှိလာပါတယ်။ အဲ့ဒီတန်ဖိုးဟာ စိန်တန်ဖိုးထက်တောင် မြင့်ပါတယ်။

၂၀၁၄ မှာတော့ ကျောက်စိမ်း ၂၇ လုံးပါတဲ့ လည်ဆွဲကို အမေရိကန်ဒေါ်လာ ၂၇.၄၄ သန်းနဲ့ ရောင်းချခဲ့ပြီး ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။

∎ ကျောက်စိမ်းဟာ ဝတ်ဆင်ရင်း အရောင်ပြောင်းနိုင်ပါသလား

တော်တော်များများ ယုံကြည်လေ့ရှိကြတာက ( အဓိကက အရှေ့တိုင်းကလူတွေပေါ့နော် ) ကျောက်စိမ်းကို ကိုယ်နဲ့နီးနီးကပ်ကပ်ဝတ်ဆင်တဲ့အခါ အရောင်ပြောင်းလေ့ရှိပါတယ်တဲ့။

ကောင်းတဲ့လူမှာဆိုရင် ပိုပြီး အရောင်တောက်လာပြီး 🥰

မကောင်းတဲ့လူဝတ်ရင် မှိန်သွားတတ်ပါသတဲ့။

သင်ရော ဒါကိုယုံကြည်ပါသလား??
မူရင်းရေးသားသူဆရာများအားအစဥ်လေးစားလျှက်😍

Photos from TTZ JADE Selling 's post 09/11/2022

ကျောက်ကောင်း ကျောက်မြတ် ရတနာ ကို ထိုက်တဲ့သူ ဖြစ်ပါစေခင်ဗျာ

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Zaw’s A Quarter
Yangon