Progressive Mep Engineering

Progressive Mep Engineering

Share

Photos from Progressive Mep Engineering's post 02/03/2024

ဆိုဒ်မတူသော ရေတိုင်ကီများကို တွဲဖက်အသုံးပြုခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ပိုနေတဲ့ရေတိုင်ကီများကို အလဟဿ မဖြစ်ရအောင် တွဲသုံးချင်ရင်ပဲဖြစ်ဖြစ်၊ သုံးရတာ ရေမလောက်လို့ ရေတိုင်ကီထပ်ထည့်ချင်သော်လည်း တိုင်ကီအသေးလောက်ပဲ ထည့်သုံးချင်ရင်ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ရေဂါလံချင်းမတူသော ရေတိုင်ကီ နှစ်မျိုးကို တွဲဖက်အသုံးပြုလိုပါက အောက်ပါ အတိုင်း အသုံးပြုနိုင်ပါတယ်။

ဥပမာ - လီတာ (၂၀၀၀) ရေတိုင်ကီနဲ့ လီတာ (၅၀၀) ရေတိုင်ကီ နှစ်လုံးဆိုပါစို့။ ရေတင်ပန့်(Transfer pump) ကနေ ထွက်လာတဲ့ ရေတင်ပိုက်ကို ရေတိုင်ကီ အကြီးထဲသို့ အရင်ထည့်ပါ။ ရေတိုင်ကီအကြီး ရေပြည့်လို့ ရေလျှံလာရင် ထွက်လာတဲ့ ရေလျှံပိုက်(overflow pipe) ကို ရေတိုင်ကီ အသေးထဲသို့ ထည့်ပါ။

ရေတိုင်ကီ အကြီးက ရေထွက်ပိုက်နဲ့ ရေတိုင်ကီ အသေး
က ရေထွက်ပိုက်တို့ကို ဆက်သွယ်တဲ့အခါ ရေတိုင်ကီအသေးက
ထွက်လာတဲ့ ရေထွက်ပိုက်မှာ တဖက်စီးဗား (Check valve) ခံပေးရမှာပါ။ မျက်စိထဲ မြင်သာအောင် အောက်မှာ ဖော်ပြထားတဲ့ ပုံကို ကြည့်ရှုနိုင်ပါတယ်။

တိုင်ကီအသေးရဲ့ ရေအထွက်ပိုက်မှာ Check valve မထည့်ရင်တော့ ရေတိုင်ကီ အသေးနဲ့အကြီးဟာ တဆက်ထဲ ဖြစ်ပြီး တိုင်ကီ ၂လုံးဟာ ရေပြိုင်တူ ဝင်လာမှာပါ။ အဲ့လိုဆိုရင်တော့ တိုင်ကီအသေး ဟာ ရေအရင်ပြည့်သွားမှာမို့ တိုင်ကီ အကြီး ရေပြည့်အောင်အထိ သုံးလို့မရတော့ပါဘူး။

မိတ်ဆွေများ အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေခင်ဗျာ။

Photos from Progressive Mep Engineering's post 18/12/2023

𝗢𝗻𝗴𝗼𝗶𝗻𝗴 𝗣𝗿𝗼𝗷𝗲𝗰𝘁!!!

Schedule မှီအောင် လုပ်နေရတာမို့ နေပူလည်း နားနေလို့မဖြစ်၊ မိုးချုပ်လည်း အိမ်ပြန်လို့မဖြစ်ပဲ OT တွေဆင်းပီး ကြိုးစားနေကြသော 𝙋𝙈𝙀 အဖွဲ့သားများ.....😍😍😍

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No(388), Sein Pann Street, Ward (40), North Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00