IT-Solution
17/12/2021
Our Services............
📌 Windows ကျလို့ပဲဖြစ်ဖြစ် အသစ်ပြန်တင်ချင်လို့ပဲဖြစ်ဖြစ် Windows အသစ်ပြန်တင်ပေးခြင်း
📌 Windows License Key များထည့်သွင်းပေးခြင်း
📌 Virus Cleaning ပြုလုပ်ပေးခြင်း
📌 Design Software, Antivirus software, Engineering software , Printer driver များထည့်သွင်းပေးခြင်း
📌 Hardware Cleaning ပြုလုပ်ပေးခြင်း
📌 ရုံးများ ၊ POS ဆိုင်များအတွက် Networkများတပ်ဆင်ပေးခြင်း။ Network ကြိုးများပြေးပေးခြင်း
📌 ရုံးတွင်းလိုအပ်သော Computer များ Network ချိတ်ဆက်ခြင်း၊ Data Sharing , Printer Sharing များအတွက် တစ်လုံးနှင့်တစ်လုံးချိတ်ဆက်အသုံးပြုခြင်း ၊ Network, Router configuration ပြုလုပ်ပေးခြင်း
📌 ရုံး ၊ စက်ရုံများသို့ တစ်လ ၃ ကြိမ် ကွန်ပျူတာ၊ Network ၊printer နှင့် IT ဝန်ဆောင်မှုများလာရောက်စစ်ဆေးပေးခြင်း
Computer နှင့်ပါတ်သတ်သော software / hardware errors များ၊ နည်းပညာအခက်အခဲများနှင့် ပါတ်သတ်ပီးသိလိုသမျှအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါပြီ ။
✅ ရုံး/အိမ်တိုင်ရာရောက် IT Service ဝန်ဆောင်မှုအပြင် Online မှတဆင့်ဝန်ဆောင်မှုများလဲပေးပါသည် ✅
📲09254772261
-Solution
30/11/2021
Hidden File များ ဖော်ကြည့်နည်း
Window မှာ Virus ကြောင့်ဖြစ်စေ Hidden ဖြစ်နေသော File များ၊
Memory စတစ်မှာ မိမိိ data များ ပျောက်နေပြီး Stick ကို Properties ခေါ်ကြည့်သောအခါ Size များ ပြ နေလျှင်အာက်ပါ နည်းလမ်းအတိုင်း မိမိ File များကို ပြန်လည်ရယူနိုုင်ပါသည်။
Window+R > Control ကိုနှိပ်ပါ။
အဲထဲမှ
File explorer option > အပေါ် Menu bar မှ View ကို ကလစ်ပါ။ အဲထဲမှာ
1.Show hidden file,folders and Drive ကို ေရွးပါ။ အာဆိုရင်ေတာ့ သာမှန် hidden ဖြစ်နေသာ ဖိုင်များကိုမြင် ေတွ့ရပါ ပြီ။
2.Hide Empty Drive ( Uncheck လုပ်ပေးရပါမည်)
3 Hide extension for know files type (မိမိ file ကဘာ file အမျိုးအစားလည်းဆိုတာ အလွယ်တကူသိနိုင်မှာပါ Eg . excel fileဆို နောက်ဆုံးမှာ .xlsx ၊ word ဖိုင်ဆို .docx , .pdf, .jpej စသဖြင့် File အား လုံးမှာ file typeရှိကြပြီး မြင်ယုံဖြင့်ဘာဖိုင်ဆိုတာအလွယ်တကူ သိနိုင်ပါသည်။)
4.Hide protected operation system file( Recommended) (virus က hidden system file ပုံစံမျိုးပြောင်းပစ်တက်ပါသည်။ အဲအချိန်မျိုးမှာ Hidden file တွေကြည့်ချင်လို့ပဲဖြစ်ဖြစ် ,Hidden system file တွေကြည်ချင်ရင်ဖြစ်ဖြစ် unckeck လုပ်ဖိုလိုပါတယ် Note- uncheck လုပ်ထား ရင်တော့ daskstop ပေါ် နှင့် Data –C/D ထဲမှာ -$ or $ နဲ့ file /folder တွေေပါ်ေန ပါလိမ့်မည်။ အမြင်မရှုပ်ချင်ရင်ေတာ့check (hide)လုပ်ထားဖို့လိုပါလိမ့်မည်။
Computer နှင့်ပါတ်သတ်သော software/hardware errors များ နည်းပညာအခက်အခဲများနှင့်ပါတ်သတ်ပြီးသိလိုသမျှအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါပြီ။
-solution
13/10/2021
Windows Update
-------------------------------------------
ဒီနေ့တော့ မိမိတို့ Computer တွေရဲ့နောက်ကွယ်ကနေ run နေတဲ့ windows update မိပီး Computer က restart အကြာကြီးဖြစ်နေတာမျိုး နဲ့ ဖုန်းကနေ Hostpot လွင့်ပီး wifi သုံးကြတဲ့သူတွေအတွက် internet bill သက်သာစေဖို့အတွက်ရည်ရွယ်ပီး Windows update ပိတ်နည်းကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်..
Windows Update ပိတ်ဖို့အတွက် run box ကနေ services.msc ကိုသွားပေးပါ..ပေါ်လာတဲ့ services box ထဲမှာ windows update ဆိုတာကိုရှာပီး ၂ ချက်နှိပ်လိုက်ပါ..ပေါ်လာတဲ့ box ထဲက startup type မှာ Manual ကို Disable လုပ်ပီး Apply , Ok နိပ်ပါ..ပီးရင် runbox ထဲမှာ gpedit.msc လို့ထပ်ရိုက်ပါ..ပေါ်လာတဲ့ box ထဲမှာ Administrative Templates ကိုနှိပ်ပီး ညာဖက်ခြမ်းက Windows Components ကို ၂ ချက်ထပ်နှိပ်ပါ..Windows Update Folder ကိုရှာပီး ၂ ချက်ထပ်နှိပ်ပါ..Configure Automatic Updates ကိုရှာပီး ၂ ချက်ထပ်နှိပ်ပါ..Disable ကိုရွေးပီး Apply , OK ထပ်နှိပ်ပါ.. ဒါဆိုရင်တော့ Windows Update ပိတ်ပီးသွားပြီဖြစ်ပါတယ်..
ဒီနည်းလမ်းကိုအသုံးပြုပီး Windows Update မလုပ်ချင်တဲ့ user တွေအတွက် မိမိကွန်ပျူတာမှာ Windows Update ကိုအလွယ်တကူပိတ်ထားလို့ရပါပြီ..
Computer နှင့်ပါတ်သတ်သော software/hardware errors များ နည်းပညာအခက်အခဲများနှင့်ပါတ်သတ်ပြီးသိလိုသမျှအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါပြီ..
12/10/2021
How to shrink windows partition easily?
-------------------------------------
ဒီနေ့တော့မိမိတို့ကွန်ပျူတာမှာပါတဲ့ partition တွေကို အလွယ်တကူ နောက်ထပ် partition ထပ်ခွဲနည်းကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်..
အရင်ဦးဆုံး run box ကနေ diskmgmt.msc ကိုသွားပေးပါ..ပီးရင် partition ထပ်ခွဲလိုသော drive ပေါ် Right click ထောက်ပီး Shrink volume ကိုနှိပ်ပေးပါ..Enter the amount of space to shrink in MB မှာ Drive ရဲ့ ကျန်ရှိနေသေးသော space ကို MB အနေနဲ့ပြထားပေးမှာပါ..မိမိထပ်ခွဲလိုသော partition space ကို တွက်ချက်ပီး ထိုနေရာတွင်ရိုက်ထည့်ပေးရပါမည်..ဥပမာ - 50 GB နီးပါးလောက် ထပ်ခွဲခြင်လျင် 50,000 MB လို့ရိုက်ထည့်ပေးရပါမယ်..(50,000 ÷ 1024 = 48 GB )..ပီးလျင် shrink ကိုနှိပ်လိုက်ပါ..ပီးလျင် unlocated ဖြစ်နေသော 48 GB Partition ကို Right click ထောက်ပီး New simple volume ထပ်နှိပ်ပေးရပါမယ်..ပီးလျင် Next ထပ်နှိပ်သွားပီး Finish လုပ်ပေးလိုက်လျင် Partition အသစ်တစ်ခုခွဲပီးသားဖြစ်သွားပါပြီ..
Partition ခွဲပီးသားကိုပြန်ပေါင်းချင်လျင်တော့ diskmgmt.msc ကနေပဲ ထိုခွဲထားသော partition ပေါ် right click ထောက်ပီး delete volume နှိပ်လိုက်ပါ..(Drive ထဲမှာရှိနေသော Data တွေကိုတော့အရင်ဆုံး နေရာရွှေ့ထားဖို့လိုပါမယ်) ပီးလျင် Right click ထပ်ထောက်ပီး delete partition လုပ်ပေးပါ..ပီးလျင် ပြန်ပေါင်းထည့်ချင်သော partition ပေါ် right click နှိပ်ပီး extend volume နှိပ်ပါ..Next ထပ်နှိပ်သွားပီးလျင် ခုနကဖျက်လိုက်သော 50, 000 MB ကိုတွေ့လျင် select လုပ်ပီး Next , Finish လုပ်လိုက်လျင် partition ပြန်ပေါင်းပီးသားဖြစ်သွားပါပြီ..
ဒီနည်းလမ်းကိုအသုံးချပီး မိမိ Harddisk ကို စိတ်ကြိုက် partition များအလွယ်တကူ ခွဲလို့ / ပြန်ပေါင်းလို့ ရပါပြီခဗျာ.
Computer နှင့်ပါတ်သတ်သော software/hardware errors များ နည်းပညာအခက်အခဲများနှင့်ပါတ်သတ်ပြီးသိလိုသမျှအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါပြီ..
24/09/2021
Computer Files Cleaning
————————————————————-------
မိမိတို့ Computer ကသုံးနေရင်းလေးလာလို့ပဲဖြစ်ဖြစ် ..Computer ကမလိုအပ်တဲ့ Files တွေကိုဖျက်ချင်တာပဲဖြစ်ဖြစ်အသုံးတည့်စေမယ့် နည်းလမ်း (၅) မျိုးကို ဗဟုသုတအနေနဲ့မျှဝေပေးချင်ပါတယ် ..Software တွေသုံးစရာမလိုပဲ ရှင်းထုတ်ပစ်မှာဖြစ်လို့ လွယ်ကူရိုးရှင်းပါတယ်.
၁. Computer ရဲ့ Keyboard က Windows ခလုတ်နဲ့ r ကိုတွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ prefetch လို့ရိုက်ပီး Enter နှိပ်ပေးပါ. ပီးရင် Continue ခလုတ်ကိုဆက်နှိပ်ပေးပါ.ဒါဆို Files တွေအများကြီးပေါ်လာတာကိုမြင်ရမှာပါ..Files အကုန်လုံးကို select all လုပ်ပီး Shift+ Del နှင့်ဖျက်လိုက်ပါ..ဖျက်တဲ့အချိန်မှာလက်ရှိအသုံးပြုနေရတဲ့ Files တွေရှိရင်တော့ Try Again လို့ပေါ်လာပါလိမ့်မယ်.. ဒါဆိုရင် Skip ကိုနှိပ်ပေးရပါမယ်.ဒါဆိုရင်တော့ Computer ကမလိုအပ်တဲ့ Files တွေကိုဖျက်လိုက်ပီပဲဖြစ်ပါတယ်
၂. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး cleanmgr လို့ရိုက်ပီး Enter နှိပ်ပေးပါ..Local Disk C ဆိုပီးပေါ်လာပါလိမ့်မယ်.. Windows ထဲကမလိုအပ်တဲ့ Files တွေကိုရှင်းမှာဖြစ်လို့ Local Disk C ကိုပဲရွေးထားပီး Ok ဆက်နှိပ်ပေးပါ..Box တစ်ခုထပ်ပေါ်လာလျင် Clean up system files ဆိုတာလေးနှိပ်ပေးရပါမယ်..ပီးလျင် Local Disk C ဆိုတာထပ်ပေါ်လာလျင် Ok ပဲထပ်နှိပ်ပေးပါ..System ထဲကမလိုအပ်တဲ့ Files တွေရှင်းနေတာဖြစ်လို့ခနလောက်စောင့်ပေးရပါမယ်..ပီးသွားရင်တော့ box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်.. Ok ကိုထပ်နှိပ်ပေးရပါမယ်..Delete Files ဆိုတဲ့စာလေးပေါ်လာလျင် ထပ်နှိပ်ပေးရပါမယ်..ဒါဆို ထပ်ပီး Delete လုပ်နေတာကိုတွေ့ရမှာပါ..မိမိ Computer ရဲ့ Files အနည်းအများပေါ်မူတည်ပီးအချိန်ခနတော့စောင့်ပေးရပါလိမ့်မယ်..
၃. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ Temp ကိုရိုက်ထည့်ပေးပီး Enter နှိပ်ပေးပါ..ပေါ်လာတဲ့ Files တွေအကုန်လုံးကို Select all နှိပ်ပီး Shift+del နှင့်ဖျက်ပေးပါ..လက်ရှိအသုံးပြုနေရတဲ့ files တွေပါရင်တော့ skip ကိုနှိပ်ပီးကျော်သွားပေးပါ.
၄. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ %Temp% ကိုရိုက်ထည့်ပေးပီး Enter နှိပ်ပေးပါ.. ပေါ်လာတဲ့ Files တွေအကုန်လုံးကို Select all နှိပ်ပီး Shift+del နှင့်ဖျက်ပေးပါ..လက်ရှိအသုံးပြုနေရတဲ့ files တွေပါရင်တော့ skip ကိုနှိပ်ပီးကျော်သွားပေးပါ.
၅. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ recent ကိုရိုက်ထည့်ပေးပီး Enter နှိပ်ပေးပါ.. ပေါ်လာတဲ့ Files တွေအကုန်လုံးကို Select all နှိပ်ပီး Shift+del နှင့်ဖျက်ပေးပါ..လက်ရှိအသုံးပြုနေရတဲ့ files တွေပါရင်တော့ skip ကိုနှိပ်ပီးကျော်သွားပေးပါ.
ဒီ ၅ ချက်ကိုပြုလုပ်ပီးပီဆိုလျင် မိမိ Computer ကို Restart ချပေးပါ..တစ်ပါတ်တစ်ခါလောက်ဖြစ်ဖြစ်အသုံးပြုပေးခြင်းက မိမိ computer လေးနေတာကိုလျော့ကျစေမှာပါ..
**Computer/Printer/Network/PC Games များနှငိ့ပါတ်သတ်၍အသေးစိတ်သိရှိလိုပါကစုံစမ်းမေးမြန်းနိုင်ပါပီ**
-Solution
Click here to claim your Sponsored Listing.
Category
Website
Address
No. 38(A), Thri Street , Hlaing Tsp
Yangon
11051