MM Spring Revolution21

MM Spring Revolution21

Share

25/08/2024

ဈေးကြီးမီးလောင်နေတာကိုမြင်တော့...ဪ ဈေးကြီးမီးလောင်နေတာကိုး လို့ တွေးလိုက်ပြီး...
ခဏအကြာပြန်ချောင်းကြည့်မိတယ်။
ဪ ဈေးကြီးမီးလောင်နေတာ,မငြိမ်းသေးဘူးကိုးလို့, ထပ်တွေးတယ်။ အေးဆေးပါပဲ...?

ဒါနဲ့ ....ကျောင်းအောက်ဆင်းလိုက်တာ!
ငါ့ဖိနပ်ကပျောက်နေသကိုး။

ပြာပြီ ။

ဘာလို့ ဈေးကြီးမီးလောင်တာကို အေး‌ဆေးနေနိုင်ပြီး
ဖိနပ်ကလေးပျောက်ကာမှ ပြာနေသတုန်း ဆိုတော့ ...
" ငါ " ပါလာပြီကိုး။

#ကိုယ့်အသိုက်မထိ_မပြိုသရွေ့_ငါစွဲအတ္တနဲ့မငိုတတ်တဲ့ငှက်တွေထဲကိုယ်မပါစေနဲ့

Paing Soethu

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon