Su Dana Pyae
17/04/2024
I can"t wait
အကြံဉာဏ်ဖြင့် ကြီးပွားရေး // ရွှေဥဒေါင်း
အနှစ်ချုပ်
(၁) ပြင်းပြတဲ့ ဆန္ဒရှိပါ
အောင်မြင်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိရပါမယ်။ ဝေလေလေ သူများပြောလို့ လိုက်ပြောတာမျိုး မဟုတ်ပဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ရဲရဲတောက် အောင်မြင်ချင်စိတ်တွေ ပြင်းပြနေရပါမယ်။
အောင်မြင်ဖို့ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို သေသေချာချာ တိတိကျကျ သိရပါမယ်။ ဥပမာ ချမ်းသာချင်တယ် ဆိုပါစို့။ ငွေဘယ်လောက် ချမ်းသာချင်တယ်၊ ဘယ်အချိန်အတောအတွင်းမှာ ချမ်းသာချင်တယ် စသဖြင့် အသေးစိတ် သတ်မှတ်ထားရပါမယ်။
(၂) ယုံကြည်မှု ရှိပါ
အောင်မြင်လာတဲ့လူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိကြပါတယ်။ မဆုတ်မနစ် ယုံကြည်မှုအပြည့်နဲ့ ကြိုးစားအားထုတ် ရှေ့ဆက်လျှောက်ကြပါတယ်။
(၃) အထုံပါအောင် နှလုံးသွင်းပါ
ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မသိစိတ်ထဲထိ အထုံပါအောင် ထပ်တလဲလဲ နေ့တိုင်း ပွားများ နှလုံးသွင်းရပါမယ်။ မသိစိတ်ထဲထိ အရိုးစွဲသွားပြီဆိုရင်တော့ ပန်းတိုင်ကို ဦးတည်တဲ့ လုပ်ငန်းတွေကို အလိုလို တွေးမိ လုပ်မိသွားပါတယ်။
(၄) ပညာရှင် ဖြစ်အောင်လုပ်ပါ
တိုးတက်ကြီးပွားဖို့ အတွက် နယ်ပယ် တစ်ခုခုမှာ ပညာရှင်အဆင့်ဖြစ်နေဖို့ လိုပါတယ်။ ပညာရှင် ဖြစ်တယ်ဆိုတာ တက္ကသိုလ်က ဘွဲ့ရတာကိုမှ ဆိုလိုတာ မဟုတ်ပါဘူး။ ဘွဲ့မရ ကျောင်းမပြီးလည်း ကိုယ် အသက်မွေးတဲ့ နယ်ပယ်မှာ အထွဋ်အထိပ်ရောက်အောင် ကျွမ်းကျင်နေရင် တိုးတက်ကြီးပွားနိုင်ပါတယ်။
(၅) စိတ်ကူးဉာဏ် ကွန့်မြူးပါ
အလုပ်လုပ်ရာမှာ သမားရိုးကျ လမ်းအို မလိုက်ပဲ အသစ်ထွင်တာမျိုး၊ ဖက်စပ်တီထွင်တာမျိုးတွေ လုပ်နိုင်ဖို့ စိတ်ကူးဉာဏ်ကို ကွန့်မြူး အသုံးချ တတ်ဖို့ လိုပါတယ်။
(၆) အသေးစိတ် စီမံချက် ဆွဲပါ
ပန်းတိုင်ရောက်ဖို့ အောင်မြင်ဖို့ ဘယ်လိုကြိုးစားမယ်ဆိုတာကိုလည်း အသေးစိတ် တစ်ဆင့်ချင်း ကြိုတင် စဥ်းစားထားပြီး စီမံချက် ဆွဲ ထားဖို့ လိုပါမယ်။
(၇) ဆုံးဖြတ်ချက် ခိုင်မာပါ
အောင်မြင်တဲ့သူတွေဟာ ဆုံးဖြတ်ချက်ကို မတွန့်မဆုတ် လျင်လျင်မြန်မြန် ချတတ်ပြီး ချပြီးသား ဆုံးဖြတ်ချက် ကို ပြန်ပြင်ဖို့တော့ ကြန့်ကြာတတ်ပါတယ်။ ဘယ်သူ ဘာပြောပြော ချထားတဲ့ ဆုံးဖြတ်ချက်အတိုင်း ပန်းတိုင် ရောက်တဲ့ အထိ သတ္တိရှိရှိ လျှောက်လှမ်းကြပါတယ်။
(၈) ဇွဲကောင်းပါ
ရည်မှန်းချက်အတွက် ပြင်းပြတဲ့ ဆန္ဒ၊ အသေးစိတ် စီမံချက်တွေ ရေးဆွဲပြီးပြီဆိုတာနဲ့ အဆိုးမြင် မကောင်းပြော ဘေးထိုင် ဘုတောနေတဲ့သူတွေကို စိတ်ထဲမထည့်ပဲ ကိုယ့်အပေါ် ယုံကြည်ကိုးစား အားထားသူတွေအတွက် ဇွဲကောင်းကောင်းနဲ့ အရှုံးမပေး အားမလျှော့ပဲ ကြိုးစားရမှာပါ။
(၉) လူတော်များနှင့် အသင်းဖွဲ့ပါ
ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့ စိတ်တူကိုယ်တူ လူတော်တွေနဲ့ အသင်းဖွဲ့ပြီး အကောင်အထည်ဖော်ရပါမယ်။
(၁၀) လိင်စိတ်စွမ်းအားကို အသွင်ပြောင်း အသုံးချပါ
လိင်စိတ်ရဲ့ ပြင်းပြတဲ့စွမ်းအားတွေကနေ တစ်ဆင့် စိတ်ကူးဉာဏ်၊ တီထွင်ဉာဏ်၊ အနုပညာဉာဏ်၊ သတ္တိ၊ စိတ်စွမ်းအား၊ ဇွဲ တွေရအောင် စွမ်းအင် အသွင်ပြောင်းပြီး အောင်မြင်အောင် ကြိုးစားလို့ ရပါတယ်။
နားလည်လွယ်အောင် ဥပမာပေးရရင် ကိုယ် ဘောလုံးကန်နေတုန်း ကိုယ်တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်မလေးက လာအားပေးတာကို တွေ့တဲ့အခါ ခြေစွမ်းပြချင်စိတ်တွေ ပေါ်လာတာ၊ ဘယ်ကနေဘယ်လိုရမှန်းမသိတဲ့ အားအင်တွေနဲ့ သက်လုံပိုကောင်း၊ စွမ်းဆောင်ရည်ပိုကောင်းလာကြတာမျိုးပါ။ နောက်ပြီး အချစ်နဲ့.တွေ့တဲ့အခါတို့၊ အသည်းကွဲတဲ့အခါတို့ မှာ သီချင်းကောင်းလတွေ ရေးနိုင်ကြတဲ့ တေးရေးသမားတွေလည်း ဒီထဲမှာ အကျုံးဝင်မယ် ထင်ပါတယ်။
(၁၁) မသိစိတ် နဲ့ သိစိတ် ဦးနှောက်ကို လေ့ကျင့် ထိန်းချုပ်ပါ
မသိစိတ်ထဲမှာ ရှိနေတတ်တဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေဖြစ်တဲ့ သံသယစိတ်၊ ကြောက်စိတ်၊ မနာလိုစိတ်၊ အမုန်းတရား၊ လက်စားချေချင်စိတ်၊ မတော်လောဘစိတ်၊ အယူသီးစိတ်၊ ဒေါသစိတ် တွေကို သတိနဲ့ဖယ်ရှားပြီး ကောင်းတဲ့ စိတ် ခံစားမှုတွေဖြစ်တဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်၊ ချစ်ခြင်း မေတ္တာစိတ်၊ စိတ်အားထက်သန်မှု၊ မျှော်လင့်ချက်နဲ့ ဆန္ဒပြင်းပြမှု စတဲ့ စိတ်တွေကို မသိစိတ်ထဲထိ အထုံပါအောင် မွေးမြူ ထိန်းကြောင်းရပါမယ်။
မသိစိတ်ထဲက ထွက်ပေါ်လာတဲ့ စိတ်ခံစားမှု စွမ်းအင်တွေဟာ သိစိတ် ဦးနှောက်ကို မောင်းနှင်ဖို့ လောင်စာတွေဖြစ်တာကြောင့် သတိပြု ဆင်ခြင်ဖို့ အရေးကြီးပါတယ်။
(၁၂) ဆဋ္ဌမအာရုံ မနောဓာတ် ကို မြှင့်တင်ပါ
ဆုံးဖြတ်ချက် မခိုင်မာမှု၊ သံသယစိတ်နဲ့ အကြောက်တရားတွေကို ဖြေဖျောက်ပြီး ရှေ့မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ အကျိုးအပြစ်တွေကို အမြင်ကြည်ကြည်နဲ့ ဓမ္မဓိဌာန်ကျကျ မြင်နိုင်အောင် သမာဓိအားကောင်း လာအောင် တရားထိုင်သင့်ပါတယ်။ သမာဓိအားကောင်းတာ၊ မနောဓာတ် ဆဋ္ဌမအာရုံ နဲ့ အန္တရာယ်ကို ကြိုတွေး ကြိုရှောင်နိုင်တာဟာလည်း အောင်မြင်တဲ့သူတွေရဲ့ စွမ်းပကား တစ်ခုပါပဲ။
SPIRITUAL WISDOM
LEVEL 1: THE THOUGHT 💭
"What you think you attract."
Thought is the first level through which the power of attraction is exercised. This power originates due to the electrical field of the brain. A prolonged thought for a certain period of time tends to become reality, for example, people who normally think of negative things attract negative situations into their lives.
It also applies to the positive pole as long as there is no other level of attraction that is against it, for example there are people who think about money all day and still do not attract it. They do not attract it because they think of money and feel scarcity for not having it.
LEVEL 2: THE DECREE 🗣
"What you speak you attract".
The decree is the second level of attraction and has much greater power than thought.
With the decree, the emitted sound energy is heard by all the cells of the body, which means that a much larger percentage of you is now working in your favor.
If you visualize abundance for your life but you always talk about crisis, lack, scarcity, the reality is that what you talk about will attract into your life, even if it is a complaint.
LEVEL 3: THE EMOTION🌟
"What you feel you attract"
Level three of attraction is that of emotion. Every time you feel an emotion you are sending a magnetic signal to the universe.
Emotion added to the decree or thought is more effective in creating your reality in less time.
LEVEL 4: THE VIBRATION ✨♾
"What you vibrate you attract"
Level four attraction is vibration. When you reach the point of vibration you attract more of that same frequency into your life. You vibrate in love and attract more love by manifesting better relationships.
When you have reached the point of vibration, you have manifested what is called a state of Being, the level of attraction at its best.
LEVEL 5: FLOW🍃
“Let all energy flow
Level 5 attraction is flow.
When human life comes your way, remember that everything happens for a reason. Let it flow. Give to the universe and ask for guidance from your higher self.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ward 4 „ Zawtika Street
Yangon
19