Ishare Vision Optical
22/08/2020
Page နဲ့တော့မဆိုင် ကြိုက်လို့ sharing လုပ်တာပါ။
စီးပွားရေး သမားတိုင်း ဖတ်သင့်တယ်
ကြက်နဲ့ နွား
တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ယောက် ရှိကြသတဲ့။
သားသမီးလည်းမရှိပဲ၂ယောက်တည်း နေကြရတယ်။
တနေ့တော့ အဖိုးကြီးက အသည်းအသန်ဖြစ်ပြီး သေခါနီး ကယောင်ကတမ်းနဲ့ အဖွားကြီးကို မှာသတဲ့။
" ငါ အရင်ကဘာကုသိုလ်ကောင်းမှုမှလည်း မလုပ်ခဲ့ဘူး မိန်းမရေ။ ငါသေရင် ဘဝကူးကောင်းအောင် အိမ်ကနွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီးလှူ။ တဝက်ကို နင်လုပ်ကိုင်စားသောက်ဖို့ ယူ" တဲ့ ။
အဖွားကြီးကလည်းမျက်ရည်စက်လက်နဲ့ ကတိပေးလိုက်မိတယ်။
အဖိုးကြီးသေပြီး၂ရက်လောက်နေတော့ အဖွားကြီး ကပ်စေးနဲစိတ်ပြန်ဝင်လာတယ်။
"ဒီနွားလေးပဲငှားစားနေရတာ၊ရောင်းပြီး တဝက်လှူလိုက်ရင် ငါ့နှယ်ဒုက္ခ။" ဆိုပြီး အကြံထုတ်နေရှာတယ်။ ကတိကိုလည်း မဖျက်ချင်ဘူး။ ဒါနဲ့ နောက်နေ့ အိမ်ရှေ့မှာ ကြက်နဲ့ နွား ပူးချည်ထားပြီး ဆိုင်းဘုတ်ရေးတယ်။
" နွားရောင်းမည်။ ၂၀၀၀ ကျပ်
ကြက်ရောင်းမည်။ ၂သိန်းကျပ်
မှတ်ချက်။ ။ ခွဲမရောင်းပါ" တဲ့
(ဈေးပြောင်းပြန်ကြီးမို့)
လူတွေကလည်းအထူးအဆန်းဆိုပြီး လာကြည့်ကြတယ်။ အဲ့ဒီထဲကကြိုက်တဲ့သူတယောက် ဝယ်သွားတယ်လေ။ ရက်လည်ကျတော့ နွားရောင်းလို့ရငွေ ၂၀၀၀ ထဲက တဝက်ခွဲ ၁၀၀၀ ကိုဆန်ပြုတ်ချက်ပြီး ဘုန်းကြီးလှူလိုက်တယ်။ ကြက်ရောင်းတဲ့ ပိုက်ဆံ၂သိန်းနဲ့ နွားပေါက်တကောင်ပြန်ဝယ်လိုက်တယ်။
ကတိမပျက်ဘူး!!!!
ငယ်ငယ်ကတော့ ကာတွန်းထဲ ဖတ်မိလို့ ရယ်စရာအဖြစ်သာ ပေါ့ပေါ့ပါးပါး မှတ်ယူထားမိလိုက်ပါတယ်။ စီးပွားရေးလုပ်လာတော့ ဒါက တကယ့်ကို မဟာဗျူဟာကျတဲ့ အခင်းအကျင်းကြီးတစ်ခုလို့ ကွက်ကွက်ကွင်းကွင်း မြင်လာမိပါပြီ။
လူတွေကို ဈေးရောင်းတဲ့အခါ လူ့စိတ် လူ့မနောကို အခြေခံကျကျ သိထားမှ အရောင်းသွက်တာ။
အဘွားကြီးလုပ်ပုံကိုကြည့်
၁။ ကတိမပ်က္ဘူး
၂။ အများစိတ်ဝင်စားတယ်
၃။ ဝယ်သူလည်း မနစ်နာ ဒီ၃ချက် ကိုက်ညီတယ်။
နွားတကောင် ၂သိန်းဆိုလည်း ပေါက်ဈေးနဲ့ တန်တယ်ထင်ရင် ဝယ်မှာပါပဲ။ ဒါပေမယ့် ၁သိန်းပြန်လှူရမယ့်ကတိ မဖျက်ချင်။ ဒီတော့ ကြက်ကို ဂျမ်းတုံးခုလိုက်တာ။
ဆိုပါတော့
လမ်းဘေးမှာ ခေါက်ဆွဲကြော်တပွဲ ၁၅၀၀ဆို အတော်လက်ရာကောင်းကောင်းရယ်။
အဲကွန်းခန်းတွေ သပ်သပ်ရပ်ရပ် စားပွဲထိုးတွေ အခန်းအပြင်အဆင် ကြီးကြီးကျယ်ကျယ်တွေ ၃၅၀၀ဖိုး ထပ်ပေါင်းပြီး ၅၀၀၀ကျပ်နဲ့ ရောင်းတော့လည်း လမ်းဘေးဆိုင်ထက်တောင် ပိုစည်သေး။
ခေါက်ဆွဲကြော် ၄၀၀၀ Service Chg ၁၀၀၀ ခွဲမရောင်းပါ ဆိုတဲ့သဘော။ ဒါပေမယ့် တန်ဖိုးသတ်မှတ်ချက် ပြောင်းပြန်ဆိုတာ မသိရှာကြ။ ကောင်းကောင်းစားရတာ တန်ပါတယ်လေ။
ဆိုပါတော့
ဖုန်းတစ်လုံး ၁သိန်းခွဲ
ဂိုထောင်ထဲက ရောင်းမကုန်တဲ့ Power Bank, Stand, ကာဗာ, မှန်မကွဲ, နားကြပ်, ဆောင်းဘောက် ၁၅၀၀၀ဖိုးလောက် ထပ်ပေါင်းထည့်။ ၁၆၅၀၀၀နဲ့ရောင်း။
ဒါလည်း အဘွားကြီးနည်းပဲ။
ထပ်ကွန့်လိုက်သေး။ ယခင်ဈေး ၂သိန်း။ ယခု ...% အထူးပရိုမိုးရှင်း ဒစ်စကောင့် ၁၆၅၀၀၀။ ပိုကြိုက်ပေါ့။
ဆိုပါတော့
ပစ္စည်းလေး ၁၀မျိုး ၁၅မျိုးလောက်ပဲရောင်းတဲ့ အွန်လိုင်းစတိုးက ၁သောင်းတန်ကို ၁၅၀၀၀ရောင်းတယ်။ ဘယ်ကမှာမှာ ပို့ခ Free ငွေကြိုလွှဲစရာမလို ဆိုတော့ကာ ပုံသေတွက်မရတဲ့ ပို့ခကို ပျမ်းမျှ ၅၀၀၀တွက်ပြီး ပိုပေါင်းထားတာ။ ပို့ခအများဆုံးကျမယ့် ကော့သောင်းက မှာမယ်။ စာတိုက်စနစ်နဲ့ပို့ရင် ပို့ခ ၃၅၀၀။ မရွေးလို့ ပြန်လာရင် Return Fee ၂ထောင်ကျော်။ ၅၀၀ရှုံးသေးတာ။ ဒါပေမယ့် နီးနီးနားနား ပို့ရရင် ကိုက်တယ်။ ကော့သောင်းလည်း ရွေးယူရင် ကိုက်သေးတယ်။
အတော်များများက ပစ္စည်း ၁၀၀၀၀+ ပို့ခ ၅၀၀၀ (ခွဲမရောင်းပါ/ ဆိုင်လာဝယ်လို့မရပါ) ဆိုတဲ့ သဘောတရားကိုမမြင်။ ကိုယ့်အရပ်ဒေသမှာ လိုက်ရှာဝယ်လို့ ဆီကုန် တာယာပါး ဖိနပ်ပေါက်မယ်။ ရှာတွေ့ချင်မှတွေ့မယ်။ ဆိုတဲ့အတွေးနဲ့ တန်တယ်ပေါ့။
ခက်တာက ပစ္စည်းဖိုးသပ်သပ် ပို့ခသပ်သပ် ခွဲရောင်းတဲ့ဆိုင်ကျတော့ ပို့ခ ၃၅၀၀ဆိုရင် အင်သွား နင်သွားတယ်။ အဘွားကြီးနည်းက အိုင်တီခေတ်ထိ သက်ဝင်နေတုန်းပါပဲ။ (ကျနော်တို့ဆိုင်ကတော့ အဘွားကြီးနည်းကို လုပ်ငန်းထဲ ထည့်မသုံးမိလို့ ကော့သောင်း၊ ကလေး၊ စစ်တွေ၊ တာချီလိတ်တို့က ကာစတန်မာတွေ မဝယ်ကြတော့တာများပါတယ်။ သို့သော် အခြားနမယ်တခုနဲ့ အဘွားကြီးနည်းကို သုံးထားတော့ အဲ့ဘက်ပြန်ရောက်လာကြပါတယ်။ စကားချပ် )
ဆိုပါတော့
သင်္ဘောကြီးတစ်စင်း ပင်လယ်ထဲမှာ ပျက်နေတာ ၃ရက်ကျော်ပြီ။ ပါလာတဲ့ အင်ဂျင်နီယာကြီးတွေ ဘယ်လိုပြင်ပြင် စက်မနိုး။ ငါးဖမ်းစက်လှေလေးတွေ့လို့ လှမ်းခေါ် အကူအညီတောင်းကြည့်တယ်။ ပေတိပေစုတ် အဖိုးကြီးတယောက် တက်လာပြီး အင်ဂျင်ကိုကြည့်တယ်။ ပြီးတော့ ဂွလေးနဲ့ ၂ချက် ၃ချက် ကျပ်လိုက်တယ်။ စက်နိုးသွားတယ်။ ကပ္ပတိန်က ပြင်ခ ဥာဏ်ပူဇော်ခ ဘယ်လောက်ပေးရမလဲ ဆိုတော့ 205$ တောင်းတယ်။ ဂွလေးကျပ်တာ အဲ့လောက်တန်လို့လား ဆိုတဲ့အထာနဲ့ ပြောတော့ ဂွကျပ်ခက 5$ ဘယ်နားကျပ်ရမယ်ဆိုတာ သိနိုင်တဲ့ပညာအတွက် 200$ တဲ့။ သိပ်ဘဝင်မကျချင်။ တကယ်ဆို မဆီမဆိုင် နော်ဇယ်တွေဖြုတ်ဆေး၊ ပလန်ချာလဲ၊ အင်ဂျင်ဝိုင်လဲ အားလုံးကျသင့်ငွေတွက်ပြီးမှ 203$ပဲယူ။ + Service Chg 2$ ဆိုရင် သိပ်သဘောကျသွားမှာ။ ဘယ်လိုပေးရပေးရ စက်ကောင်းသွားဖို့ အဓိကပဲ ဆိုပေမယ့် ဂွကျပ်တဲ့ ခေါင်းစဉ်နဲ့ 205$ ပေးရတော့ အထက်လူကြီးကို တင်ပြရင် ဘက်ဂျက်ချပေးပါ့မလား။
ဘာတဲ့
ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး။
ကြွက်ခုတ်တတ်ဖို့ပဲလိုတယ် တဲ့။
ဒါပေမယ့်ဗျာ
ခုခေတ်က ကြွက်ခုတ်စေချင်လို့ မွေးကြတာမဟုတ်တော့ဘူး။ အလှမွေးကြတာဆိုတော့ အစာခွက်ထဲ ကြွက်လာလုစားရင်တောင် မုဒိတာပွားနိုင်တဲ့ ယိုးဒယားကြောင် ဖက်တီးကြီးတွေ ၃သိန်းကျော် တန်နေလေရဲ့
ရောက်တတ်ရာရာ ကျပန်းအတွေးမျှသာ
..
Kyaw
ဆရာဦးပြည့်အောင်၏
၎/၈/၁၈ ရက်နေ့ထုတ် ကြေးမှုံသတင်းစာပါ ဆောင်းပါးပါ....မျက်စိကျန်းမာရေးဗဟုသုတတိုးပွားကြပါစေ.....
မျက်မှောက်ခေတ် အတွင်းတိမ်ခွဲစိတ်ကုသခြင်း ဆိုသည်မှာ......
အတွင်းတိမ်ခွဲစိတ်ကုသခြင်းဆိုသည်မှာ ကြည်လင်မှုမရှိဘဲ အလင်းပိတ် လျှက် နောက်ကျိ နေသော မျက်စိတွင်းသဘာဝမှန်ဘီလူးကို ဖယ်ရှား၍၊ လူတို့ဖန်တီးထားသည့် မှန်ဘီလူးအသစ်ကို ထည့်သွင်း ပေးခြင်းဖြစ်ရာ ၊ပြည့်ဝသောအမြင်ကို မြန်မြန်ရသောကုသမှုဖြစ်၍ ကာယကံရှင်များ အတွက် အလွန်အကျိုးများပါသည်။
ခွဲစိတ်ကုသရာတွင်လည်း မေ့ဆေးမသုံးဘဲ ထုံးဆေးကိုသာ သုံး၍ကုသသောကြောင့်၊ မေ့ ဆေးကြောင့်ဖြစ်လေ့ ဖြစ်ထရှိသည့် ဘေးထွက်ဆိုးကျိုးများမှ ကင်းဝေးစေမည်ဖြစ်၏။ ထုံဆေးတွင် လည်း ထုံဆေးထိုးဆေးနှင့်ထုံဆေးမျက်စဉ်းနှစ်မျိုးစလုံးကိုသုံးစွဲနေကြပြီဖြစ်ရာ ထုံးဆေးမျက်စဉ်းကို သုံး၍ ခွဲစိတ်ကုသသော နည်းပညာများတွင် ကာယကံရှင်အား ပိုမိုသက်တောင့်သက်သာရှိ စေမည် ဖြစ်ပါသည်။ ထို့ပြင် ခွဲစိတ်ကုသမှုမပြုမီ ကြိုတင်စမ်းသပ်စစ်ဆေးမှုများနှင့် ခွဲစိတ် ကုသမှုခံယူပြီးနောက် စစ်ဆေးမှုများပြုရာတွင်လည်း၊ အတွင်း လူနာအဖြစ် ဆေးရုံတက်ရန်မလိုအပ်ဘဲ ပြင်ပလူနာ အဖြစ်နှင့် မိမိတို့ ပုံမှန်နေထိုင်ရာနေအိမ်မှ သက်ဆိုင်ရာ ဆေးရုံဆေးခန်းသို့ ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွား ရောက်ပြသရန် သာလိုပါသည်။
ခွဲစိတ်ကုသမှုရလာဒ်များအလွန်ကောင်းမွန်ပြီး၊အမြင်အာရုံဖွံ့ဖြိုးတိုးတက်မှု အခြေအနေမြင့် မားပါ သည်။ခွဲစိတ်ကုသမှုခံယူပြီးနောက်တွင်လည်း စောဒကတက်ဖွယ်ရာ ဆိုးကျိုးများ အလွန်နည်း ၏။သို့ဖြစ်ရာ အတွင်းတိမ်ရှိသူ မျက်စိဝေဒနာရှင်များအနေဖြင့် မည့်သည့်အချိန်တွင် အတွင်းတိမ်ကို ခွဲစိတ်ကုသမှုခံယူမည်၊မည်သည့်နည်းပညာကိုသုံး၍ ကုသမှုခံယူသင့်သည်၊စသည်များကိုသာ အဓိက ထားဆုံးဖြတ်ပေး ရန်လိုအပ်ပြီး၊ကုသမှုရလာဒ်ကောင်းရန်အတွက် သံသယဝင်ရန် မလိုအပ်တော့ ကြောင်း၊ဟားဗတ်တက္ကသိုလ်နှင့်တွဲဖက်ထားသော မက်ဆာချူးဆက်အထွေထွေရောဂါကုဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီးတဦး(Dr. Laura Fine)က ပြောပါသည်။
ခွဲစိတ်ကုမှ မြင်ကြရ
အတွင်းတိမ်သည် အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်သည့် သဘာဝဖြစ်စဉ်တခုဖြစ်ပါသည်။ အထူးသဖြင့် အသက်(၈၀)ဝန်းကျင် ပုဂ္ဂုလ်များ၏ ထက်ဝက်ခန့်တွင် အတွင်းတိမ်ရှိနေတတ်ပါသည်။ နှစ်ရှည်လများ တဖြည်းဖြည်း တရွေ့ရွေ့ပြောင်းလဲလာသော သဘောရှိပြီး၊မျက်စိတွင်းရှိ သဘာဝ မှန်ဘီလူးလေး၏ ကြည်လင် သန့်ရှင်းမှုသည်လည်း လျော့ကျလျှက် မသိမသာနောက်၍ နောက်၍လာ ရာမှ အလင်းပိတ်အဆင့်သို့ရောက်ရှိ လာလေသည်။အရောင် အသွေး မှာလည်း ကြည်ရာမှဖြူ ၊ ဖြူရာမှ ညို ၊ ညိုရာမှ ညိုညိုရင့်ရင့် စသည် ဖြင့် ရင့်၍ရင့်၍ လာမည်ဖြစ်၏။မူလအရွယ်ပမာဏထက်လည်း ပို၍ ကြီးလာ မည်ဖြစ်ပါသည်။
အမြင်အာရုံသည်လည်း မျက်စိတွင်းမှန်ဘီလူး၏ အခြေအနေပြောင်းလဲလာသည်နှင့်အမျှ ပို၍ ပို၍ မှုန်လာမည်ဖြစ်၏။ အထူးသဖြင့် အဝေးကြည့်မှုန်လာပြီး၊အတွင်းတိမ်အရင့်ဆုံးအချိန်တွင် မိမိအား နှုတ်ဆက် စကားဆိုလာသူ၏မျက်နှာကိုပင် သဲသဲကွဲကွဲ မမြင်ရသည့် အမြင်အာရုံ ဆုံးရှုံးလုနီးပါးအခြေ အနေသို့ ရောက် ရှိလာလေသည်။မျက်မှန်လို၍ မျက်စိမှုန်သူများသည် မျက်မှန်တပ်ပါက ကြည်ကြည် လင်လင်မြင်နိုင်သော်လည်း အတွင်းတိမ်ရှိ၍ မျက်စိမှုန်နေ သူမှာ မျက်မှန်တပ်သော်လည်း ကြည်ကြည် လင်လင် မြင်ရမည် မဟုတ်ချေ။ အရောင်အသွေးများကိုလည်း မခွဲခြားနိုင်တော့ဘဲ ရောထွေးလျှက် ရှိ သည့် မကွဲပြားသော အရောင်တမျိုးတည်းကိုသာ မြင်နေရတော့၏။
အတွင်းတိမ်သည် တဖြည်းဖြည်းတရွေ့ရွေ့သာ အမြင်အာရုံ ဆုံးရှုံးလာတတ်သော သဘာဝ ရှိသည်ဖြစ်ရာ ကာယကံရှင်ကိုယ်တိုင် သတိမထားမိသည်ကများပါသည်။သိသိသာသာ မျက်စိမှုန်လာ သော အခြေအနေ(မိမိအား နှုတ်ဆက်စကားဆိုလာသူကိုပင် သဲသဲကွဲ ကွဲမမြင်ရသောအခြေအနေ) ရောက်မှသာ သတိပြုမိတတ်ကြ၏။ စနစ်တကျ မျက်စိစမ်းသပ်စစ်ဆေးခြင်းဖြင့်သာ အတွင်းတိမ်ရှိ/မရှိ သိနိုင်သည်ဖြစ်ရာ၊အသက်(၄၀)မှ(၆၅)နှစ်အတွင်းရှိသူများသည် အနည်းဆုံး(၂)နှစ်တစ်ကြိမ်၊မျက်စိ အထူးကုဆရာဝန်နှင့် ပုံမှန်မျက်စိ စစ်ဆေးမှု ခံယူသင့်ပါသည်။သို့မှသာ အတွင်းတိမ်ရှိ/မရှိ သိနိုင်ရုံမျှ မက အခြားသောမျက်စိရောဂါများ(ရေတိမ်နှင့် အသက်အရွယ်ကြီးရင့်မှုေ ကြာင့်ဖြစ်သော မြင်လွှာ ချို့ယွင်းမှုရောဂါများ)ရှိ/မရှိကိုလည်း သိနိုင်မည်ဖြစ်ပါသည်။
မျက်စိအထူးကုဆရာဝန်သည် ကာယကံရှင်၏ အမြင်အာ ရုံပြတ်သားမှုရှိ/မရှိ(အမြင်စမ်းကဒ် ပြား၊လိုက်ဘောက်နှင့် ပရိုဂျက်တာ အသုံးပြု၍ စာလုံးများ၊ရုပ်ပုံသင်္ကေတများကိုဖတ်ခိုင်း၍) စစ်ဆေး ခြင်း၊လိုအပ်ပါက မျက်စိသူငယ်အိမ်ကိုကျယ်စေသော မျက်စဉ်းခပ်၍ မျက်စိတွင်းအနုကြည့်မှန်ဘီလူး (Slit Lamp)ကိုအသုံးပြု၍၊ မျက်စိ အတွင်းပိုင်းအထိ စစ်ဆေးကြည့်ရှုခြင်း၊စသည်ဖြင့် မျက်စိကျန်းမာ ရေး အခြေအနေများကို အသေးစိတ် စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ သို့မှသာ အတွင်းတိမ်၊ရေတိမ် နှင့်အသက်ကြီး၍ဖြစ်သော မြင်လွှာ တဖြည်းဖြည်းအားနည်းလာသည့်ရောဂါများကို စောလျှင်စွာသိရှိ နိုင်မည်ဖြစ်ပေသည်။
အမြင်အာရုံဆုံးရှုံးမှုကိုဖြစ်ပေါ်စေလျှက် အလင်းရောင်ကောင်းစွာ မဖြတ်သန်းနိုင်တော့သည့် မျက်စိတွင်း သဘာဝမှန်ဘီလူးကိုဖယ်ရှား၍ ကြည်လင်သန့်ရှင်းသည့် လူတို့ဖန်တီးပြုလုပ်ထားသော မှန်ဘီလူး အသစ်ကို အစားထိုးထည့်သွင်းပေးခြင်းသည် အတွင်းတိမ်ခွဲစတ် ကုသမှု၏ ရိုးရှင်းသော နည်း လမ်း ဖြစ်ပါသည်။အတွင်းတိမ်ခွဲစိတ် ကုသမှုကို ခံယူသင့်သောအချိန်မှာ နေ့စဉ်လှုပ်ရှားသွားလာမှုများ တွင် အခက်အခဲဖြစ်လာသည့်အချိန်ပင်ဖြစ်ကြောင်း၊ခွဲစိတ်ကုသမှု မခံယူသ၍ မျက်စိမှုန်နေမှာ ဖြစ် ကြောင်း၊ လှေကားအတက်အဆင်းနှင့် မော်တော် ကားမောင်းခြင်းကဲ့သို့သော အရေးကြီးသည့် အလုပ် များကို လည်း လုပ်နိုင်မှာမဟုတ်ကြောင်း။ မျက်စိအထူးကုဆရာဝန်တဦး(Dr.Fine, Harvard-affiliated Massachusetts General Hospital.) ကပြောပါသည်။ မျက်စိအထူးကုဆရာဝန်၏ အကြံ ပြုချက် အတိုင်းလိုက်နာ၍ အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူခြင်းမပြုဘဲ နှောင့်နှေးကြန့်ကြာနေလျှင်၊ အခြား သော(အသက်အရွယ်ကြီးရင့် မှုကြောင့်မြင်လွှာတဖြည်းဖြည်းယို ယွင်းလာသည့်ရောဂါ ကဲ့သို့ သော) မျက်စိရောဂါများကို ကုသရန် အဟန့်အတားဖြစ်နိုင်သကဲ့သို့၊ အတွင်းတိမ့်ရင့်မှု့ကြောင့်ဖြစ် သော ရေတိမ်လည်း ပေါ်ပေါက် လာနိုင်ပါသည်။
ခွဲစိတ်သမှု မည်သို့ပြု
မျက်စိအထူးကုဆရာဝန်၏ စမ်းသပ်စစ်ဆေးတွေ့ရှိချက်အရ မျက်စိနှစ်ဖက်စလုံးတွင် အတွင်း တိမ်ရှိနေလျှင်လည်း စိုးရိမ်ဖွယ်ရာ မရှိချေ။မျက်စိခွဲစိတ်အထူးကုဆရာဝန်မှ ပို၍မှုန်သော ပို၍ရင့်သော စောလျှင်စွာခွဲစိတ်ကုသရန်လိုအပ်သည်ဟုယူဆသော မျက်စိတဖက်ကို ရှေးဦးစွာ ခွဲစိတ်ကုသပေး မည်ဖြစ်ပါသည်။ မျက်စိတဖက်ကောင်း စွာမြင်ရပြီးမှ ကျန်တဖက်ကိုဆက်လက်၍ ကုသပေးမည်ဖြစ်ရာ ကာယကံရှင်အတွက် သက်တောင့်သက်သာရှိစေမည်ဖြစ်ပါသည်။ မျက်စိနှစ်ဖက်စလုံး ခွဲစိတ်ကုသပြီးမှ သာ ကားမောင်းခြင်းနှင့် စာဖတ်ခြင်းကဲ့သို့ မျက်စိအားစိုက်ရသည့် အလုပ်များကို အဆင်ပြေပြေဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
အတွင်းတိမ်ခွဲစိတ်ကုသမှု နည်းပညာများသည် ကမ္ဘာတဝန်း အထူးဖွံ့ဖြိုးတိုးတက်လျှက်ရှိရာ အရိုးရှင်းဆုံးဖြစ်သော ခွဲစိတ်ရာကျဉ်း ချုပ်ကြိုးမဲ့နည်းပညာ(Small Incision Sutureless Cataract Surgery)ဖြင့် ကုသလျှင်ပင် ၁၅ မီးနစ်မျှသာ ကြာမြင့်လေသည်။ အသံလွန်လှိုင်းဖြင့်အတွင်းတိမ်ကို ခြေဖျက်စုပ်ယူသောနည်းပညာ (Phacoemulsification)ဖြင့်ကုသလျှင် ထိုထက်ပို၍ လျှင်မြန်ပါသည်။ ကုသမှုရလဒ်များ အလွန်ကောင်းပြီး မျက်စိအထူးကုဆရာဝန်ကြီးများ၏ ကျွမ်းကျင်မှုပေါ်မူတည်၍ ၉၇ % မှ ၉၈ % ထိ အောင်မြင်မှုရှိပါ သည်။
သက်တောင့်သက်သာ လိုက်နာပါ
အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်းတွင် လူနာနားနေဆောင်၌ ထုံဆေးပျယ်သည့် အချိန်ထိ တစ်နာရီခန့်သာ နားနေရန်လိုအပ်ပါသည်။ မျက်စိကို ဂွမ်းစငယ်(Eye pad)နှင့် ကာဘာပြား (Eye Shield)တို့ဖြင့် မျက်စိအထူးကုဆရာဝန်က ဖုံးကာပေးထားမည်ဖြစ်ပါသည်။မိမိအိမ်တွင် အကူ တယောက်နှင့်အတူ သက်တောင့်သက်သာ နားနေနိုင်ပါသည်။အလေးအပင် မခြင်း ကိုရှောင်ရန်နှင့် မျက်စိတွင်းသို့ရေမဝင်ရန် အထူးဂရုစိုက်ရပါမည်။ ပုံမှန်လှုပ်ရှားသွားလာမှုများကိုပြု၍ရသော်လည်း၊အင် အားစိုက်ထုတ်၍ လုပ်ရသော အဆောတလျှင်လှုပ်ရှားမှုများကိုမှု ရှောင်ကြဉ်ရပါမည်။ အဓိကရည်ရွယ် ချက်မှာ မျက်စိတွင်းသို့ထည့်ထားသော မှန်ဘီလူး အသစ်အား အသားတကျရှိနေရန်နှင့် မျက်စိတွင်း သို့ ပိုးဝင်ခြင်း မရှိရန်ဖြစ်ပါသည်။မျက်စိအထူးကုဆရာဝန်၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာ၍ မျက်စဉ်းများကိုစနစ်တကျ ခပ်ပေးရန်လည်း အရေးကြီးပါသည်။(ကာယကံရှင်ကိုယ်တိုင် မျက်စဉ်းမခပ်သင့်)
တီဗီကြည့်ခြင်းနှင့်စာဖတ်ခြင်းကဲ့သို့ ပေါ့ပေါ့ပါးပါးအလုပ်များကို လုပ်နိုင်သော်လည်း၊ရှောင် သည်က ပို၍ကောင်းမည်ဟု ယူဆပါသည်။ စူးရှသောနေရောင်ခြည်နှင့် တောက်ပသောအလင်းရောင် (LED မီးသီးကဲ့သို့)များကို လုံးဝရှောင်ကြဉ်ရပါမည်။မျက်စိအထူးကု ဆရာဝန် ကချိန်းဆိုသောနေ့ရက် များတွင် မပျက်မကွက်ပြသရန်လိုပါ သည်။ (များသောအားဖြင့် ခွဲစိတ်ကုသမှုပြုပြီးနောက်နေ့၊နှစ်ရက် ခြား၊ ရက်သတ္တတပတ်ခြား၊နှစ်ပတ်ခြား၊နှစ်လခြား စသည်ဖြင့်၊ကုသမှု လိုအပ်ချက်အရ ချိန်းဆိုမှုများ)
အတွင်းတိမ်ခွဲစိတ်ကုသမှု၏ အပြီးသတ်စစ်ဆေးမှုကို ခွဲစိတ် ကုသပြီးနောက်(ယေဘုယျအား ဖြင့်)နှစ်လအကြာတွင် မျက်စိအထူး ကုဆရာဝန်ကိုယ်တိုင်ပြုလုပ်ပါသည်။မျက်မှန်လိုအပ်ချက်ရှိလျှင် မျက်မှန်ပါဝါရှာဖွေ၍ မျက်မှန်တပ်ရန်ညွှန်ကြားပါသည်။ မျက်မှန် ကူရန်လိုသူများရှိသကဲ့သို့ မျက်မှန် မလိုဘဲ အဝေးကြည့်ကို ကြည်ကြည်လင်လင်မြင်ရသူများလည်းရှိပါသည်။အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူသူများသည် များသောအားဖြင့် အသက်ကြီးသူများဖြစ်ရာ စာကြည့်မျက်မှန်လိုအပ်သူက အများ စုဖြစ်ပါသည်။
အတွင်းတိမ်ရှိ၍မျက်စိမှုန်သူ သက်ကြီးရွယ်အိုများအနေဖြင့်၊ ခွဲစိတ်ကုသမှုခံယူခြင်းဖြင့် လူငယ် လူရွယ်များကဲ့သို့ ပြန်မြင်နိုင်သည့် အခွင့်အရေးကိုရနိုင်သည်ဖြစ်ရာ မျက်စိအထူးကုဆရာဝန်နှင့် စနစ် တကျစမ်းသပ်စစ်ဆေးမှုခံယူသင့်ပါကြောင်းနှင့် မျက်စိအထူးကုဆရာဝန် မှ အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူရန်အကြံပြုလျှင်၊မိမိ၏ အမြင်အာရုံ တိုးတက်ကောင်းမွန်ရေးအတွက် လိုက်နာသင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
0000