PSM
03/09/2024
ငါပြုစုခဲ့ရသမျှ
ငါ့ ခန္ဓာကိုယ် ...
ငါ့ အသိဉာဏ် ...
ငါ့ လုပ်ရပ်တို့အတွက် ...
ယနေ့
ငါဖြစ်နေရသည်။
Ashin Pannasami
3-9-2024
31/01/2024
ခြေထောက်က အတော်လေးသက်သာသွားပြီ
အသိမိတ်ဆွေတွေရဲ့ လမ်းညွှန်မှုနဲ့ ရန်ကုန်၊ လမ်းမတော်က မင်း ဆေးခန်းကို သွားပြတာ
တိုင်းရင်းဆေးစည်းပေးတယ်၊ အင်္ဂလိပ်သောက်ဆေးပေးတယ်၊ သွေးစစ်ပေးတယ်....
သွေးစစ်တာက Uric Acid များ/မများစစ်ပေးတာတဲ့....
အဓိက က သူ့ရဲ့လူးဆေးက အတော်ကောင်းတယ်ပြောရမယ်
လာပြတဲ့ လူနာတွေလည်း အများကြီးပဲ ....
ရဟန်းသံဃာနဲ့ သီလရှင်တွေကိုတော့ အခကြေးငွေ မယူပဲ ကုသိုလ်ဖြစ်ကုသပေးတယ်....
06/01/2023
မကြာမှီရက်ပိုင်းအတွင်း မြန်မာပြည်သို့
ပြန်ကြွလာပါတော့မည်.....
ရန်ကုန်၊ ဗဟန်း ဝင်ဒါမီယာထဲက
ပဏ္ဍိတာရာမရွှေတောင်ကုန်းရိပ်သာမှာ သီတင်းသုံးပါမယ်.....
တွေ့ဆုံဆက်သွယ်လိုပါက
ဦးဇင်းဖုန်း 09799444832 သို့
(10) ရက်နေ့နောက်ပိုင်း ဆက်သွယ်နိုင်ပါတယ်......
04/01/2023
. အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့
ပဏ္ဍိတာရာမ သာရဏီယဓမ္မရိပ်သာ
ဒီဇင်ဘာတရားစခန်းပွဲ မှတ်တမ်း
------------------------------
နှစ်စဉ်ကျင်းပမြဲဖြစ်သော ဒီဇင်ဘာတရားစခန်းကို ကိုဗစ်ကာလအလွန်
ပြန်လည်ဖွင့်လှစ်.....
နေရာအခက်အခဲကြောင့် မြန်မာယောဂီ
(၁၀) ယောက်သာလက်ခံဖြစ်တယ်.....
အင်္ဂလန်မှာ ဒီဇင်ဘာလက ရက်ရှည်ရုံးပိတ်ရက်ဖြစ်တာရယ် အင်္ဂလိပ်နှစ်သစ်ကူးကာလရယ်ပေါင်းစုံပြီး ဒီအချိန်ကို တရားစခန်းဖွင့်လှစ်လာတာ
နှစ်အတော်ကြာလာခဲ့ပါပြီ....
ယောဂီများအေးအေးချမ်းချမ်း တရားအားထုတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးကြတဲ့ ကျောင်းအဖွဲ့ဝင်များ၊ စည်းကမ်းတကျအားထုတ်ကြတဲ့ ယောဂီများ၊ ဆွမ်းအလှူရှင်များ၊ ဝေယျာဝစ္စပြုလုပ်ဆောင်ရွက်ပေးတဲ့ Drတင်ထွန်းအောင်
အစစအရာရာ ကူညီဆောင်ရွက်ပေးကြတဲ့ ပုဂ္ဂိုလ်များအားလုံးကို
ကျေးဇူးအထူးတင်ရှိပါသည်။
ဆရာတော် ၂-၁-၂၀၂၃
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon