EduRoom

EduRoom

Share

03/09/2021

နေပျော်နေရဲ့လား … ??

ဒီလိုနေပါ

ခုလိုချိန်မျိုးမှာ လူတိုင်း ဟာ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ့်ရဲ့ စိတ်ခံစားမှုမှာ ထိလွယ်ရှလွယ်ဖြစ်ကြပါတယ်။ ခံစားရတဲ့ အခြေအနေချင်းမတူနိုင်လို့ အတွေ့အကြုံတွေလဲမတူကြတဲ့အတွက် တုံ့ပြန်ပြုမူပုံတွေဟာလည်း ကွာခြားကြတယ်။ ခံစားမှုဆိုတာ အခြေအနေတစ်ခုကြောင့် စိတ်ထဲကဖြစ်ပေါ်လာတဲ့ တုံံ့ပြန်မှုတစ်ခုဖြစ်ပြီး လူတွေဟာခံစားမှုတွေအရ ဆုံးဖြတ်တတ်ပြီး ခံစားမှုအရပဲ တုံ့ပြန်ပြောဆိုတတ်ကြတယ်။

အရာရာကို အကောင်းဘက်ကစဉ်းစားတတ်ရင်ကောင်းတဲ့ ကိစ္စဖြစ်တယ်ဆိုတာ သိပေမယ့် လိုက်လုပ်ဖို့ ခက်ပါတယ်။ သို့ပေမယ့်လည်း ကိုယ့်ရဲ့ခံစားချက်နဲ့ အပြုအမူတွေကို အကောင်းဘက်ကိုရောက်စေပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေနိုင်တယ်။ ဒေါသနဲ့ ဝမ်းနည်းမှုတွေကို လျော့စေပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုတွေကို တခြားသူတွေကို မထိခိုက်စေတဲ့ အပြုအမူတွေနဲ့ ဖော်ပြလာနိုင်မှာ ဖြစ်ပါတယ်။

" A Positive mindset brings positive things. "
- Philipp Reiter

နောက်ရက်တွေမှာ နေပျော်အောင်နေဖို့ နည်းလမ်းလေးတွေကို ဆက်လက်မျှဝေပေးပါဦးမယ်။

Posted by Sam@EduRoom4you

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon