TOPMOST Pharmacy

TOPMOST Pharmacy

Share

05/02/2022

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်

အိုမီခရွန်ရဲ့ ရောဂါလက္ခဏာများ
- ချောင်းဆိုးခြင်း
- မောပန်းခြင်း (သို့) ပင်ပန်းနွမ်းနယ်ခြင်း
- နှာခေါင်းပိတ်ခြင်း (သို့) နှာရည်ယိုခြင်း
- လည်ချောင်းနာခြင်း
- ကြွက်သားနာကျင်ခြင်း (သို့) နောက်ကျောနာခြင်း
- အနံ့ (သို့) အရသာပျောက်ခြင်း တို့ ဖြစ်တတ်ပါတယ်။

တချို့မှာ ကာကွယ်ဆေးထိုးနှံထားခြင်း၊ ကုသတဲ့ ဆေးအချို့ရှိခြင်း၊ Delta မျိုးကွဲလောက်လည်း မပြင်းထန်လောက်ခြင်းတို့ကြောင့်ဆိုပြီး မပေါ့ဆသင့်ပါ။ အချို့နိုင်ငံကြီးတွေမှာ Omicron ကြောင့် ဆေးရုံတွေမှာ ရောဂါပြင်းထန်စွာ ခံစားနေရတဲ့ လူနာများစွာနဲ့ ပြည့်လျှံလျက်ရှိပါတယ်။ သေဆုံးသူတွေလည်း အများအပြားရှိနေဆဲပါ။ ကာကွယ်ဆေး အကြိမ်ပြည့် ရရှိထားသူများနဲ့ COVID-19 ရောဂါ ဖြစ်ပွားဖူးသူများမှာလည်း ပြန်လည်ကူးစက်ဖြစ်ပွားလျက် ရှိနေပါတယ်။

ဒါ့ကြောင့်မလို့ ရောဂါမဖြစ်အောင် မဖြစ်မနေ လုပ်ဆောင်ရမည့် ကာကွယ်ရေး နည်းလမ်းများဖြစ်သည့်
- မိမိနဲ့ ကိုက်ညီတဲ့ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို
စနစ်တကျ တပ်ခြင်း၊
- လက်ကို မကြာခဏ ဆေးခြင်း
- နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်နဲ့ နှာခေါင်းကို
လုံခြုံစွာဖုံးအုပ်ခြင်း
- အခြားသူများနဲ့ ခပ်ခွာခွာနေခြင်း
- လူထူထပ်တဲ့ နေရာများကို တတ်နိုင်သမျှ
ရှောင်ကြဉ်ခြင်း
- လေဝင်လေထွက် မကောင်းတဲ့ အလုံပိတ်အခန်းများကို ရှောင်ကြဉ်ခြင်း စသည်တို့ကို အထူးဂရုပြုလိုက်နာရပါမယ်။

အားလုံးပဲ ကျန်းမာကြပါစေ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11451