MediLab Technical Service Provider Group - MLTS
28/08/2025
ကျတော်တို့ MediLab Technical Service Provider Group - MLTS ရဲ့ အဓိက သွားမယ့် vision နဲ့ mission တွေကတော့
Customer တွေအသုံးပြုရ အဆင်မပြေဖြစ်နေတဲ့ စက်ပစ္စည်းများကို Engineer တွေစနစ်တကျလာရောက်စစ်ဆေးကြည့်ရှုပြီး
၁။ စက်ပစ္စည်း ရဲ့ ပျက်ရတဲ့ အကြောင်းအရင်းကို သေချာရှင်းပြပေးခြင်း
၂။ ဘယ်လို အသုံးပြုသင့်ပြီး၊ဘယ်လိုအသုံးမပြုသင့်ကြောင်း Do and Don't ကို ရှင်းပြခြင်း
၃။ အချိနိကြာကြာ အသုံးပြု၍ ရစေနိုင်သော နည်းများကို စနစ်တကျ ရှင်းပြပေးခြင်း။
၄။ ဝန်ဆောင်မှု ပေးမည့် Engineers တွေရဲ့ အရည်အချင်းကို တစိုက်မတ်မတ် တိုးတက်အောင် Training ပေးခြင်း
၅။ အသုံးပြုသူ Customer ရဲ့ လိုအပ်ချက်အလိုက် Services နဲ့ Products များကို Offer ပေးခြင်း။
အစရှိသဖြင့် အသုံးပြုသူ Customer များအတွက် အဆင်ပြေကောင်းမွန်သော ဝန်ဆောင်မှု ရရှိစေခြင်းကို အဓိက ဦးစားပေးလုပ်ဆောင်ပါမယ်ခင်ဗျ။
မိတ်ဆွေတို့ အသုံးပြုနေတဲ့ စက်ပစ္စည်းများကို သေချာစစ်ဆေးချင်လို့ပဲ ဖြစ်ဖြစ်၊ ပြုပြင်ထိန်းသိမ်းချင်လို့ပဲ ဖြစ်ဖြစ် ကျတော်တို့ MediLab Technical Service Provider ကို သတိတရ ဖုန်းဆက်လိုက်ပါခင်ဗျ။
ဝန်ဆောင်မှု အတွက် ကုန်ကျ စရိတ်ကို အများကြီးမစိုးရိမ်ပါနဲ့ဗျ။
သင့်တော်လျောက်ပတ်သော ကုန်ကျစရိတ်နဲ့ မိတ်ဆွေတို့ စက်ပစ္စည်းများကို အဆင်ပြေကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ ကူညီဖို့ အသင့်ရှိနေပါတယ်ဗျ။
Hello တစ်ချက်သာ လုပ်လိုက်ပါ.......
24/7 Hot Line Ph no..
09-957812598/09-798957795/09-420142365
20/08/2025
Hospital and Hotel Laundry Machine
ပြစ်ချက်ရှာဖွေခြင်းနဲ့ ပြင်ဆင်ခြင်း
User က ပြောပါတယ်၊ အဝတ်လျော်စက်က စက်စဖွင့်ပြီဆိုတာနဲ့ ရေတွေပန်းထွက်လာတယ်။ တစ်ခန်းလုံးရေတွေရွှဲပြီး သုံးလို့မရဘူး။ လျော်ပြီးရင်လဲ အထဲက ရေတွေက ပြန်မထွက်ဘူး ဒီတိုင်းကြီးဖွင့်ချလိုက်ရပြီး ဆပ်ပြာရေေတွပါ အခန်းထဲ ပလဲကုန်ရောတဲ့။
ဒါနဲ့ ကျတော်တို့ MediLab Technical Service Provider Group - MLTS က အင်ဂျင်နီယာသွားရောက်စစ်ဆေးခဲ့ပါတယ်။
ပထမဆုံး ပြစ်ချက်က အဝတ်လျော်စက်မှာ အသုံးပြုထားတဲ့ ပိုက်အသေးလေးတွေရှိပါတယ်။ Valve တွကို အဖွင့်အပိတ်လုပ်ဖို့အတွက် သုံးထားတဲ့ ပိုက်တွေပေါ့။ အဲဒါတွေက ဆွေးပြီး ပျက်စီးနေပါတယ်။
ဒုတိယ တစ်ချက် ရေဖြည့်ချိန် ပြည့်သွားပြီး ရေပြည့်နေပေမယ့် စက်က မရပ်ပဲ ရေတွေ ဆက်တိုက် ထပ်ဖြည့်နေသေးတာပါ။
တတိယ တစ်ချက် ကတော့ Drain ပြုလုပ်ရာမှာ အသုံးပြုထားတဲ့ Hydraulic Valve က ကောင်းကောင်း အလုပ်မလုပ်တော့တာပါ။
ဒါတွေအားလုံးကို တွေ့ရှိပြီးတဲ့နောက်မှာ Customer ကို ဘာကြောင့် အခုလို ပျက်စီးရတယ်၊ ဘယ်လို အသုံးပြုသင့်ပြီး ဘယ်လို ထိန်းသိမ်းမှု ပြုလုပ်သင့်ကြောင်း ရှင်းပြ ခဲ့ပါတယ်။
မိတ်ဆွေတို့ အနေနဲ့ အသုံးပြုရ အဆငိမပြေဖြစ်နေတဲ့ Laundry Machine တစ်ခုခု ရှိနေရင် ကျတော်တို့ Medilab Technical ကိုသတိရလိုက်ပါခင်ဗျ။
မိတ်ဆွေတို့ အခက်အခဲ တွေကို ကူညီဖြေရှင်းဖို့အတွက် Medilab Technical မှ Engineer Team က အသင့်ရှိနေပါတယ်ဗျ။
Hospital Laundry and Hotel Laundry Machine
Hotel တွေနဲ့ Hospital တွေအတွက် မရှိမဖြစ် အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Laundry Machine တစ်လုံးကို သွားရောက်စစ်ဆေးဖြစ်ခဲ့တာလေးပါ။
Error ရှာဖွေခြင်းနဲ့ တွေ့ရှိချက် ဖြေရှင်းချက်တွေကို ထပ်ပြီး တင်ပေးပါမယ်ဗျ။
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Address
No. 531(B). Kyaung Street, 19 Ward, South Dagon
Yangon