DLoLote
CPU vs GPU
Video Credit to original creator
30/07/2024
အင်တာနက် စည်းမျဥ်းစည်းကမ်းမူဘောင်အတွက် အာဆီယံနိုင်ငံများအကြား လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း မလေး ဆက်သွယ်ရေးဝန်ကြီး ပြော
29-07-2024
ဒေသအတွင်းမှာရှိတဲ့ ကလေးတွေနဲ့ မိသားစုတွေအတွက် ပိုမိုလုံခြုံတဲ့ အင်တာနက်ဂေဟစနစ်ကို သေချာစေမယ့် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း မူဘောင်တစ်ရပ် ရှာဖွေရာမှာ အာဆီယံအနေနဲ့ အတူတကွ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က ပြောပါတယ်။
မူဘောင်ဆိုင်ရာ ဆွေးနွေးမှုတွေကို ထိုင်းနိုင်ငံက ဦးဆောင်နေပြီး လာမယ့်နှစ်မှာ မလေးရှားက အာဆီယံ ဥက္ကဋ္ဌတာဝန် ယူတဲ့အခါ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။
Fahmi ရဲ့ အဆိုအရ ဒီအဆိုပြုချက်ဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ အစည်းအဝေးမှာ စင်ကာပူရဲ့ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်ကြားရေးဝန်ကြီး Josephine Teo ရဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒီအစည်းအဝေးဟာ ကျနော်တို့ ဝန်ကြီးဌာနနှစ်ခုကို ပိုမို နီးကပ်စေရုံသာမက အထူးသဖြင့် မလေးရှားက နောက်နှစ် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ နှစ်ဦးနှစ်ဘက်ရဲ့ တူညီတဲ့ သဘောထားတွေကို အာဆီယံအဆင့်အထိ တင်ပြနိုင်စေမယ့် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရအ်ဖြစ်ပြီး မလေးရှား၊ စင်ကာပူနဲ့ အရှေ့တောင်အာရှဒေသက ကလေးတွေနဲ့ မိသားစုတွေအတွက် အင်တာနက်နဲ့ ဂေဟစနစ်ကို ပိုမို လုံခြုံစေမှာပါ" ဟု သူက ပြောပါတယ်။
သြဂုတ်လ ၁ ရက်မှာ စတင်မိတ်ဆက်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ စတင်အသက်ဝင်မယ့် ကလေးတွေနဲ့ မိသားစုတွေအတွက် လုံခြုံတဲ့ အင်တာနက်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းမူဘောင်အသစ်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံရဲ့ လှုပ်ရှားမှုကို Teo က ကြိုဆိုထောက်ခံကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
အဆိုပါ မူဘောင်အသစ်မှတဆင့် မလေးရှားတွင် မှတ်ပုံတင်ထားတဲ့ ၈ သန်းထက် မနည်းတဲ့ သုံးစွဲသူတွေဟာ ဆိုရှယ်မီဒီယာဝန်ဆောင်မှုနဲ့ အင်တာနက်ဝန်ဆောင်မှုအားလုံးအတွက် ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာအက်ဥပဒေ ၁၉၉၈ (အက်ဥပဒေ ၅၈၈) အောက်ရှိ Application Service Provision Class Licence ကို လျှောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံဟာ ဆိုရှယ်မီဒီယာဝန်ဆောင်မှုတွေအတွက် စည်းမျဥ်း မူဘောင်တရပ်ကို ၂၀၂၂ ခုနှစ်ကတည်းက မိတ်ဆက်ထားပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon