gamers_not_here
07/01/2023
ကျွန်တော်တို့ဒီနေ့ Flash Party Game လေးဆော့ကြမယ်ဗျာ။
Let's beat everyone with SIVI in Flash party #flashparty #androidgameplay #iosgameplay Let's beat everyone with SIVI in Flash party_______________________________________________________________________________Today I will beat everyone with SI...
05/01/2023
ဒီတစ်ခေါက်မှာတော့ MOBA Game အမျိုးအစားဆိုတာ ဘယ်လိုအမျိုးအစားလဲဆိုတာ ကျတော်သိသလောက်လေး ရှင်းပြထားတယ်ဗျ။
သိပီးသားသူများအတွက်တော့ ပျင်းစရာကောင်းတာပေါ့ဗျာ။ မသိသေးသူများအတွက်တော့ Knowledgeable လေးတစ်ခုအဖြစ်တော့ ရနိုင်တာပေါ့။
🔴 What is MOBA Game?
MOBA - Multiplayer Online Battle Arena ဆိုတာ Battlefield တစ်ခုအပေါ်မှာ Player 2 ဖွဲ့ ယှဉ်ပြိုင်ကျတဲ့ Strategy Game အမျိုးအစားဆိုပီး ကျတော်တို့အလွယ်သတ်မှတ်လို့ရပါတယ်။
🔴 Gameplay
ကျတော်တို့သိထားပီးဖြစ်တဲ့အတိုင်း တစ်ဖက်ကို Player 5 ယောက်စီနဲ့ မိမိတို့ကြိုက်နှစ်သက်ရာ Hero တစ်ကောင်ချင်းဆီကို ရွေးချယ်ပီး ဆော့ရတာပဲဖြစ်ပါတယ်။
🔴 Character Roles
MOBA Game အများစုမှာ Tank, Bruiser, Marksman, Mage, Fighter, Assassin, Support နဲ့ Healer ဆိုပီး မိမိတို့ကြိုက်နှစ်သက်ရာ role တစ်ခုဆီကို ရွေးချယ်ပီးဆော့လို့ရပါတယ်။
🔴 MOBA History
MOBA Game မှာ ပထမဆုံး လူကြိုက်အများဆုံးဖြစ်လာတဲ့ Game ကတော့ Aeon of Strife (AoS)ပဲဖြစ်ပါတယ်။ Defense of the Ancients (DOTA) ကို Warcraft III : Region of Chaos အတွက် Warcraft III မှ 2003 တွင် AoS ကိုအခြေခံပီး ထုတ်လုပ်ခဲ့ပါတယ်။ DOTA က MOBA Game အမျိုးအစားတွေထဲမှာ ပထမဆုံး Sponsor ပေးပြိုင်ပွဲတွေကို ကျင်းပပေးခဲ့တာလဲဖြစ်ပါတယ်။ သူ့နောက်မှာတော့ League of Legends (2009) နဲ့ Heroes of Newerth (2010) တို့အပြင် DOTA (2) နဲ့ Heroes of the Storm တို့ကလဲ MOBA Genre ထဲမှာ ပါဝင်ခဲ့ကြပါတယ်။
2010 နောက်ပိုင်းမှာတော့ MOBA Genre ဟာ Esports လောကမှာ နာမည်အကြီးဆုံး Genre တစ်ခုဖြစ်လာခဲ့ပါတယ်။ 2018 မှာ US$60 Million နဲ့ Esports Prize Pool မှာ 40% အထိရှိလာခဲ့ပါတယ်။
ဒါကတော့ ကျတော်လေ့လာထားသလောက် MOBA အကြောင်းလေးပါဗျ။ ညီကိုတို့ သိထားတာလေးတွေ ရှိရင်လဲ comment မှာ ပြောခဲ့ကြပါဦးဗျ။
🎦 ကျတော် YouTube Channel လေးတစ်ခုလဲ RUN နေပါတယ်ဗျ။ ကျတော့် Channel မှာတော့ အသစ်ထွက်လာတဲ့ Mobile Game လေးတွေအတွက် Gameplay Walkthrough လေးတွေလုပ်ပေးထားပါတယ်။ Channel လေးကို subscribe လေးလုပ်ဖို့အတွက် အောက်က Link လေးကို နှိပ်ပေးပါဦး။
https://youtube.com/
03/01/2023
🔴 ပြိုင်ကားလောကထဲဝင်ဖို့ အဆင့်သင့်ဖြစ်ပီလား?
- ကားထဲဝင်ထိုင်လိုက်ပါ စူးစမ်းစရာတွေ မကုန်နိုင်တဲ့ ကြီးမားတဲ့ ကမ္ဘာကြီးထဲကိုမောင်းဖို့ အသင့်ပြင်ထားလိုက်ပါ (ဘေးခုံမှာ ကောင်မလေးတော့မပါဘူးပေါ့လေ 🥲)
🔴 ကျတော်ဒီနေ့မိတ်ဆက်ပေးမဲ့ game ကတော့ racing game ကိုလဲကြိုက်တယ် open world လဲ ဖြစ်ရမယ်ဆိုတဲ့ သူများအတွက် ဆော့ကိုဆော့သင့်တဲ့ CarX Street ဆိုတဲ့ game လေးပါ။
🔴 About Gameplay
- game စစချင်းမှာ ကျတော်တို့ ကားတစ်စီးဝယ်ရမယ်။ ဝယ်ထားတဲ့ကားကိုလဲ နောက်ပိုင်းမှာ စိတ်ကြိုက် customise လုပ်လို့ရတယ်။ ပိုမိုက်တဲ့ကားအလန်းတွေလိုချင်တယ်ဆိုရင်တော့ top up လုပ်ပီးပါ ဝယ်လို့ရတယ်ဗျ။ Open world ဖြစ်တဲ့အတွက် မြေပုံထဲမှာပါတဲ့ Driving Club တွေ Drift ပြိုင်ပွဲတွေမှာ စိတ်ကြိုက်ဝင်ပြိုင်လို့ရပါတယ်။ Map ကလဲ တော်တော်ကျယ်တယ် Graphic ကလဲ ပြောစရာမရှိလောက်အောင်ကို မိုက်ပါတယ်။
🔴 အစပိုင်းမှာတော့ iOS အတွက်ပဲထွက်လာပေမဲ့ အခုတော့ android မှာပါဆော့လို့ရနေပါပီ။ Rating ကတော့ 4.7 ပါ။
🔴 Warning
- ဒီ game က အချိန်ကုန်လို့ကုန်မှန်းမသိအောင်ကို ဆော့မိနေမဲ့ game လေးပါ။ ကောင်မလေးနဲ့ စကားမများချင်ရင်တော့ alarm လေးပေးပီး ဆော့ပေါ့ဗျာ။
🔴 Gameplay ကို အောက်က video လေးမှာကြည့်လို့ရပါတယ်ဗျ။
👁️🗨️ gameplay တွေကို နေ့တိုင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် ကျတော့်ရဲ့ gamers_not_here page လေးနဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးဗျ။
Hope you enjoy the game. ✌️
CarX Street Gameplay Walkthrough | Open World | Android & iOS #carxstreet #androidgames #iosgames CarX Street Gameplay Walkthrough | Best open world driving game for 2023 _______________________________________________________________________________ Desc...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon
06/01/2023