AUNG

AUNG

Share

Photos from AUNG's post 21/03/2022

သတိပြုရမည့်အပူဒဏ် ကြောင့်ဖြစ်သော ပြဿနာများ

၁။ Heat Stroke ( အပူဒဏ်ကြောင့် သတိလစ်ခြင်း)
Body အပူချိန်သည် အလွန်အကျွံ မြင့်မား သည်။ 103F နှင့် အထက်တွင် ရှိနေမည်။ အရေပြားသည် ပူ ပြီး ခြောက်သွေ့ နေမည်။ ပျို့ခြင်း ၊ ခေါင်းမူး ၊ ခေါင်းကိုက် ခြင်းများလည်း ရှိသည် ။
သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း များရှိနေမည်။
အသက်သေဆုံးသည် အထိ ဖြစ်နိုင်ပါသည်။

၂။ Heat Exhausion ( အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း)
ချွေးထွက်များပြီး Body အပူချိန် မြင့်မားခြင်း ၊ ဂနာ မငြိမ် ဖြစ်ခြင်း၊ ကြွက်တက်ခြင်း နှင့် နုံး ခြင်း၊ ရေ အလွန်အမင်း ဆာခြင်း။

၃။ Heat Cramps ( အပူဒဏ်ကြောင့် ကြွက်တက်ခြင်း)
အထူးသဖြင့် နေပူထဲတွင် ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများတွင် တွေ့နိုင်ပါသည်။

၄။ Sun burn (နေလောင်ခြင်း)
နီပြီးရဲသော အရေပြား ရှိခြင်း၊ အရေပြားပေါ်တွင် အရေကြည်ဖု များ ရှိခြင်း။

၅။ Heat Rash ( အပူနာ)
အနီရောင် အရေကြည် အဖုလေးများ ( အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်၊ ပေါင်ခြံ နှင့် တံတောင်ဆစ် ) တွေ့နိုင်ပါသည်။

🧑‍⚕️အရေးပေါ် ရှေးဦး ပြုစုခြင်း🧑‍⚕️

- လူနာကို အရိပ် အေးမြသော နေရာသို့ ရွေ့ထားပါ။
- လူနာ၏ ခြေရင်းဘက်ကို မြင့်ထားပေးရျ် ပက်လက်
အနေအထားဖြင့်ထားပါ။
- လူနာ၏ အဝတ်အစားများကို ချွတ်ပါ။
- လူနာ၏ လည်ပင်း၊ ချိုင်း နှစ်ဘက်၊ ပေါင်ခြံ နှစ်ဘက် တို့ကိုရေပတ်တိုက်ပါ။
- သတိကောင်းစွာရပါက ရေအေးအေး (သို့) ဓါတ်ဆားရည် တိုက်ပါ။

👉 ဆောင်ရန်

၁။ အရိပ်ရပြီး အေးမြသော နေရာတွင် သာ နေပါ။

၂။ အရောင်ဖျော့ဖျော့ ပွပွ ချောင်ချောင် ချည်ထည် များကိုသာ ဝတ်ဆင်ပါ။

၃။ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် တို့ကို နေပူထဲသွားတိုင်း ဆောင်ပါ။

၄။ ရေများများသောက်ပါ။

👉 ရှောင်ရန်

၁။ နံနက် ၁၀နာရီမှ ညနေ ၄နာရီ အတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှရှောင်ပါ။

၂။ ပူပြင်းသောနေရောင်အောက်တွင် အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ပါ။

၃။ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊‌ ရေခဲရည်သောက်ခြင်းတို့မှ ရှောင်ပါ။

၄။ ပူပြင်းသော နေရာမှ အေးသောနေရာ၊‌ အေးသောနေရာမှ ပူပြင်းသောနေရာ သို့ ချက်ချင်း ဝင်ထွက်ခြင်းမှ ရှောင်ပါ။

Ref :CDC ; warning signs and symptoms of heat related illnesses
MOHS : Prevention of heat stroke ,April 2020

to original post

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon