Lin Young Sinn

Lin Young Sinn

Share

19/03/2022

ပညာရဲ့သဘော....

31/01/2022

ဒေါသမဖြစ်ပါနဲ့
➖➖➖➖➖➖

ဒေါသော အတ္ထံ နဇာနာတိ-တဲ့
ဒေါသဖြစ်တဲ့သူတစ်ယောက်ဟာ-အကြောင်းမှန်အကျိုးမှန် ဤကာကုသိုလ်အကုသိုလ်
ကိုမသိနိူင်ဘူး၊ဒေါသဖြစ်နေတဲ့အတွက် အမှားအမှန်ကိုလည်းခွဲခြားဘို့မဖြစ်နိူင်ဘူး။

လူတစ်ချိုက သူတို့ဒေါသဖြစ်တတ်တာကို ဘယ်လိုဒေါသဖြစ်ကြောင်း
မဟုတ်မခံကြောင်း စိတ်မြန်လက္မြန်ကြောင်းကို လူသူရှေ့မှာအားပါးတရ
ပြောတတ်ကြတယ်။

ဒေါသဖြစ်နေတဲ့လူတစ်ယောက်ဟာ-လူသူတွေ​ေရှေ့မှာလည်း ရန်ဖြစ်ဘို့ဝန်မလေးသလို
အဲ့ဒီဒေါသဖြစ်နေတဲ့အချိန်မှာ ကြောက်တဲ့စိတ်၊ရှက်တဲ့စိတ်၊ပါတ်ဝန်းကျင်ကိုဂရုစိုက်
အလေးထားတဲ့စိတ်တွေဘာမှမရှိတော့ဘူး၊

ပါတ်ဝန်းကျင်မှာလည်းတွေကြုံရမှာပါ...စိတ်မြန်တတ်တဲ့သူတစ်ယောက်၊ဒေါသထွက်တတ်တဲ့
သူတစ်ယောက်နဲ့အလုပ်တွဲလုပ်ရတဲ့အခါအဆင်မပြေတာတွေကြုံတွေ့ရတတ်တယ်၊
ကိုယ်ကဒေါသဖြစ်နေရင်လည်း ကိုယ်နဲ့အလုပ်တွဲလုပ်ချင်တဲ့သူကရှိမှာမဟုတ်ဘူးလေ။

မိသားစုတစ်စုမှာလည်း စိတ်မြန်တတ်တဲ့ ထစ်ခနဲဆို ဒေါသလေးထွက္မှအလုပ်လုပ်တတ်တဲ့
အမေအဖေကြောင့် သားသမီးတွေ စိတ်ညစ်ရတယ် ေနရခက်ခဲတယ်၊အဲ့ဒီဒေါသတွေ​ေကြောင့်ပဲ
မိသားစုပျော်ရွှင်မူ့ဆိုတာမရှိနိူင်ဘူး၊

တစ်ချို့ကြတော့လည်း-ကိုယ့်ကိုကိုယ်တောင်မပိုင်တာကို ဘာမှမဟုတ်တဲ့သူတွေ
အတွက်နဲ့ ဒေါသတွေဖြစ်ကြ ဆဲကြဆိုကြ ရန်ဖြစ်ကြတယ်၊

ဒေါသဖြစ်တယ်ဆိုတာက ကိုယ့်စိတ်ကိုညှင်းဆဲတာနဲ့အတူတူပဲ
ကိုယ့်ဒေါသတွေကိုတစ်ခြားသူက အဖတ်မလုပ်ဘူး၊အရေးမလုပ်ဘူးဆိုရင်
ကိုယ်ပဲ စိတ်ပင်ပန်းရတာပဲလေ။

ဘာမှမဟုတ်တဲ့သူတွေအတွက်နဲ့ ကိုယ့်ရဲ့စိတ်ကိုဘာလို့အပင်ပန်းခံရမှာလဲ?
ကိုယ့်ရဲစိတ်မြန်မူ့ကြောင့်၊ဒေါသတွေဖြစ်မူ့ကြောင့်...
ကိုယ့်ပါတ်ဝန်းကျင် ကိုယ့်ရဲ့အနီးအနားမှာရှိတဲ့သူတွေပါ အပူတွေကူးစပ်ပြီး
စိတ်ဆင်းရဲတာပဲအဖတ်တင်မယ်လေ။

ဒါကြောင့်.......

ကိုယ့်အတွက်ဘာကောင်းကျိုးမှမပေးတဲ့သူတွေအတွက်နဲ့
ကိုယ့်စိတ်ကိုအပင်ပန်းမခံပါနဲ့။

ဒေါသဖြစ်ရင်ကိုယ့်ရဲ့စိတ်ပဲ ပင်ပန်းရတာမလို့
ကိုယ့်ရဲ့စိတ်ကိုမညှင်းဆဲပါနဲ့။

ကိုယ့်ရဲ့ဒေါသဖြစ်မူ့ကြောင့် ကိုယ့်ရဲ့ပါတ်ဝန်းကျင်ပါ
စိတ်ဆင်းရဲရတာမို့ ဒေါသတွေမဖြစ်ပါနဲ့။

ဖြစ်လာသမျှဒေါသတွေကို အသိ/သတိနဲ့ထိန်းချုပ်လိုက်ပါ။

မေတ္တာဖြင့်-___သျှင်ပညာဓဇ(မောင်သုည)30.1.2022

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Art

Website

Address


Yangon