Miss Home

Miss Home

Share

14/01/2022

😫ကျနော်ပိုက် ဆံသိပ်ရှိချင်တယ်

03/10/2020

အာလူးကြော် = ကင်ဆာ

အသင့်စားလေဖောင်းအာလူးကြော်တွေ၊ ဆိုင်မှာရောင်းတဲ့ အာလူးကြော်တွေမှ မဟုတ်ပါဘူး။ အိမ်မှာ ကိုယ့်ဖာသာကိုယ် ကြော်စားတဲ့ အာလူးကြော်ဟာလဲ အခန့်မသင့်ရင် ကင်ဆာဖြစ်စေတဲ့ ဓါတ်ပစ္စည်းတွေ ထွက်စေနိုင်ပါတယ်။ အာလူးလိုမျိုး ကစီဓါတ်များတဲ့ အစားအစာတွေကို အပူချိန်အမြင့်ကြီးမှာ ကြာကြာကြော်တာ၊ ဖုတ်တာ၊ကင်တာ တွေလုပ်ရင် ဓါတ်ပေါင်းတစ်ခုဖြစ်တဲ့ Acrylamide ဓါတ်ပေါင်းတစ်ခုထွက်ပေါ်လာပါတယ်။

အာလူးတွေကို ဆီအပူချိန် ၁၂၀ ဒီဂရီစင်တီဂရိတ်(၂၄၈ ဒီကရီဖာရင်ဟိုက်) မှာ ကြော်လိုက်တဲ့အခါမှာတော့ အာလူးတွေရဲ့ ကစီဓါတ်နဲ့ ဆီအပူနဲ့ ဓါတ်ပြုပြီး Acrylamide တွေထွက်ပေါ်လာပါတယ်။ အာလူးအနားသားလေးတွေလဲ မည်းလာပါတယ်။ ဒီလိုစမ်းသပ်ချက်ကို ၂၀၀၂ ခုနှစ်မှာ ဆွီဒင်နိုင်ငံမှ Eritrean မှ လေ့လာတွေ့ရှိခဲ့ပြီးတော့ အာလူးတင်မဟုတ်ဘဲ အခြား ကစီဓါတ်များတဲ့ ကန်စွန်းဥ၊ ဆန်၊ ပြောင်း၊ ပေါင်မုန့် နဲ့ အခြားသစ်စေ့တွေမှာလဲ ထွက်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အာလူးမှာတော့ ဒီဓါတ်ဖြစ်ပေါ်မှုဟာ အများဆုံးဖြစ်ပါတယ်။

ဒီဓါတ်ဟာ ခန္ဓာကိုယ်ထဲရောက်တဲ့အခါ Glycidamide အဖြစ်ပြောင်းလဲသွားပြီး သက်ရှိတွေရဲ့ ဆဲလ်တွေနဲ့ DNAတွေကို မျိုးပြောင်းမှုတွေဖြစ်ပေါ်စေပါတယ်။ အမေရိကန်နိင်ငံ OSHA နှင့် National Institute of Occupational Safety and Health အဖွဲ့မှ ပူးပေါင်းသုတေသန ပြုချက်တွေအရ တိရစ္ဆာန်တွေမှာ အသားလုံးတွေ(Tumor)၊ဂလင်းပျက်စီးတာတွေ၊ သိုင်းရွိုက်ဂလင်းထိခိုက်တာ၊ အဆုတ်နဲ့ ဝှေးစေ့တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပျက်စီးစေတာကို တွေ့ခဲ့ရပါတယ်။ လူတွေမှာတော့ များသောအားဖြင့် အမျိုးသားတွေရဲ့ သုတ်ကောင်တွေဟာ မျိုးပြောင်း
မှုတွေဖြစ်စေတာကို တွေ့ခဲ့ရပါတယ်။ လူတွေမှာ အာရုံကြောနှင့် မျိုးပွားမှုတွေ အဓိကထိခိုက်သလို ကင်ဆာဖြစ်စေနိုင်မှုလဲ မြင့်တက်တာကို လေ့လာတွေ့ခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်နိုင်ငံမှာ Acrylamide ကို အလွန်အန္တာရယ်ရှိပြီး အဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်းဟုသတ်မှတ်လိုက်ပြီး ကုလသမဂ္ဂ အစားအသောက်နှင့်စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တို့မှလဲ ကန့်သတ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အင်္ဂလန်အစားအသောက်အဆင့်အတန်းအေဂျင်စီကနေ အန္တာရယ်ရှိ ပစ္စည်းအဖြစ်ကြေငြာခဲ့ပါတယ်။

သြဂုတ် ၂၀၀၅ ခုနှစ်က အမေရိကန် ကယ်လီဖိုးနီးယားက ရှေ့နေ Bill Lockyer ဟာ အာလူးကြော်ထုတ်လုပ်တဲ့ ကုမ္မဏီတွေဖြစ်တဲ့ H.J. Heinz Co., Frito-Lay, Kettle Foods Ins နဲ့ Lance လိုနာမည်ကြီး ကုမ္မဏီတွေကို စားသုံးသူတွေကို Acrylamide လျော့ချစားသုံးနိုင်ရန် ထုတ်လုပ်ပေးဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ကုမ္မဏီတွေက သဘောတူညီခဲ့ပါတယ်။

မိမိတို့ ကိုယ့်အိမ်မှာကြော်စားလို့ ဘေးကင်းပြီမထင်ပါနဲ့၊ ဆီအပူချိန်မှာ အာလူးတွေကို ကြွပ်ရွအောင်ကြော်လိုက်ပြီဆိုရင်တော့ Acrylamide ကထွက်ပေါ်လာမှာပါ။ ဒါကြောင့်မို့ ဒီလိုအစားအစာ(အာလူး)ကို ကြော်စား၊ ဖုတ်စားမယ့်အစား ချက်စားတာ၊ ပြုတ်စားတာ တွေသာပြုလုပ်ပြီး စားသုံးသင့်တယ်လို့ အဟာရပညာရှင် Stephine Schiff က အကြံပြုထားပါတယ်။

Ref: Wikipedia
Tarke E. Acrylamide, a carcinogen found in heated foodstuffs,
2002.
Review of epidemiological studies of dietary acrylamide intake
and the risk of cancer.2010
WebMD.com
United States National Cancer Institute
Cancer.gov




Photo from google

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon