Ed Theory

Ed Theory

Share

Photos from Ed Theory's post 03/04/2025

Media Partnership Announcement

Ed Theory 🤝 The Umbrella

မကြာခင်က ဖြစ်ပွားခဲ့တဲ့သဘာဝဘေးအန္တရာယ်ကြီးတစ်ခုဖြစ်တဲ့ ငလျင်ဘေးဒဏ်ကြောင့် အသက်အိုးအိမ်တွေ၊ ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံများစွာကို လျှပ်တစ်ပြတ်အတွင်း ဆုံးရှုံးခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ ငလျင်နောက်ဆက်တွဲပြဿနာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အရေးပေါ်လိုအပ်ချက်တွေရှိနေပါတယ်။

ဒါကြောင့် အရေးပေါ်လိုအပ်ချက်တွေကို တစ်ဖက်တစ်လှမ်းမှကူညီဖို့အတွက် The Umbrella Youth Team မှ စီစဉ်ကျင်းပတဲ့ "တစ်မိုးအောက်အတူ ဖေးမလို့ကူ"ကိုEd Theory အနေနဲ့တစ်ပတ်ကြာ ကမ်ပိန်းလေးမှာ ပါဝင်အားဖြည့်ထားပါတယ်။ ဧပြီလ ၂ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ရက်ကန့်သတ်ထားပါတယ်။

ဒီကမ်ပိန်းမှာဆိုရင် လက်ရှိအချိန်မှာလိုအပ်တဲ့ Dead Body Bag တွေကို အဓိကလှူဒါန်းသွားမှာဖြစ်တဲ့အတွက် Fundraising တွေကို ဝယ်ယူစုဆောင်းမှုတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ အဓိကပစ်မှတ်ထားတဲ့မြို့တွေမှာ စစ်ကိုင်း၊ အမရပူရ နဲ့ ပျဉ်းမနားဖြစ်ပါတယ်။ ဒါ့အပြင် ပိုလျှံလာမဲ့အလှူငွေတွေကိုလည်း တစ်ခြားလိုအပ်သောဒေသသို့ ပြန်လည်ကူညီမှာဖြစ်တဲ့အတွက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လာရောက်လှူဒါန်းနိုင်ပါတယ်။ ဒါ့အပြင် ပါဝင်လှူဒါန်းသူတွေ ပြန်လည်ရရှိမဲ့ Benefit တွေကို အနည်းအကျဉ်း ပြောပြပါရစေ။

🧷 The Umbrella မှ မကြာခင်ဖွင့်လှစ်သွားမဲ့
Mental Development Club & Public Speaking Club

🧷 Ed Theory ရဲ့Upcoming GED Program 100%FREEတက်ရောက်နိုင်မဲ့အခွင့်အရေး
တို့ဖြစ်ပါတယ်။

ပါဝင်လှူဒါန်းလိုပါက အောက်ဖော်ပြပါ link မှတစ်ဆင့်ဝင်ရောက်လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းပြီးပါက Offical Certificate ရယူဖို့အတွက် Google Formမှာ Submit လေး ပြုလုပ်ဖို့ မမေ့ပါနဲ့နော်။

https://docs.google.com/forms/d/e/1FAIpQLSfwPqFjBIJOITW8f8nC0Fowu0tY7wZcKC72r2zWwRYo3GEKwA/viewform?usp=header

The Umbrella Youth Team ရဲ့ မူရင်းပိုစ့်မှာလည်း အသေးစိတ်ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=122147004080457035&id=61563711076433

ရရှိလာသောအလှူငွေစာရင်းများကိုလည်း လှူဒါန်းမှုပြီးစီးပါက ပြန်လည်ချပြသွားမှာဖြစ်ပြီး ပါဝင်လှူဒါန်းထားသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်လွှာများပေးအပ်သွားမှာ ဖြစ်ပါတယ်။

Donation Payment💳💰

1️⃣ KBZ Pay
09 454254316 (Min Thant Sin)

2️⃣ UAB Pay
09 885725708 (Thae Thae Theint)

3️⃣ AYA mobile banking
40030368321 (Thae Thae Theint)

4️⃣ CB Pay
0181600900003727 (Daw Thae Thae Theint)

5️⃣ AYA Pay
09 885725708 (Thae Thae Theint)

Photos from Ed Theory's post 10/02/2025

ဆောင်းပါးတစ်ပုဒ်အကောင်းဆုံးဖန်တီးချင်ကြလား❓

ကိုယ်ကစာရေးလည်း ဝါသနာပါတယ်။ ဒါပေမယ့် ကိုယ့် အတွေးအမြင်ရှုထောင့်တွေ ၊ ရှာဖွေတွေ့ရှိတဲ့အချက်အလက်တွေကို ရေးသားရမှာ လိမ့်ပတ်လည်အောင် ချမပြနိုင်တဲ့ အခက်အခဲရှိနေလား❓

တစ်ခါတလေ ရေးတော့ရေးလိုက်တယ်။ ကိုယ်ရေးထားတဲ့ဆောင်းပါးက စနစ်တကျမဖြစ်မှာစိုးရိမ်ဖူးကြလား❓

ဒီလိုအခက်အခဲတွေရှိရင် For The Future Myanmar က ကျင်းပမယ့် "Let's Write Articles" ( ဆောင်းပါးရေးကြမယ်။) ရဲ့ 3 ရက်တာ Training လေးကို တက်ရောက်ရင်း ဆောင်းပါးကောင်းတစ်ပုဒ်ဖန်တီးနိုင်စွမ်းကို အရယူလိုက်ကြရအောင်💪

Training တစ်လျှောက်လုံး Research article ရေးသားနည်းကို အဓိကအသားပေး ပို့ချမှာဖြစ်ပြီး

📌Article ရေးသားနည်းနာတွေ

📌Article နဲ့ ပတ်သက်တဲ့ သိအပ်တဲ့ ဗဟုသုတတွေ

📌လက်တွေ့လေ့ကျင့်နိုင်မယ့် လေ့ကျင့်ခန်းတွေ

ပါဝင်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင်သင်တန်းသုံးရက်တာပြီးရင် ဆုကြေးငွေတွေရရှိနိုင်မယ့်အခွင့်အရေးဖြစ်တဲ့ Article Competition လေးလည်းရှိနေသေးတာကြောင့် ဒီအခ့င့်အရေးလေးကို အမိအရ ဆုပ်ကိုင်လိုက်ကြအောင်။

ဒီလိုအကျိုးရှိမယ့် အချက်အလက်တွေကိုပို့ချပေးမယ့်

👨‍🏫Trainer - Ko Khant Nyar Thar ဟာဆိုရင်

📝article writing နဲ့ content creation အပိုင်းတွေမှာ အတွေ့အကြုံ (၂) နှစ်ရှိထားသူဖြစ်ပြီး Fact Hub Myanmar ရဲ့ကိုယ်ပိုင်ဆောင်းပါးရှင်အဖွဲ့ဦးစီးသူ အဖြစ် လုပ်ဆောင်လျက်ရှိပါတယ်။

📝နောက်ပြီး သမိုင်း နဲ့ သိပ္ပံ ဆိုင်ရာ တွေကို ဝါသနာပါသူပီပီ မဂ္ဂဇင်းဖန်တီးရေး နဲ့ Content တိုးတက်ရေး Program တွေမှာ လည်း တပွန်းတသီး ရှိပြီးသား သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီလိုအတွေ့အကြုံကောင်းတွေပိုင်ဆိုင်တဲ့ Trainer က Training ပေးမှာဆိုတော့ မလွတ်ရလေအောင် ဆောင်းပါးရေးသားနည်းကို စိတ်ဝင်စားတဲ့ Futureseers လေးတွေအနေနဲ့ ဒီ link လေးကနေ Register ဝင်ပြီး တက်ရောက်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်💞

Registration Link-
( https://docs.google.com/forms/d/e/1FAIpQLSc1lPa_mGf2iXEKndzOhB2bzNLtwOMwovQLDu850kucMAT3Ew/viewform?usp=dialog )

"Link လေးကိုတော့ (၆) ရက်တိတိ ဖွင့်ပေးထားမှာဖြစ်ပါတယ်။"

📌Training ကျင်းပသွားမည့် နေ့၊ရက်၊ အချိန်ကာလ

📆Date - Feb 14th, 15th, 16th
(Fri, Sat, Sun)
⏳Time - 7:30 PM to 9 PM
🕰Duration - 1:30 Hour
💻 Platform: Zoom

#ဆောင်းပါးရေးကြမယ်


( # Hashtags to be included)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon