Zaw Gyi
03/10/2024
တချိန်က ဗန်ဒီဘိခ်ဆိုတာက တန်ဟဂ်ကိုင်တွယ်ခဲ့ဖူးတဲ့ အေဂျက်ကြယ်စင်မှာ ခြေစွမ်းပြကစားခဲ့ဖူးသူ ၊ ၂၀၁၈ - ၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရီးရဲလ်နဲ့ ဂျူဗင်တပ်စ်တို့ကို ဆိုင်ရာအိမ်ကွင်းထိသွားပီ အနိုင်ပိုင်းဖူးတဲ့ အေဂျက်အသင်းရဲ့ အဓိက ကစားသမားဖြစ်ဖူးသူဆိုလည်း ဟုတ်တယ်၊ ဒီလိုနဲ့ ထင်ပေါ်ရာ ခေါ်တော်ကောက်ခံရပီး မန်ယူအသင်းဆီ ပြောင်းရွှေ့ခါမှ ရေထဲကို ကျောက်ခဲပစ်ချလိုက်သလို ခြေစွမ်းကျသွားရင်းနဲ့ အငှားထွက်ကစားလည်း ခြေပြန်မပေါ်၊ နောက်ဆုံးမှာ ဂီရိုနာအသင်းဆီ ယူရို၅သိန်းနဲ့ ရောင်းချခံရလိုက်ရသူပါ။ အခုနှစ်ရာသီ စပိန်လာလီဂါပွဲနွေမှာလည်း လူစားဝင်အဖြစ်သာ ပွဲထွက်နေခဲ့ရပေမယ့်လည်း
မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ဂီရိုနာအတွက် မိနစ်၈၀ ကျော် ကစားပေးနိုင်ခဲ့သလို သွင်းဂိုးတစ်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့တွေက မအောင်မမြင် ကျဆုံးနေတာကို ခံစားမိနေကြရတယ်၊ ဘာလုပ်လုပ်မဖြစ်ဘူးဆိုပီး သိမြင်နေကြရလို့ အချိန်တစ်ခုတော့ လိုအပ်နေတာ၊ အချိန်မကျသေးလို့ပါဆိုပီး ထိုင်စောင့်နေလို့တော့ မရဘူး။ ကျဆုံးတဲ့အရသာကို သိမြင်ပီး ကြိုးစားမှသာ အောင်မြင်ခြင်းအရသာက ပိုပီးချိုမြိန်တာဗျ။
Photo from
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon