Physics Knowledge

Physics Knowledge

Share

Photos from Physics Knowledge's post 23/09/2021

#စကားလုံးများ_ပုဂ္ဂလအထင်နှင့်ရူပဗေဒအမြင်...*

စကားနောက်တရားပါဆိုသလို
စကားလုံးရဲ့နောက်ကွယ်မှာ
ဆိုလိုရင်းအနက်တွေ ပါရှိနေပါတယ်။
စကားလုံး ဆိုတာ သူ့အတိုင်းဆိုပါက
အသုံးဝင်ကြ မှာမဟုတ်ပါဘူး။
စကားလုံးတွေရဲ့အနက်အဓိပ္ပာယ်ကြောင့်သာ
အသုံးဝင်ပြီး သုံးစွဲနေကြတာဖြစ်ပါတယ်။

စကားလုံးတွေဆိုတာဟာ ဘဏ်စာအုပ်တွေ
ချက်လက်မှတ်တွေနဲ့ အလားသဏ္ဍန်တူပါတယ်။
ကျွန်တော်တို့တွေဟာ
ဘဏ်စာအုပ်​တွေ ၊ချက်လက်မှတ်တွေကို
စက္ကူရွက်တွေအနေနဲ့
အသုံးပြုနေကြတာ မဟုတ်ပါဘူး။
ဘဏ်မှာစုထားတဲ့ငွေပမာဏတစ်ခုကို
ကိုယ်စားပြုပြီးသုံးစွဲနေကြတာဖြစ်ပါတယ်။

ဒီလိုပါပဲ စကားလုံးတွေဆိုတာ
တစုံတခုကို ကိုယ်စားပြုပြီးသုံးနေကြတာပါ။
တချို့သောစကားလုံးတွေဟာ
အကြောင်းအရာတစ်ခုကိုကိုယ်စားပြု
သုံးစွဲနေကြတာဖြစ်ပြီး
တချို့သောစကားလုံးများကတော့
ဖြစ်ရပ်တစ်ခုကို ကိုယ်စားပြုပြီး
သုံးစွဲ ကြတာဖြစ်ပါတယ်။

ခွေး၊ကြောင်၊ယုန် ဟူသော စကားလုံးများ၏
အဓိပ္ပါယ်ကိုလူတိုင်းနားလည်နိုင်ပေမယ့်
သိပ္ပံစကားလုံးတွေရဲ့အဓိပ္ပါယ်ဆိုလိုရင်းကို
သိနိုင်ဖို့ ခက်ခဲမှုတွေရှိနေပါတယ်။

ဥပမာ ဒြပ်ဆိုတဲ့သိပ္ပံစကားလုံးရဲ့
အနက်အဓိပ္ပါယ်ကို တိတိကျကျ
ပြောပြနိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။
စာတစ်ကြောင်း ရှုထောင့်တမျိုးတည်း
ဖော်ပြရုံနဲ့ အဓိပ္ပါယ်ပြည့်စုံမှာမဟုတ်ပါဘူး။

ဒြပ်ကိုအဓိပ္ပါယ်မဖော်နိုင်ပါက
ဒြပ်သား၊ဒြပ်စင်၊ဒြပ်ထု ဆိုတဲ့စကားလုံး
အဓိပ္ပါယ် ကိုပါတိတိကျကျသိနိုင်ဖို့ ပိုပြီး
ခက်ခဲပါလိမ့်မယ်။ ဒြပ်ထု ဆိုတဲ့
စကားလုံးအဓိပ္ပါယ်ကိုသေချာမသိလို့
ရှေ့ဆက်မလေ့လာဘူးဆိုပါကလည်း
ရူပဗေဒစာအုပ်ရဲ့ ရှေ့ဆုံးစာမျက်နှာကနေ
ထပ်လှမ်းနိုင်မှာမဟုတ်ပါဘူး။

ရူပဗေဒ စသင်တဲ့လူတစ်ယောက်က
ဒြပ်ထုကိုသင်နေတဲ့အချိန်မှာ
ဒြပ်ထုအကြောင်းကိုပဲ နားလည်ပါလိမ့်မယ်။
ရှေ့ဆက်သင်ကြားလို့ အလေးချိန်
အကြောင်းကိုသင်ရတဲ့အချိန်မှာတော့
ဒြပ်ထုနဲ့အလေးချိန်ကို
ခွဲခြားပြီးနားလည်ပါလိမ့်မယ်။

နားလည်ပါတယ် ဆိုတဲ့စကားလုံးကို
အလွယ်တကူသုံးနေကြပေမယ့်
ဘယ်အတိုင်းအတာအထိ နားလည်တယ်
ဆိုတာကိုတော့ တိုင်းတာဖို့ခက်ပါတယ်။
ဒါဟာ ရူပဗေဒဆရာတစ်ယောက်အနေနဲ့
ကိုယ့်ရဲ့ တပည့်ဘယ်အတိုင်းအတာအထိ
နားလည်ထားပြီး ဆိုတာကို တိတိကျကျ
သိအောင်လုပ်ဆောင်ပြီး နားလည်မှု Level
ကိုထပ်တိုးမြှင့်ပေးရမယ့်တာဝန်ရှိပါတယ်။
ရူပဗေဒလေ့လာတဲ့အခါမှာ စကားလုံးရဲ့
အဓိပ္ပါယ်ကို နားလည်နိုင်မှု Level မတူညီမှု
အပေါ်မူတည်ပြီး ယူဆချက်တွေ ကွဲလွဲ
နိုင်ပါ​သေးတယ်။ ဒါဟာ စကားလုံးအပေါ်
နားလည်မှု Level မတူတဲ့အခါ
ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ပါ။

နေ့စဥ်ဘဝမှာသုံးနေကြတဲ့ တချို့သော
စကားလုံးတွေကတော့ တိုင်းတာရ
ခက်ခဲလို့ နားလည်မှုမတူရတာပါ။
ဥပမာ-လှပမှု ဆိုသောစကားလုံးကို
ဘယ်အချက်တွေနဲ့တိုင်းတာလို့ရပါသလဲ။

*လှပမှု(Beauty)ဆိုသောစကားလုံးကို
ရူပဗေဒဖြင့်ရှုမြင်သုံးသပ်ခြင်း*

အရပ်အမြင့်(length) ကိုတိုင်းတာပြီး
စံသတ်မှတ်ချက်အတွင်းရှိမရှိကို ဦးစွာ
ဆန်းစစ်ရပါမယ်။ စံသတ်မှတ်ချက်အောက်
ငယ်ပါက အရပ်ပုနေ မှာဖြစ်ပြီး
စံသတ်မှတ်ချက်အထက် ရှိနေရင်တော့
အရပ်ရှည်နေမှာဖြစ်ပါတယ်။
ဒါကြောင့် စံသတ်မှတ်ချက်အတွင်း
ရှိနေမှသာ မပု မရှည်ဘဲ လှပနေမှာပါ။

နောက်တစ်ဆင့်အနေနဲ့
ဝ လား ပိန်လားဆိုတာကိုသိရှိနိုင်ဖို့အတွက်
(mass) တန်ဖိုးကိုစံသတ်မှတ်ချက်အတွင်း
ရှိ၊မရှိ ကို တိုင်းတာရမှာပါ။
စံသတ်မှတ်ချက်အတွင်းမရှိဘဲ
ကျော်လွန်နေလျှင် ဝ နေမှာဖြစ်ပြီး
စံသတ်မှတ်ချက်အောက်ရောက်နေလျှင်လည်း
ပိန်နေမှာဖြစ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့
အသက်ကြီးလားငယ်လားဆိုတာကိုသိနိုင်ဖို့
သက်တမ်း (time) ကိုတိုင်းတာရမှာ
ဖြစ်ပါတယ်။
စံသတ်မှတ်ချက်အောက်ရောက်နေရင်
နုနယ်နေမည်ဖြစ်ပြီး စံသတ်မှတ်ချက်အထက်
ရှိနေရင်လည်း ရင့်ရော်နေမှာပါ။
Length, mass, time (၃) ခုစလုံးဟာ
သတ်မှတ်ထားတဲ့ စံချိန်အတွင်း
ရှိနေမယ်ဆိုရင်တော့ ယေဘူယျအားဖြင့်
လှပသူလို့သတ်မှတ်ရမှာပါ။

မျက်လုံးတစ်ခုရဲ့ length,mass,time
နှာခေါင်းတစ်ခုရဲ့ length,mass,time
အစိတ်အပိုင်းတစ်ခုချင်းစီရဲ့
length,mass,time တစ်ခုစီကို
အသေးစိတ်တိုင်းတာပြီး
လှပမှုနဲ့ ပြည့်စုံမှုရှိမရှိ သိနိုင်ပါတယ်။
ဒါဟာ ရူပဗေဒသဘောအရ
တိုင်းတာမှုတစ်ခုသာ ဖြစ်ပါတယ်။

လူမှုဘဝလက်တွေ့မှာတော့
အမေဖြစ်သူက သားကောင်မလေးက
လှလည်းမလှဘူးလို့ပြောတဲ့အခါ
သားဖြစ်သူက သားမျက်လုံးနဲ့ကြည့်
အမေရာ လို့ပြန်ပြောခံရမှာသေချာပါတယ်။
တချို့သူတွေက ပု သူကိုမှ လှတယ်လို့
မှတ်ယူကြပြီး တချို့ကျပြန်တော့ ရှည်မှ
လှတယ်ထင်ကြပြန်ပါတယ်။

ဘာပဲဖြစ်ဖြစ်တိုင်းတာလို့ခက်ခဲတဲ့
စကားလုံးတွေရှိနေသ၍တော့
ကွဲလွဲမှုတွေရှိနေအုံးမှာပါ...

စာဖတ်သူတို့ရဲ့ အလှ(beauty)ဖွင့်ဆိုချက်
ကရော ဘယ်လိုပါလဲ...?
Cmt တွင်ရင်းနှီးစွာဆွေးနွေးနိုင်ပါတယ်။

-လေးစားစွာဖြင့်
U Aung Nyein Chan(SAT)
BSc(Hons),MSc,MRes(Phys)

Photos from Physics Knowledge's post 17/01/2021

*အက်ဆစ်မိုး...အကြောင်း*

အက်ဆစ်မိုးတွေရွာသွန်းတယ်ဆိုတာဟာ
ရွာချလိုက်တဲ့မိုးရေတွေမှာ
ရေဂုဏ်သတ္တိမရှိဘဲ
အက်ဆစ်ဂုဏ်သတ္တိရှိနေတာကို
ဆိုလိုတာပါ။

ရေ ဟုတ် မဟုတ်ဆိုတာကို
pH စကေး နဲ့သတ်မှတ်ရတာဖြစ်ပါတယ်။

ရေသန့်ရဲ့ pH ဟာ 7 ဖြစ်ပြီး
pH 7 ​အောက် ငယ်ရင်တော့ အက်ဆစ်
လို့သတ်မှတ်ပါတယ်။

မိုးရေအားလုံးဟာ
သဘာဝအားဖြင့်တော့
အက်ဆစ်ဂုဏ်သတ္တိနည်းနည်းတော့ရှိရပါတယ်။

အကြောင်းရင်းကတော့....
လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့
ပင်လယ်ထဲက ကလိုရိုဒ် တို့ပါဝင်နေလို့ပါ။
ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ
ကာဗွန်နစ်အက်ဆစ်(H2CO3) ဖြစ်စေပါတယ်။
ထို့အတူပဲ ကလိုရိုဒ်ကတော့
ဟိုက်ဒရိုကလိုရစ်အက်ဆစ်(HCl) ကို
ဖြစ်စေလို့ပဲဖြစ်ပါတယ်။

ဒီအတွက် လေထုညစ်ညမ်းမှုမရှိတဲ့
အရပ်ဒေသက မိုးရေတောင်မှ pH တန်ဖိုးဟာ
5.6 ဝန်းကျင်ရှိနေမှာဖြစ်ပါတယ်။
ဒါဟာ အက်ဆစ်ဂုဏ်သတ္တိရှိနေတယ်လို့
ဖော်ပြနေတာပဲဖြစ်ပါတယ်။

ယနေ့အချိန်မှာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့
မိုးရေဟာ pH 5 အောက်ကို
နိမ့်ကျနေ​ပြီဖြစ် ပါတယ်။
တစ်ချို့သောနေရာများမှာတော့
pH 4 အထိရောက်ရှိနေတာပဲဖြစ်ပါတယ်။
ဒီလို pH တန်ဖိုးနည်းနေခြင်းကို
အက်ဆစ်မိုးလို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်။

အက်ဆစ်မိုးရွာသွန်းရခြင်းရဲ့
အဓိက တရားခံကတော့
ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့
နိုက်ထရိုဂျင်အောက်ဆိုဒ်များကြောင့်ပဲဖြစ်ပါတယ်။

ဆာလဖာဒိုင်အောက်ဆိုဒ်ဟာ ရေနဲ့ဓာတ်ပြုပြီး
ဆာလဖြူရစ်အက်ဆစ်
ဖြစ်လာသလို နိုက်ထရိုဂျင်အောက်ဆိုဒ်ကလည်း
နိုက်ထရစ်အက်ဆစ်ကိုဖြစ်စေပါတယ်။
ဒီဓာတ်ငွေ့တွေဟာ ကျောက်မီးသွေး၊
သဘာဝဓာတ်ငွေ့၊ ဓာတ်ဆီ၊ဒီဇယ် နဲ့
ရေနံဆီတို့လောင်ကျွမ်းရာမှ
ထွက်လာတာတွေဖြစ်ပါတယ်။
အက်ဆစ်မိုးဟာ သက်ရှိများကို
သေကြေပျက်စီးစေနိုင်ပြီး
ဂေဟစနစ်ကိုလည်း ပျက်စီးစေပါတယ်။
အပင်တွေကိုလည်း သေစေနိုင်ပါတယ်။

အက်ဆစ်မိုးမရွာစေချင်ရင်တော့
ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့
နိုက်ထရိုဂျင်အောက်ဆိုဒ် ဆိုတဲ့
ဓာတ်ငွေ့တွေကို လေထဲမစွန့်ပစ်ဖို့လိုပါတယ်။
ဒီဓာတ်ငွေ့တွေကိုအဓိကထွက်စေတဲ့
မော်တော်ယာဥ် နဲ့ စက်ရုံတွေကိုမှာသုံးတဲ့
စက်အင်ဂျင်တွေကို
ဇီဝရုပ်ကြွင်းလောင်စာတွေအစား
တခြားနည်းလမ်းတစ်ခုခုနဲ့
စွမ်းအင်ရအောင်ဖန်တီးကြရမှာပဲဖြစ်ပါတယ်။

-လေးစားစွာဖြင့်
မျှဝေသည်-
U Aung Nyein Chan (SAT)
BSc(Hons),MSc,MRes(Phys)

Photos from Physics Knowledge's post 02/01/2021

*Diamond: A peek from physics...*
(ရူပဗေဒ ပညာရပ်က စိန်ကိုဘယ်လိုမြင်သလဲ)

ကမ္ဘာကြီးထက် စိန်ဟာပိုပြီး
အသက်ကြီးတယ် လို့ပြောရင်သင်ယုံမလား။
ဒါမှမဟုတ် တိတိကျကျပြောရရင်
ကမ္ဘာကြီးကို စိန်ထည်တစ်လုံးက
မွေးဖွားပေးလိုက်တာလို့ပြောရင်
သင်သိပ်အံ့သြသွားမလား။

ယုံတမ်းပုံပြင်မဟုတ်ဘဲ
Science Story (သိပ္ပံပုံပြင်) မို့
အချက်အလတ်တွေနဲ့ပြောပြမှ ဖြစ်မှာပါ။

ကမ္ဘာကြီးရဲ့ စတင်ဖြစ်တည်လာတဲ့
သမိုင်းကြောင်းကို ပြန်ပြီးသွားကြည့်ရအောင်ပါ။

အာလုံးလည်း ကြားဖူးပြီးသားဖြစ်မှာပါ။
(ကမ္ဘာကြီးဟာမြူမှုန်တစ်မှုန်ကစပြီး
ဖြစ်တည်လာတယ်ဆိုတာ....)

မြူမှုန်လို့ပြောတာထက် စိန်မှုန်လို့ပြောတာက
ပိုပြီးတိကျမယ်ဗျ။

(((- ဘယ်လိုအထောက်အထားတွေကြောင့်
စိန်မှုန်လို့ပြောရတာလဲ???)))

အက်တမ်တွေအားလုံးထဲမှာ
ကာဗွန်အက်တမ်က ခိုင်အမြဲဆုံး
stable အဖြစ်ဆုံး ရှေးအကျဆုံးဖြစ်ပါတယ်။

Carbon isotopes နှစ်မျိုးဖြစ်တဲ့
Carbon-14, နဲ့ Carbon-12 တို့ရဲ့
mass number အချိုးတန်ဖိုးကိုရှာပြီး ရှေးဟောင်းသုတေသနပစ္စည်းတွေရဲ့
သက်တမ်းကိုတွက်ထုတ်ရတာပဲဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Nuclear Physics ရဲ့
Carbon dating အပိုင်းမှာလေ့လာနိုင်ပါတယ်။ သက်ရှိရုပ်ကြွင်းတွေရဲ့ သက်တမ်းအပါအဝင်
ကမ္ဘာမြေကြီးရဲ့ သက်တမ်းကိုပါ
တွက်ထုတ်ပြထားပါတယ်။
စကြဝဠာ မှာ ကမ္ဘာကြီးမပေါ်ပေါက်လာသေးခင်အချိန် ကာလကတည်းက ကာဗွန်အက်တမ်တွေရှိနေခဲ့တာပါ။
(
ဒါဆို စိန်နဲ့ ကာဗွန်ဘယ်လိုပတ်သတ်နေတာလဲ။?
)
စိန်ထည်တွေရဲ့ Crystal Structure
(ပုံဆောင်ခဲတည်ဆောက်ပုံ) မှာ
strong အဖြစ်ဆုံး ကာဗွန်အက်တမ်တွေနဲ့
ဖွဲ့စည်းထားတယ်လို့သိရပါတယ်။
ဒါအပြင့် ကာဗွန်အက်တမ်တစ်လုံးကို
အခြားကာဗွန်အက်တမ် (၄) လုံးနဲ့ချိတ်ဆက်တည်ဆောက်ထားတာဖြစ်လို့
မာကြောမှုအရှိဆုံး စည်းနှောင်မှု
အကောင်းဆုံးဖြစ်တယ်လို့ Material Science ဘာသာရပ်ရဲ့အဆိုအရသိရပါတယ်။

ကမ္ဘာကြီးဟာ မြူမှုန်တစ်မှုန်ကနေ
ဖြစ်တည်လာတယ်ဆိုတဲ့ သိပ္ပံပညာရှင်တွေရဲ့
အဆိုအရ အဲ့ဒီမြူမှုန်ဟာ
ကာဗွန်နဲ့တည်ဆောက်ထားတဲ့
အစိုင်အခဲဖြစ်တယ်လို့ယူဆထားပါတယ်။
ဒီယူဆချက်ကြောင့်ပဲ အဲ့ဒီအစိုင်အခဲမြူမှုန်ဟာ
စိန် ဖြစ်တယ်လို့ကောက်ချက်ချပါတယ်။
အဲ့ဒီစိန်ကနေ ကမ္ဘာကြီးဖြစ်လာလို့
စိန်က ကမ္ဘာမြေကြီးကိုမွေးထုတ်ပေးလိုက်တာလို့တင်စားပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။
စိန်ရဲ့ melting point (အရည်ပျော်မှတ်)ဟာ
မြင့်လွန်းလို့ နေ (၇)စင်းထွက်လို့
ကမ္ဘာကြီးမီးလောက်ပျက်စီးသွားလျှင်တောင်
စိန်တုံးတွေဟာ အရည်မပျော်သွားဘဲ
ခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။

ကမ္ဘာကြီးမပေါ်သေးခင်အချိန်ကတည်းကနေ
ကမ္ဘာကြီးပျောက်သွားတဲ့အချိန်အထိ
စိန်တုံးတွေဟာဆက်ပြီးရှိနေမှာဖြစ်လို့
ကျောက်မြတ်ရတနာလောကမှာ စိန်ဟာ
Forever (ထာဝရ) ဆိုတဲ့
အဓိပ္ပါယ်ရှိနေရတာဖြစ်ပါတယ်။

စိန်ဟာအခြားအရာအားလုံးထက်
အမာကျောဆုံးဖြစ်လို့ မှန်တွေကိုဖြတ်တဲ့အခါ၊
နက်နဲတဲ့ရေနံတွင်းတွေတူးတဲ့အခါမျိုးမှာ
စိန်သွားပါတဲ့တူးစက်တွေနဲ့
တူးကြတာမျိုးဖြစ်ပါတယ်။
စိန်ကိုဖြတ်ချင်ရင် စိန်နဲ့သာပြန်ဖြတ်ကြရတယ်။ကွန်ကရစ်တုံးတွေကို
ထိုးချေဖျက်ဆီးပစ်လိုက်လို့ရတယ်။

ဒါကြောင့် စိန်ဟာ အတားအဆီး၊
အခက်အခဲမှန်သမျှကို
တွန်းလှန်ပစ်နိုင်တယ်၊ထာဝရခိုင်မြဲတယ်ဆိုတဲ့ ဂုဏ်သတ္တိတွေရှိလို့
စိန်ထည်ကိုလက်ထပ်လက်စွပ်၊
စေ့စပ်လက်စွပ်​တွေဖန်တီးပြီးလေးနက်တဲ့
အဓိပ္ပါယ်တွေနဲ့ချစ်ခြင်းမေတ္တာကို
ဖော်ကျူးကြတာပဲ ဖြစ်ပါတယ်။
ဆေးပညာရဲ့အဆိုအရ
ဘယ်ဘက်လက်ရဲ့ လက်သူကြွယ်ကို
နှလုံးသားကနေ
တိုက်ရိုက်စီးဆင်းတဲ့ သွေးကြောမျှင်တစ်ခု
ရှိနေတယ်လို့သိရပါတယ်။
ဒါကြောင့် လက်ထပ်လက်စွပ်ကို
နှလုံးသားနဲ့အနီးဆုံးဖြစ်တဲ့
အဲ့ဒီလက်ချောင်းမှာပဲ
ဝတ်ဆင်ကြတယ်လို့ဆိုပါတယ်။
နှလုံးသားနဲ့တိုက်ရိုက်ဆက်သွယ်နေတဲ့
လက်ချောင်းမှာ ထာဝရတည်မြဲနေမယ်၊
အခက်အခဲတွေကိုတွန်းလှန်ပစ်နိုင်တယ်ဆိုတဲ့လေးနက်မှုတွေပါဝင်နေပါတယ်။

ဒါတင်မကသေးပါဘူး...
ကမ္ဘာကြီးထက်တောင် အသက်ကြီးတဲ့စိန်တုံးရှေ့မှောက်မှာ မင်းတစ်ယောက်တည်းကိုပဲ
လက်ထပ်ပါရစေဆိုပြီး ကောင်လေးဘက်က promise (ကတိ)ပေးသလို
ကောင်မလေးဘက်ကလည်း
ရှင့်တစ်ယောက်တည်းကိုပဲလက်ထပ်မယ်ဆိုပြီး
စိန်တုံးရှေ့မှာပဲ promise
ပြန်ပေးကြတာဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ
သိပ္ပံလောကမှာပါမက
ကျောက်မြတ်ရတနာစျေးကွက်မှာပါ
စိန်ထည်တန်ဖိုးဟာအ​​မြင့်ဆုံးထိ
ဖြစ်တည်နေတာပဲဖြစ်ပါတယ်။

-လေးစားစွာဖြင့်
မျှဝေသည်-
U Aung Nyein Chan
BSc(Hons);MSc;MRes(Phys)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon