NCEL Mailbox

NCEL Mailbox

Share

01/10/2022

တို့ သ တိ ရ နေ မှာ ပါ ... 😞

28/08/2020

ပင်လုံ​ဆောင်ကြီးကို လွမ်းတာလား😁😁😁 Crush ​တွေကိုလွမ်းတာလား မှန်မှန်​ဖြေ​နော် မင်မင်က​တော့ ........မန့်မှာကြည့်👇👇👇👇

13/05/2020

Global ကျောင်းသားတစ်ယောက်၏ အမှတ်တရနေ့စွဲများ ( ၁ )

ကျွန်တော်နှင့် Global စတင်ခြင်း
-------------------------------------------------
3/2018 ဝင်ခွင့်ခေါ်တာက စတယ်လို့ပဲပြောရမှာပဲ။ ၂၀၁၈ ၈ လပိုင်းဝင်ခွင့်ခေါ်တော့ ကျွန်‌တော်တို့ ရုံးရဲ့သုံးပုံတစ်ပုံလောက် ဝင်လျှောက်ကြတယ်။ အပေါင်းအသင်းမင်တဲ့ ကျွန်‌တော်က အဖော်အဖြစ် ကျွန်‌တော်ဘေးက senior အစ်မကို တက်ဖို့ဆွယ်တော့ သူ့ခမျာ နှစ်ခါစဥ်းစားလိုက်ရဟန်မတူဘူး လုပ်လေ ချ ဆိုတာနဲ့ အများနည်းတူ ဝင်​လျှောက်ကြတယ်။ form link ချပေးမယ့်နေ့မှာ တက်​ကြွတဲ့ ကြက်ဖကြီးဖြစ်တဲ့ ကျွန်‌တော်က လိုအပ်တဲ့ data အချက်အလက်တွေ ပြင်ဆင်ပြီး ၉ နာရီဆိုတဲ့ အချိန်ကို စောင့်နေတယ်။ ကိုယ့်ဘေးနားက အစ်မကတော့ အေးအေးလူလူပဲ ခင်ဗျ။ ၈ ၄၅ မိနစ်ထိ ရုံးမှာ ကော့တော့ကော့တော့နဲ့ ကော်ဖီဖျော်လို့ကောင်းတုန်း။ မနေနိုင်တဲ့ ကျွန်‌တော်မှာ အစ်မဒါတွေ ဒါတွေပြင်ထား ဒါကဒီလိုရှိတယ် ဒါကဒီလိုပြင်ထားရတယ် ဒါတွေကမလိုဘူးပြောရင်း form link ကျလာတော့ ရုံးကလူ သုံးပုံ တစ်ပုံ ဝိုင်းဖြည့်ကြတာပေါ့။ ( တစ်မိနစ်အတွင်းဘာကြောင့် form submitted မဖြစ်လဲဆိုတာ သီးသန့်ခွဲရေးပေးပါမည်) အဲ့တစ်ခဏလေးက အတော့်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်။ ကောင်လေးက ကောင်မလေးကို ရည်းစားစကားပြောသလိုရင်ခုန်ဖို့ကောင်းတာတော​့အမှန်ပဲ။ ထားပါတော့ အဲ့တစ်မိနစ်ဆိုတဲ့ အချိန်လေးမှာ
"ဟဲ့ link ကျလာပြီလား "
"form ဖြည့်လို့ရပြီလား"
"လုပ်ပါဦး ငါ့ဆီမှာ link ကျမလာလို့"
တစ်ရုံးလုံး ဆူညံပွက်လောရိုက်သွားလိုက်တာ ထမင်းစားတဲ့ ချိန်ထိ မပြီးတော့။ ကိုယ့်မှာတော့မည်သို့ မည်ပုံဖြည့်လိုက်သည် မသိ ဖက်ဖက်နဲ့ ဖြည့်ပြီး ဖြစ်ပျက်နေတဲ့ သူ့တို့အဖြစ်ကို အော် သနားစရာသတ္တဝါလေးတွေပါလား ဒီform လေးဖြည့်တာ ဒီလောက်ဖြစ်စရာလိုလို့လားလို့တွေးနေမိတယ်။

နတ်ကြီးနေသော ပင်လုံဆောင်
----------------------------------------------
ဝင်ခွင့်ရရင် ဘာဆက်လုပ်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ အဲ့က Diploma ရရင် အလုပ်အတွက်အဆင်ပြေ​ြပီဆိုတဲ့ အတွေးကိုယ်စီနဲ့ ဝင်ခွင့်ကြေညာမယ့်နေ့ကို ကျွန်တော်လဲ အများနည်းတူစောင့်နေခဲ့တယ်။ ကျွန်တော့်ဘဝရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုထဲမှာ ရန်တက္ကသိုလ်မှာ ကျောင်းတက် ကျောင်းတက်ချင်တာလဲပါတယ်။ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်ဆိုတဲ့ စာအုပ်ထဲမှာ ခိုင်တက်ခဲ့ကျောင်းတော်ဆီကို ကျွန်တော်လဲ တက်ဖူးချင်တာလဲပါတာပေါ့။ No.23. နဲ့ ကျွန်တော့်နာမည်ကိုတွေ့လိုက်ရပါပြီ ကျွန်တော် အဖော်ညှိလိုက်တဲ့ senior အစ်မက No. 30 ပါလာပြီး တစ်ရုံးလုံးမှာ သူနဲ့ကျွန်တော်ပဲ ဝင်ခွင့်ပါလာခဲ့တယ်။ တစ်ရုံးလုံးအတူတူလျှောက်ပြီး အတူတူတက်ကြမယ်ဆိုတဲ့ အပြောတွေ အဆိုတွေဟာ အဲ့မှာပဲနှုတ်ဆိတ်သွားခဲ့ရတယ်။ ကံတရားလို့ပဲပြောမလား အချိုးအကွေ့တွေနဲ့အလှည့်အပြောင်းမှာ လူချင်းတူပေမယ့် ကံခြင်း မတူခဲ့ကြဘူး။ တစ်ယောက်ကတော့ သူ Japan မသွားခင်ထိလျှောက်နေတာ သူ Japan သာရောက်သွား ပါမသွားခဲ့ဘူး။ နောက်တစ်ယောက်ဆို အဲ့ကတည်းက စိတ်နာပြီးမလျှောက်တာ အခုထိပဲလို့ ဆိုရတော့မှာပဲ။ ဟုတ်ပါတယ်။ အဲ့နေ့က ကျွန်တော် ကံကောင်းသွားခဲ့တာပါ။

အိမ်မက်တွေနဲ့ တက္ကသိုလ်
---------------------------------------
ကျောင်းတော်ကြီးထဲခြေပြန်ချမလို့
နှင်းမြူပါးပါးလေးနဲ့ ကောင်းမလေးတစ်ယောက်
ရှိချင်ရှိနေဦးမှာ.....
ဒဂုံတက္ကသိုလ်မှာ သင်္ချာနဲ့ကျောင်း တက်လာတဲ့ လေးနှစ်တာကာလအတွင်း ကျောင်းအပ်ပုံစံနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကျင့်သားရနေတဲ့ ကျွန်တော်ဟာ ကျောင်းအပ်မယ့်နေ့မှာ ဘောပင် correction pen ကော်ဗူး အပြည့်အစုံထည့်သွားခဲ့တယ်။ ကျွန်တော်ကျောင်းအပ်တဲ့အချိန်က ဆရာ ဆရာမ ထမင်းစားချိန်မို့ ပင်လုံဆောင်ရှေ့က အုတ်ခုံလေးမှာ ရုံးက အစ်မနဲ့အတူ ထိုင်စောင့်နေရင်း ပတ်ဝန်းကျင်နဲ့ ကျောင်းတော်ကြီး အသွင်အပြင်ကို ငေးမောကြည့်နေခဲ့တာ
တသက်တာ မမေ့ခဲ့တဲ့ မြင်ကွင်းလေးပါ။ဟုတ်ပါတယ် အဖြူရောင် ဝတ်စုံလေးနဲ့ လှချင်တိုင်း လှနေတဲ့ သူမကို တွေ့ခဲ့ပါတယ်။ ဘေးက ကိုယ့်အစ်မကို တီးတိုးပြောရင်း ကျွန်တော်တို့နဲ့ တခန်းထဲ အတူတူ တက်ရင်ကောင်းမှာပဲလို့​ပြော တော့ ကျွန်တော့်ကို တစ်ခွန်းထဲပြောသွားရှာပါတယ် '' နှာဗူးကောင်တဲ့ ''။ အလှအပ ခံစားတတ်ခြင်းအနုပညာကို နားမလည်လို့ သူပြောတာလို့ ကျွန်တော်နားလည်လိုက်ပါတယ်။ ထားပါတော့။ အဲ့လိုနဲ့ပဲ form တွေတန်းဆီတော့ သူမက ကျွန်‌တော့်အနောက်မှာတန်းစီတော့ စိတ်လှုပ်ရှားမိတာအမှန်ပဲ။ form တွေဖြည့်တော့ ကျွန်တော်နဲ့ ရုံးကအစ်မနဲ့ ထိုင်ဖြည့်နေစဥ်မှာပဲ သူမ က ကျွန်တော့်ဆီတည့်တည့်လျှောက်လာပြီး ထိုင်ပါရစေဆိုတော့ ကူကယ်ရာမယ့်နေတဲ့သူ့ကို ကျွန်တော့်တို့ဝိုင်းမှာ ထိုင်ခွင့်ပြုလိုက်တယ်။ စိတ်ထဲမှာတော့ ပျော်လိုက်တာဆိုတာ ထခုန်မတတ်ဘဲ။ form ဖြည့်ဖို့လိုအပ်တာလေးတွေ ပြောပြရင်း ဓာတ်ပုံကပ်ရမယ့် အချိန် ကော်ဗူး မပါတဲ့ သူ့ကို ကြိုတင်ပြင်ဆင်လာတဲ့ ကျွန်တော့်ကပဲ ကော်ဗူးလေးထုတ်ငှားရင်း အဲ့နေ့က "ကျေးဇူးပဲ" ဆိုတဲ့ စကားတစ်ခွန်းကိုယ်ရလိုက်တယ်။ ကျောင်းအပ်တဲ့ကိစ္စတွေပြီးနောက် ကျွန်တော့် အိမ်ပြန်လမ်းမှာ ဝမ်းသာပီတိဂွမ်းထိဖြစ်ပြီး စိတ်ကူးထဲမှာ သူ့ကို ပေးမိလိုက်တဲ့နာမည်က
" ပိုး ဟပ် ဖြူ " ........

*k

မတော်တဆ စာလုံးပေါင်းအမှားများကို သည်းခံပြီး ဖတ်ရှူပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

အပိုင်း ( ၂ ) https://m.facebook.com/story.php?story_fbid=102932348098366&id=101225744935693

Want your university to be the top-listed University in Yangon?
Click here to claim your Sponsored Listing.

Address


Yangon

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30