Marm Properties
22/01/2026
ခိုင်မာသော အာမခံချက်နှင့်အတူ မိတ်ဆွေတို့ရဲ့
အိမ်ခြံမြေအိပ်မက်များကိုအကောင်အထည်ဖော်ပေးမယ့်
Marm Properties" ✨
မိတ်ဆွေတို့ရဲ့ ဘဝတစ်သက်တာ စုဆောင်းထားသမျှတွေကို ရင်းနှီးမြှုပ်နှံမယ့် အိမ်ခြံမြေကိစ္စရပ်တွေမှာ "ယုံကြည်စိတ်ချရမှု" က အရေးကြီးဆုံး မဟုတ်ပါလားရှင့်။
Marm Properties သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ တရားဝင်မှတ်ပုံတင်ထားသော MARM COMPANY LIMITED (Registration No. 145129249) အောက်တွင် Professional ဆန်သော ဝန်ဆောင်မှုများဖြင့် မိတ်ဆွေတို့ထံသို့ ရောက်ရှိလာပါပြီ။ 🤝
ဘာကြောင့် Marm Properties ကို ရွေးချယ်သင့်တာလဲ?
Marm Properties မှာ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မယ့် အချက် (၃) ချက်ရှိပါတယ်။
✅ ခိုင်မာသော တရားဝင်ရပ်တည်မှု၊ ကုမ္ပဏီတရားဝင် မှတ်ပုံတင်ထားသည့်အတွက် စာရွက်စာတမ်းနှင့် ဥပဒေရေးရာများတွင် အပြည့်အဝ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း။
✅ တိကျမှန်ကန်သော သတင်းအချက်အလက်၊ ဈေးကွက်ပေါက်ဈေးနှင့် မြေပြင်အခြေအနေကို သေချာစွာ စိစစ်ပြီးမှသာ ဝန်ဆောင်မှုပေးခြင်း။
✅ စိတ်တိုင်းကျ ဝန်ဆောင်မှု၊ ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် မျှတသော ကြားခံဆောင်ရွက်ပေးခြင်း။
Marm Properties Team မှ ပေးအပ်နေသော ဝန်ဆောင်မှုများ -
🏠 နေထိုင်ရန်: အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒိုများ ရောင်းချခြင်းနှင့် ငှားရမ်းခြင်း။
🏭 စီးပွားရေးအတွက်: စက်မှုဇုန်မြေများနှင့် မြေကွက်ကျယ်များ ရှာဖွေပေးခြင်း။
⚖️ ဥပဒေရေးရာ: အိမ်ခြံမြေနှင့် ပတ်သက်သော စာချုပ်စာတမ်းဆိုင်ရာ အကြံပေးခြင်း။
"Building Your Future with Trust - Marm Properties" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး အနာဂတ်အတွက် အကောင်းဆုံး လက်တွဲဖော် ဖြစ်ပါရစေ။
📍 စုံစမ်းမေးမြန်းရန်
📞 ဖုန်း - 09970836061 , 09 681475426
🏠 လိပ်စာ - No.173,Sabal Chan (3 )St,Hlaing,Yangon.
22/07/2025
🫧ဂရန်မြေကို ဝယ်ယူလျှင်
အရေးကြီးဆုံးအချက် ၁၀ ချက်
အရောင်းအဝယ် စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။
1️⃣ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူပြီးစည်ပင်မှာစစ်ဆေးပါ။
2️⃣စရန်ကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာလျှင် စရန်ချပါ။
3️⃣စရန်ချပြီးသည်နှင့်တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။
အောက်ပါ ၄-မျိုး ရမှငွေပြေချေပါ။
1️⃣အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။
2️⃣မူရင်းဂရန် အမည်ပေါက်ထံမှ SP။
3️⃣မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။
4️⃣မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။
ဝယ်ယူပြီးနောက် အောက်ပါ ၃-ဆင့်။
1️⃣ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်စောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။
2️⃣ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။
4️⃣ အားလုံးပြီးမှ မြို့တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။
#ဆရာကြည်စိုးICကိုလေးစားလျှက်
22/04/2024
ဝရန်တာမှာ အနားယူဖို့ ပြင်ဆင်ထားတဲ့ ပုံလေးတွေ ဖြစ်ပါတယ်
မိမိအိမ်မှာ ဝရန်တာရှိရင် ပြင်ဆင်လို့ရတာပေါ့
လိုအပ်ရင် သိမ်းထားပါ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon