Naing Family

Naing Family

Share

16/12/2021

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ
======================================
အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်

- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေ ရှင်လက်မှတ်

- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။
Credit: The kumudra journal

29/11/2021

လူနေထိုင်ခွင့် ( BCC) ဆိုတာဘာလဲ...

တချို့နေရာတွေမှာ အဆောက်အဦးဆောက်လို့ပြီးနေပေမယ့် ဘာကြောင့် လူနေထိုင်လို့ မရတာလဲ...

BCC ဆိုတာ တိုက်ခန်းရောင်း၊ဝယ် လုပ်ရင် ဘယ်လိုအရေးပါသလဲ....ဆိုတာတွေကို အိမ်ပိုင်ရှင်တွေအနေနဲ့ မဖြစ်မနေ သိထားရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်....

တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ(BCC) စာရွက်ဆိုတာ
************************************************
BCC စာရွက်ဆိုတာ ( Building Complete Certificate ) (လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ ခေါ်ဆိုပါတယ်။ အဲဒီစာရွက်လေးဟာ တိုက်ခန်းတစ်ခန်း ဝယ်ယူမယ်ဆိုရင် အခြားလိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့ အတူ BCC စာရွက်လေး ကိုလဲ အဓိကထား စစ်ဆေးသင့်ပါတယ်။ အဆိုပါ စာရွက်ဟာ လူနေထိုင်ခွင့်ပုံစံ စာရွက်ဖြစ်သလို နောင်တစ်ချိန် အရောင်းအဝယ် ပြန်လုပ်တဲ့ အခါမှာ မရှိမဖြစ် လိုအပ်တဲ့ စာရွက်ဖြစ်ပြီး အဲ့ဒီစာရွက်မရှိပါက ရောင်းဝယ်ဖို့ ကြန့်ကြာနိုင်ပါတယ်။

ဘီစီစီစာရွက်ပါလို့ ပေးလိုက်ပေမယ့် ဘီစီစီစာရွက်လို့ မသိကြတဲ့သူတွေ ရှိ နေပါတယ်။
ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ် ။
အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ် ။
ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာလို့ ခေါ်တာပါ။
ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်းသိထားတဲ့သူတွေက ဘီစီစီစာရွက်လည်း မြင်ရော “လူနေခွင့်ပြုသည်” ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူ နဲ့ အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ် ။
ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ဝယ်သူက သေချာမသိတာပါ..။

ဒါကြောင့် ဒီလိုပြဿနာတွေ ဖြစ်နေတဲ့ အပေါ်ဘီစီစီ ဆိုတာကို နားလည်နိုင်စေဖို့ ဖြစ်ပါတယ်။

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့ ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ထုပြီး ပါတာကို ဘီစီစီ ထင်တာပါပဲ..။
လူနေထိုင်ရန် ဆိုတဲ့ စာလုံးအကြီးပါတဲ့စာရွက်က ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ..။
လူနေရန် ဆိုတဲ့ စာလုံးကြီးကြီးပါနေတာက လုပ်ငန်းလုပ်ရန်( Commercial) နဲ့ ခွဲခြားသတ်မှတ်ထားတာပါ..။
ဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ ဆိုလိုတာပါ..။
တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီးစီးသွားရင် ဘီစီစီလျောက်ရပါတယ်..။
ဘုတ်စိမ်းစာရွက်တစ်ခုနဲ့တင် မပြီးပါဘူး..။
ဘီစီစီစာရွက်ပါ ပါရပါတယ်..။
ဘုတ်စိမ်းစာရွက်(လူနေထိုင်ရန် လို့ ပါတဲ့စာရွက်)ပဲပြနိုင်ရင် တရားဝင် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။
အဆောက်အဦးပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ်ရပါတယ်..။
လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်..။
ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့ မလိုပါဘူး..။
ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။
တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက ဘီစီစီပါကြပါတယ်..။
တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်..၊ ဘီစီစီမတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်..။(တစ်လုံးတစ်လေ ရှိပါတယ်..။)
၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ..။

၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်..။

ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်..။

(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။ ဒါမို့လို့ မိမိက သိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချပေးတော့ပါတယ်..။

အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ..။
ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့ မီတာ ထပ်လျောက်ရပါတယ်..။
၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်..။

(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ ဈေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး..။)

တစ်ခါတုံးက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းရောင်းပေးတော့ စာရွက်စာတမ်းကို ရှေ့နေနဲ့စစ်တာကို အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်..။

(စိတ်ကို တော်တော်လေသွားပါတယ်..။)

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းပြမှ လက်ခံသွားပါတော့တယ်..။

တိုက်ခန်းမဝယ်ခင် ဒီစာကို အသေးစိပ် နားလည်အောင်ဖတ်သွားရင် အကျိူးရှိပါတယ်..။

မိမိနဲ့ တိုက်ခန်းဝယ်ဖို့ရှိနေတဲ့ မိတ်ဆွေတွေကို ဒီပို့စ်ကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိစိတ်ထဲမှ မရှင်းလင်းမှုကို ချေဖျက်နိုင်ကြပါစေ..။
BCC စာရွက်မူရင်းပုံစံကိုတွဲလျက်ဖော်ပြပေးလိုက်ပါတယ်
#ဥပဒေရေးရာ

Photos from Naing Family's post 23/10/2021

SP, GP တွေ ဘယ်အချိန်မှာ ပျက်ပြယ်နိုင်လဲဆိုရင် ဒီအချက်(၇)ချက်ကြောင့် ပျက်ပြယ်နိုင်ပါတယ်။

ကျွန်မတို့ဟာ အိမ်ခြံမြေဝယ်မယ်ဆိုရင် Special Power ၊ General Power တို့ကို တောင်းကျပါတယ်။ Special Power ၊ General Power တို့ဟာ ဒီအချက်(၇)ချက်‌ကြောင့် ပြန်လည်ပျက်ပြယ်သွားနိုင်တယ်ဆိုတာကိုတော့ သိတဲ့သူရှိသလို မသိသေးသူများလည်း ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မသိသေးသူများအတွက် မျှဝေပေးလိုက်ပါတယ်။ အဲဒီအချက်(၇)ချက်ကတော့-

(၁) SP, GP အားပြန်လည်ရုပ်သိမ်းသောအခါ
SP, GP ကိုလွှဲပေးသူကအကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ ထိုသို.ရုပ်သိမ်းသောအခါ SP, GP တွေဟာ ပျက်ပြယ်သွားတတ်တယ်။

(၂) လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း
SP, GP တို.ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွှဲအပ်ပေးပေမယ့် လက်ခံရမယ့်သူက
အကြောင်းတစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လျှင် ထို SP, GP တို့ဟာ ပျက်ပြယ်ပါတယ်။

(၃) ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည်
SP တစ်စောင်ကို အကြောင်းအရာတစ်ခုဖြင့် လွှဲအပ်ပေးပါတယ်။ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို.နဲ. ခြံစည်းရိုးခတ်ရန်။ အဲဒီလိုအကြောင်းအရာနှစ်ခုနဲ့ လွှဲအပ်ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံမြေရာဇဝင် ထုတ်ယူဖို.နဲ.ခြံစည်းရိုးနဲ.ပတ်သက်တဲ့ ကိစ္စအဝဝပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာ ထို SP သည် ပြီးဆုံးခြင်း၊ ပျက်ပြယ်ခြင်းသို့ရောက်ပါတယ်။

(၄) လွှဲအပ်/ လက်ခံသူတစ်ဦးဦးသေဆုံးခြင်း
SP, GP တို.ကို လွှဲအပ်သူ(သို.)လွှဲအပ်ခြင်းလက်ခံသူတစ်ဦးဦး သေဆုံးသွားခဲ့လျှင် ထို SP, GP တွေဟာ ပျက်ပြယ်ခြင်း၊ ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၅) ရူးသွပ်ခြင်း

အလားတူပင် SP, GP တို့ကို လွှဲအပ်/ လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လျှင်လည်း ထို SP, GP တို့သည် ပျက်ပြယ်သည် (သို့မဟုတ်) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၆) နှစ်ရှည်ထောင်ကျခြင်း

SP/GP တို့ကို လွှဲအပ်သူ(သို့မဟုတ်)လက်ခံသူတစ်ဦးဦးသည် နှစ်ရှည်အကျဉ်းထောင်ကျခြင်းခံခဲ့ရပါမူ ထို SP, GP တို့သည် ပျက်ပြယ်ခြင်း(သို့မဟုတ်) ပြီးဆုံးခြင်းသို့ ရောက်ပါတယ်။

(၇) လူမွဲအဖြစ်ခံယူကြခြင်း
SP/GP တို့ကို လွှဲအပ်သူ(သို.) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ် ခံယူလိုက်လျှင် အဲဒီ SP, GP တို့သည် ပျက်ပြယ်ခြင်း (သိုမဟုတ်) ပြီးဆုံးသွားပြီးလို့ မှတ်ယူရပါမယ်။

ဒါကြောင့် SP, GP တွေကို တရားကြီးယုံစာ၍မရနိုင်ပါ။ အကျိုးဆောင်ကြီးများ ကိုယ်တိုင်ဝယ်တာဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက် ဝယ်တာပဲဖြစ်ဖြစ် SP, GP ကို ဆောင်ရွက်ပေးတတ်ကြရပါတယ်။ သို့မဟုတ် စစ်ဆေးပေးတတ်ကြပါတယ်။ အဲဒီလိုဆောင်ရွက်/ စစ်ဆေးပေးကြရာတွင် အကြောင်းတစ်ခုခု တိုက်ဆိုင်နေလျှင် တဖက်ကတင်ပြတောင်းဆိုလာတဲ့ SP, GP ဟာခိုင်လုံခြင်းရှိ/မရှိဆိုတာ တိတိကျကျဆုံဖြတ်ကြပါ။
ပဋိညာဉ်အက်ဥပဒေကိုလည်း ဖတ်ရှု့လေ့လာနိုင်ပါတယ်ရှင့်။

# Credit .

19/10/2021

အမွေပေးခြင်း(သို့) ပေးကမ်းစာချုပ်ချုပ်ဆိုမည်ဆိုလျှင်
=================
“ပေးကမ်းစာချုပ်” ချုပ်မယ်ဆိုရင်

စိန်၊ ရွှေအစရှိသော ရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကိုပေးကမ်းတဲ့နေရာမှာ စာချုပ် ချုပ်ပြီိးပေးကမ်းလို့လည်းရတယ်၊ စာချုပ်မချုပ်ဘဲလည်း ပေးလို့ရပါတယ်။

မြေ၊ အိမ် အစရှိတဲ့ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းမယ်ဆိုရင်တော့ ပေးကမ်းခြင်း စာချုပ်ပြုလုပ်ရပါမယ်။

ပစ္စည်းပိုင်ရှင်အနေနဲ့ မိမိပိုင်ပစ္စည်းတွေကို မိမိဆန္ဒအလျောက် ပေးကမ်းခွင့်ရှိတယ်လို့ အခြေခံသဘောအားဖြင့် ဆိုရမှာဖြစ်ပေမယ့် မိမိပိုင်ပစ္စည်းအားလုံး ပေးခွင့် ရှိ၊မရှိ ဆိုတဲ့ပြဿနာတစ်ရပ် ရှိပါတယ်။ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး၊ လွှတ်တော်စာမျက်နှာ ၄၇၁ အမှုမှာ ပါတဲ့ အချက်က သတိပြုရမယ့်အချက်ပဲဖြစ်ပါတယ်။

အသက်၂၇ နှစ်အရွယ်ရှိ ဒေါ်ရွှေရီဆိုသူဟာ မသေမီ ၉ ရက်အလိုမှာ မှတ်ပုံတင်အရာရှိကို အိမ်ကိုခေါ်ပြီး ပေးကမ်းစာချုပ်ပြုလုပ်မှတ်ပုံတင်စေပါတယ်။ စာချုပ်မှာ သူ့ရှိသမျှပစ္စည်းအားလုံးကို နှစ်ပေါင်းများစွာ သူ့ကိုပြုစုနေခဲ့တဲ့သူကို ပေးကမ်းလိုက်ခြင်းဖြစ်ပါတယ်။ ဒေါ်ရွှေရီဟာ နှစ်ပေါင်း အတော်ကြာကြာ ကိုယ်ရေပြားရောဂါဖြစ်နေပြီး မှတ်ပုံတင်စာချုပ် ချုပ်လုပ်တဲ့အချိန်မှာတော့ ကျန်းမာရေးမကောင်းတော့ပါ။

ဒီလိုချုပ်ဆိုတဲ့ စာချုပ်ကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ မညီညွတ်တဲ့အတွက် တရားလွှတ်တော်က အတည်မပြုပါဘူး။ တရားလွှတ်တော်က အကြောင်းရင်းနှစ်ရပ်ပြပေါသည်။ ပထမအကြောင်းက သေခါနီးဆဲဆဲ ပေးကမ်းတာဖြစ်ပါတယ်။ ဒုတိယအကြောင်းက သေသူဟာ ရှိသမျှပစ္စည်းအားလုံးကိုပေးကမ်းတာဖြစ်ပါတယ်။

အထက်ဖော်ပြပါ စ်ီရင်ထုံးနဲ့ ဓမ္မသတ်ခြောက်စောင်တွဲ အခန်း၈၊ ပုဒ်မ ၇၅ တို့ကိုထောက်ထားပြီး ပစ္စည်းရှင်ဟာ မိမိပိုင်ပစ္စည်းကို မိမိဆန္ဒအလျောက် ပေးကမ်းခွင့်ရှိပေမယ့်် အမွေစားအမွေခံတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်လောက်အောင် ရှိသမျှပစ္စည်းအားလုံး ပေးကမ်းခွင့်မရှိဘူးဆိုတဲ့သဘောပါ။

ဒါကြောင့် ပေးကမ်းခြင်း စာချုပ် ချုပ်ဆိုရာမှာ…

၁။ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို ပေးကမ်းတာဆိုလျှင် စာချုပ်ပြုလုပ် ချုပ်ဆိုရပါမည်။

၂။ အဆိုပါစာချုပ်ကို မှတ်ပုံတင်ရပါမည်။

၃။ အလိုအလျောက် မေတ္တာသက်၀င်ချစ်ခင်မှုဖြင့် ပေးကမ်းတာမျိုးဖြစ်ရပါမယ်။

၄။ ပေးကမ်းခြင်းခံရသူက ပေးကမ်းခြင်းကို လက်ခံသဘောတူကြောင်း ဖော်ပြပါရှိရပါမယ်။

၅။ ပေးကမ်းတဲ့ ပစ္စ္စည်းစာရင်းဇယား ဖော်ပြပါရှိရပါမယ်။

၆။ ဆိုင်ရာက ထုတ်ပေးတဲ့ ပစ္စည်းတည်ရှိရာမြေပုံ၊ မြေရာဇ၀င် ပူးတွဲပါရှိရပါမယ်။

၇။ ပေးကမ်းသူပ်ိုင်ဆိုင်ကြောင်း မရွေ့မပြောင်းနိုင်တဲ့ပစ္စည်း ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား ပူးတွဲဖော်ပြပါရှိရပါမယ်။

၈။ စာချုပ်မှာ အသိသက်သေနှစ်ဦး အနည်းဆုံးပါရှိရပါမယ်။

၉။ ပေးကမ်းစဉ်မှာ ပေးသူအနေနဲ့ အသက်ရှင်လျက်ရှိနေမှ ပေးနိုင်ခွင့်ရှိပါမယ်။

၁၀။ လက်ခံသူအနေနဲ့လည်း အသက်ရှင်ဆဲရှိမှသာ လက်ခံနိုင်ပါမယ်။ သေဆုံးမှဆိုလျှင် ပေးကမ်းခြင်း ပျက်ပြယ်ပါမည်။

၁၁။ တည်ရှိလတ္တံပစ္စည်း ဒါမှမဟုတ် အနာဂါတ်ပစ္စည်းကိုပေးကမ်းခြင်းမပြုနိုင်ပါဘူး။

၁၂။ အပေးခံရတဲ့သူဟာ တစ်ဦးထက်ပိုနေပြီး တစ်ဦးက ပေးကမ်းတာကို လက်မခံရင် လက်မခံသူအတွက်သာ ပေးကမ်းခြင်း ပျက်ပြယ်ပြီး ကျန်လက်ခံသူတွေအတွက်တာ့ ပေးကမ်းခြင်းက အတည်ဖြစ်ပါတယ်။

၁၃။ ပေးသူပိုင် ပစ္စည်းအားလုံးကို ပေးတာဆိုလျှင် ပေးစဉ်အခါက ပေးသူမှာ တင်ရှိနေတဲ့ကြွေးမြီးအားလုံးအတွက် ပေးတဲ့ပစ္စည်းနဲ့အညီ လက်ခံသူအပေါ်မှာ တာ၀န်ရှိပါသည်။

၁၄။ ပစ္စည်းတန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။

၁၅။ ပေးကမ်းသူမှာ အမွေစားအမွေခံရှိနေရင် ပေးကမ်းသူပိုင် ပစ္စည်းအားလုံးကို အမွေစားအမွေခံမဟုတ်သူကို ပေးလို့မရပါဘူး။

ဆရာဦးကျော်ဇေယျ၏ စာချုပ်အမျိုးမျိုးချုပ်ဆိုခြင်း

***********************************

18/10/2021

# အသုံးလိုတဲ့ချိန် မရှာရအောင် Share ထားပါ။

✅မြန်မာနိုင်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။

✅အလည်passport မှ အလည် Visa နှင့်သွားလို့ရပါမယ် ။

✅ကျန်passport ဆို သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုအပ်ပါလိမ့်မယ်။

✅နိုင်ငံကူးလက် မှတ်ကအမျိုးအစား (၉ )မျိုးပါ

1. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေး

2. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေး

3. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေး

4. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေး

5. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

6. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေး

7. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေး

8. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

9. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

👉အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

1- အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

2- အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

3- အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

4-ပန်းရောင်
ယာယီနိုင်ငံကူးလက် မှတ်...

"နိုင်ငံကူးလက် မှတ် Passport အတိုသင်္ကေတ

PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မှီခိုပတ်စ်ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

👉 PD ပတ်စပို့သည် အပြာရောင်၊
👉PO ပတ်စပို့မှာ အစိမ်းရောင်ပါ။

17/10/2021

ဒီလို ဂရန်မျိုးကို ဈေးတန်လို ဝယ်ယူမည်ဆိုပါက နောက်တစ်ချိန်မှ ပြဿနာဖြစ်နိုင်ပါတယ်နော်။ သတိထားကြပါ........

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon