Lwin Zaw Phyo -Practical

Lwin Zaw Phyo -Practical

Share

19/11/2023

ြောင်းအပိုင်း2
♦️♦️♦️♦️♦️♦️♦️♦️♦️♦️
PLC ကို ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားသလဲ
ဆိုလျင်....
(1)PLC Input အပိုင်း
(2)PLC Output အပိုင်း
(3)PLC Processor အပိုင်း(CPU)
(4)PLC Memory အပိုင်း
(5)PLC Power Supplyအပိုင်းဆိုပြီး
အခြေခံ အပိုင်း 5ပိုင်း ရှိပါတယ်

အပိုင်း(1)မှာ Input,Output အကြောင်းတွေနဲ့
အတူ Processorအပိုင်းကို အနည်းငယ်
တင်ပြပေးထားခဲ့ပါတယ်

အခုဆက်လက်ပြီး PLC Processorအပိုင်းကိုပဲ လွယ်လွယ်ကူကူနဲ့နားလည်အောင် ထပ်မံ၍
အတိုချုံ့ ရှင်းပြပေးသွားပါဦးမယ်

လူတစ်ယောက်မှာဆိုရင် အဓိကအားဖြင့် ထိန်းချုပ်Controlလုပ်ပေးတာက ဦးနှောက်ကဖြစ်ပါတယ် အဲံဒီအတိုင်းပဲ PLCဆိုတဲ့ Unitကြီး တစ်ခုလုံးကို ကိုင်တွယ် ထိန်းချုပ်ပေးနေတာဟာ PLC Processor ဖြစ်ပါတယ် Central Processing Unit လို့ခေါ်တဲ့ CPUပါပဲ ဒီနေရာမှာ ထပ်ပြီးရှင်းပြ
ပေးချင်တာကတော့ လူတွေမှာ အကြမ်းအားဖြင့်
အသက်အရွယ်အရ အပေါ်မူတည်ပြီး
လုပ်ဆောင်ရည်တွေ မတူပါဘူး
(eg.အနေနဲ့ဆိုရင်.....
-သူငယ်တန်းကလေးအရွယ် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်
-(8တန်း)ကျောင်းသား အရွယ်ရဲ့ဦးနှောက်ရဲ့စွမ်းဆောင်ရည်
-တတိယနှစ်ကျောင်းသားရဲ့ ဦးနှောက်စွမ်းဆောင်ရည် ဒါတွေဟာ တစ်ခုနဲ့တစ်ခု တွက်ချက်နိုင်မှု စွမ်းရည်မတူပါဘူး

ဒီအတိုင်းပါပဲ.......PLCမှာလည်းပဲ တွက်ချက်နိုင်မှု ကိုင်တွယ်ဖြေရှင်းနိုင်မှု အပေါ်မူတည်ပြီး PLCရဲ့ ဦးနှောက် Processorကို.....
(1) 8 bits Processor
(2) 16 bits Processor
(3) 32 bits Processor စသဖြင့်တွေ ရှိပါတယ်

တစ်ခုနဲ့တစ်ခု ဘာကွာလဲဆိုရင် ....
8 bits Processor ဆိုတာက......
8 bits အရေအတွက်ကို တပြိုင်တည်း ကိုင်တွယ်ဖြေရှင်း တွက်ချက်ပေးနိုင်ပါတယ်

16 bits ဆိုရင် 8 bitsထက်ပိုပြီး ကိုင်တွယ်တွက်ချက်နိုင်ပါတယ်
32ဆိုရင်လည်း ထိုနည်းအတိုင်းပါပဲ

ဘာကိုအဓိက ဆိုလိုချင်သလဲဆိုရင်
သူငယ်တန်းအရွယ်ကလေးဘ၀တုန်းက
ကိုယ်စာရေးနေတဲ့အချိန် သူငယ်ချင်းနဲ့
စကားလှမ်းပြောမိရင် ရေးနေတဲ့စာတွေ
မှားကုန်တတ်ပါတယ် စာလုံးပေါင်းတွေမှား
စာလိုင်းတွေ စောင်းကုန်တတ်ပါတယ်

အသက် ၁၃နှစိ (8တန်း)လောက်လည်းရောက်တဲ့အခါကြတော့....စာရေးနေရင်း သူငယ်ချင်းနဲ့
တပြိုင်တည်း စကားပါ ပြောတတ်လာပါတယ် စာလုံးပေါင်းမမှားတော့ပါဘူး ဦးနှောက်က
တပြိုင်တည်း တခုထက်ပိုတဲ့အလုပ်တွေကို
လုပ်နိုင်တွက်နိုင်လာပါတယ်

တချို့တွေ 10တန်းအရွယ်လောက်ကျတော့
စာတွက်နေရင်း ပါးစပ်ကနေ သီချင်းဆိုနေတတ်တာဖြစ်ဖြစ် သီးချင်းနားထောင်မှ စာတွက်တတ်တော့တာဖြစ်ဖြစ် ဖြစ်လာတယ် တပြိုင်တည်းမှာ
တယောက်ယောက်က တခုခုလှမ်းမေးရင်ဖြစ်စေ ....messengerမှာ စာဝင်လာသည်ဖြစ်စေ
တပြိုင်တည်း စာတွက်နေရင်း သီးချင်းနားထောင်နေရင်း ဆိုနေရင်း ချက်ချင်းပြန်ဖြေတတ်လာပါတယ် ပြီးရင် ကျန်တာတွေကို ပြန်ဆက်လုပ်တတ်ပါတယ် ကိုယ့်ရဲ့ဦးနှောက်က တပြိုင်တည်း အလုပ်တွေ ပိုပြီး လုပ်နိုင်လာတတ်ပါတယ် ထိုနည်း၎င်းပါပဲ .....

PLCမှာလည်း Proceessor bitsတွေကွာရင် တွက်ချက်နိင်မှုတွေကွာပါတယ်
(ဒါ electronic ပစ္စည်းတိုင်းပါပဲ)
ဒီလောက်ဆိုရင် Processorဆိုတာ ဘာလဲ ???
bitsတွေ ဘာလို့အရေးကြီးသလဲဆိုတာကို သဘောပေါက် နားလည်လာမယ်ထင်ပါတယ်

ထပ်သိရမှာကတော့ PLC တွေမှာ Processorတွေ 1ခုစီပါဝင်ကြပါတယ် Function လုပ်ငန်းတွေ များတဲ့ PLCတွေမှာဆိုရင် Processor တစ်ခုထက် ပိုပြီး ပါဝင်တတ်ကြတယ်ဆိုတာကိုလည်း သိရပါဦးမယ် တနည်းအားဖြင့် ပြောရရင် Multi-Processingဆိုတာပေါ့

PLC Processorအကြောင်းကို
သိရုံနဲ့ မပြီးသေးပါဘူး
PLC Memoryအကြောင်းကိုပါ သိရပါဦးမယ် ဘာကြောင့်လဲဆိုလျင်....Processorက Memoryနဲ့ အတူ အလုပ်လုပ်ဆောင်တာပါ

ဒါပေမဲ့ အခုရေးရင် နားလည်ရခက်သွားမှာဖြစ်၍ Memoryကို နောက်တပိုင်း အပိုင်း 3မှာ
ဖော်ပြပေးသွားပါမယ်

နောက်တစ်ခု အနည်းငယ်
သိစေချင်တာလေးတစ်ခုကတော့...

PLCကို Runဖို့ ဆိုရင် Power Sourceတခုပေးရပါမယ်
(PLCက သတ်မှတ်ထားသလိုပေးရမှာပါ)
လူတွေ အသက်ရှင်ဖို့ ထမင်းစားသောက်ပြီး
Energy ဖြည့်ကြသလိုပါပဲ

PLC Power Supply အပိုင်းမှာ 2 မျိုးရှိပါတယ်

(1) AC Voltage ပေးရတဲ့ PLC နဲ့
(2) DC Voltageပေးရတဲ့ PLC ဆိုပြီးတော့ ဖြစ်ပါတယ်

ဒီနေ့တော့ ဒီလောက် အကြမ်းဖျင်းမှတ်ထားလိုက်ပါ
တကယ်တော့ PLC အတွင်းပိုင်းမှာ လည်ပတ်တာက DC Voltage နဲ့ပါပဲ

အပိုင်း(3)မှာ ဆက်လက်ပြီး
Memory အပိုင်း နဲ့ Power Supplyအပိုင်းကို သေချာ ရှင်းလင်းရေးသားပေးသွားပါမယ်


👇👇

https://m.facebook.com/story.php?story_fbid=525365421580474&id=100023210621461&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=431868057596878&id=100023210621461&mibextid=Nif5oz

ို မှ လေ့လာချင်သူများအတွက် Online Courseများလည်း တက်ရောက်နိုင်ပါတယ်❤️


Training Centre)


#သင်တန်း

16/11/2023

ြောင်းအပိုင်း_1
♦️♦️♦️♦️♦️♦️♦️♦️♦️
(2019က Postအဟောင်း)
လူတစ်ယောက်မှာဆိုရင် .... လက်,ခြေ, မျက်စိ, ဦးခေါင်း, နား,နှာခေါင်း စသဖြင့် အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ် အဲ့ဒီအတိုင်းပဲ PLC တွေမှာဆိုရင်လည်း အခြေခံအားဖြင့် အပိုင်း 5ခု ရှိပါတယ်

(1)
PLCတစ်ခုနဲ့ပတ်သတ်ပြီး ပထမဦးဆုံး သိထားရမယ့် အပိုင်းကတော့ Sensorsတွေ Switchတွေ
စသဖြင့် Input deviceတွေဆီက Informationတွေကို လက်ခံ ရယူပေးတဲ့ PLC INPUTအပိုင်းပါ
Inputတွေကို X တွေ Iတွေနဲ့ ကိုယ်စားပြုပြီး
ပြောကြ ရေးကြရပါတယ်

(2)
PLCရဲ့ ဒုတိယ အပိုင်းကတော့ Pilot Lamp ,Relayတွေ, MOTORတွေ,
Motorမှာ Stepper Motor ,Servo Motor စသဖြင့်တွေ ,Magnetic Contactorsတွေ Selenoidတွေကို တပ်ဆင်ရမည့်အပိုင်းဖြစ်တဲ့ PLC OUTPUTပိုင်းဖြစ်ပါတယ် ဒီ Outputတွေကို Yတွေ Qတွေနဲ့ ကိုယ်စားပြုပြီး ရေးကြပြောကြရပါတယ်

(3)
ဲ့ တတိယအပိုင်းကတော့ တွက်ချက်မှုအပိုင်းတွေကို လုပ်ဆောင်ပေးမည့် Processor အပိုင်းပါ Central Processing Unint (CPU)ပါပဲ
သူရဲ့အလုပ်တာ၀န်ကတော့ Inputပိုင်းက ပေးတဲ့ Dataတွေကို လက်ခံပါတယ် ပြီးရင် User ရေးပေးထားတဲ့ Programme အတိုင်း ဆောင်ရွက်
တွက်ချက်ပေးပါတယ် ပြီးရင် သက်ဆိုင်ရာ Resultကို OUTPUTပိုင်းဆီ ပြန်ပို့ပေးပါတယ် PLCလေ့လာသူကျောင်းသား/သူတွေအနေနဲ့ သိထားရမည့်အချက် PLCမှာ Memoryဆိုတာ ထပ်ရှိပါသေးတယ် CPUက တွဲဖက်ပြီး အလုပ်လုပ်ဆောင်ပါတယ်
(ဒီMemoryအပိုင်းကို အများအားဖြင့် ရှုပ်ထွေးပြီး အလွတ်ကျက်နေရတဲ့အတွက် အပိုင်းဖြစ်ပါတယ်)

ကျန်သေးတဲ့ Memory အပိုင်းနဲ့ .... Power Supply , ပြီးရင PLC Typeများအကြောင်းကို အပိုင်း(2)မှာ အလွယ်ဆုံး ရေးသားဖော်ပြပေးသွားပါမယ်

မသိမနေသိရမည့် အရေးကြီးသည့် အခြေခံအပိုင်းများကိုပဲ အစဉ်လိုက် ရေးသားဖော်ပြပေးသွားမှာ ဖြစ်တဲ့အတွက် သေချာဂရုတစိုက် လေ့လာပါက PLCအခြေခံသဘောတရားကို
နားလည်သဘောပေါက်လာမှာဖြစ်ပါတယ်

U Lwin Zaw Phyo
👇👇👇👇👇
https://m.facebook.com/story.php?story_fbid=431145814335769&id=100023210621461&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=525365421580474&id=100023210621461&mibextid=Nif5oz


Training Centre)


#သင်တန်း

10/11/2023

#သင်တန်းသားဟောင်းများအတွက်.... ❗️
ဆရာ့ဆီ သင်တန်းတက်ခဲ့တဲ့နှစ်တွေ
ဘယ်လောက်ကြာခဲ့ကြာခဲ့
ဖြစ်ဖြစ်,
ဖြစ်ဖြစ်,
(Basic+Advanced) ဖြစ်ဖြစ် ,
Programming ,
++ Programming ,
နဲ့ တခြားသင်တန်းတွေ တက်ခဲ့တဲ့
သင်တန်းသားဟောင်းတွေ......
#ရန်ကုန်သင်တန်းမှာပဲတက်ခဲ့,
#မော်လမြိုင်သင်တန်းခွဲနဲ့
#ဘားအံသင်တန်းခွဲမှာပဲ တက်ခဲ့တက်ခဲ့
ဘယ်ခုနှစ်မှာပဲ တက်ခဲ့တက်ခဲ့ .....
အဲ့ဒီအချိန်တုန်းက သင်တန်းတက်ခဲ့ပြီးပေမဲ့
ကြားထဲမှာ လမ်းကြောင်း
နောက်တစ်ခုပြောင်းခဲ့ပြီး အခုအချိန်မှာ
အဲ့ဒီ မိမိတက်ခဲ့ သင်ယူခဲ့တဲ့ ဘာသာရပ်တွေကို
ပြန်သင်ယူဖို့ ဆန္ဒရှိနေတယ် အဲ့ဒီ ဘာသာရပ်လမ်းကြောင်းထဲ ပြန်၀င်ချင်တယ်ဆိုတဲ့ သင်တန်းသားတွေအတွက် မိမိတက်ခဲ့တဲ့
သင်တန်းတိုင်းကို သင်တန်ကြေး လုံး၀
#ပြန်သွင်းစရာမလိုပဲ ပြန်တက်နိုင်ပါမယ်
ဒီလိုလေးလုပ်ပေးလိုက်ရင်
တကယ်လိုအပ်သူတွေလည်း
အဆင်ပြေသွားမယ်လို့ ယူဆပါတယ်
အခုကတော့ ပထမဆုံးအနေနဲ့
or or
ဒီ ၃ခုထဲက တစ်ခုခုကို အရင် တစ်ဖြတ်
ပြန်သင်ပေးပါမယ် တစ်လုံးမှမမှတ်မိလဲ
ပြသနာမရှိ အစကနေ ပြန်သင်မှာဖြစ်ပါတယ် သင်တန်းသားဟောင်း လူအရေအတွက်
အဲဒီလောက်အများကြီးကို ပြင်ပသင်တန်းမှာ အားလုံးကို သင်ပေးဖို့ မဖြစ်နိုင်တာကြောင့်
ကနေပဲ သွားပါမယ်

ဘယ်Course ကို အရင်ပြန်စမလဲ
ဆိုတာကတော့ ဒီရက်ပိုင်းမှာ
Postပြန်တင်ပေးပါမယ်

(မိမိတက်ခဲ့တဲ့ သင်တန်းအမျိုးအစားကိုသာ
ပြန်တက်နိုင်ပါမယ်❤️ )

ကြားထဲမှာ ကျန်းမာရေး တော်တော်ထိခဲ့ပြီး
အခုပြန်သက်သာနေပါပြီ

သင်တန်းစမှာက #ဒီလထဲမှာပဲ ပြန်စပါမယ်

ဒါပေမဲ....အတန်းမပျက်မကွက်ပဲ
သေချာသင်ယူမယ့်သူများသာ
စာရင်းပေးစေချင်ပါတယ် ⭕️

ဒါပေမဲ့ အခု စာရင်းမပေးပါနဲ့ဦး !
ဘယ်Course အရင်စလဲ ပြန်ကြေငြာပြီးမှ
အဲ့ဒီCourseနဲ့ သက်ဆိုင်သူတွေ cbထဲ
တစ်အုပ်စုစီ စာရင်း လာလာပေးလိုက်ကြပါ❤️
...............


#နည်းပညာ

03/11/2023

++ သင်ခန်းစာ, သင်ခန်းစာ ်ခန်းစာvedio, PLCသင်ခန်းစာ
Total (12) ပုဒ် , 3ခု
(ဒါလည်း အရင်က တင်ပေးပြီးသားပါပဲ
Basicပိုင်းတွေပါပဲ )

သင်ခန်းစာ Vedio (1)
===================
https://m.facebook.com/story.php?story_fbid=640247223425626&id=100023210621461

သင်ခန်းစာ Vedio (2)
Android Phပေါ် PLC ေးသားနည်း
=============================
https://m.facebook.com/story.php?story_fbid=640254683424880&id=100023210621461

သင်ခန်းစာ Vedio(3)
===================
https://m.facebook.com/story.php?story_fbid=641665809950434&id=100023210621461

သင်ခန်းစာ Vedio (4)
Sensor စမ်းသပ်မှု
=======================
https://m.facebook.com/story.php?story_fbid=643500236433658&id=100023210621461

သင်ခန်းစာ Vedio (5)
==================
https://m.facebook.com/story.php?story_fbid=645696192880729&id=100023210621461

သင်ခန်းစာ (1.1) (1.2)(1.3)
=======================
https://m.facebook.com/story.php?story_fbid=640817036701978&id=100023210621461

C++ Programmeရေးနည်း သင်ခန်းစာ
Vedio (1)
========================
https://m.facebook.com/story.php?story_fbid=641074963342852&id=100023210621461

C++ Programme ရေးနည်း သင်ခန်းစာ
Vedio(2)
=========================
https://m.facebook.com/story.php?story_fbid=641858643264484&id=100023210621461

C++ Programme ရေးနည်းသင်ခန်းစာ
Vedio(3)
=========================
https://m.facebook.com/story.php?story_fbid=642205596563122&id=100023210621461

လက်တွေ့ သင်ခန်းစာ
Vedio (1)
===========================
https://m.facebook.com/story.php?story_fbid=642862949830720&id=100023210621461

PLC ကို Android Phတွင် ရေးသည့် APK
==========================
https://m.facebook.com/story.php?story_fbid=640265043423844&id=100023210621461

HMI Software Link
===============
https://m.facebook.com/story.php?story_fbid=640841336699548&id=100023210621461

C++ ကို Android Phတွင်စမ်းသည့် APk
==========================
https://www.google.com/amp/s/m.apkpure.com/mobile-c-c-c-compiler/com.dztall.ccr.android.admob/amp



++

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00