Junior Choice
05/11/2022
New Design Back pack လေးပါနော်✌️
05/11/2022
သားသားမီမီးတို့ အတွက် concentration ကောင်းကောင်းနဲ့ တီထွင်ကြိုးစားမှုလေးတွေကို သေချာပုံဖော်မှုပေးနိုင်တဲ့
စာကြည့်စားပွဲလေးကတော့ ကြိုးစားတဲ့ သားသားမီးမီးတို့အတွက်အရေးကြီးပီး လုံးဝမရှိမဖြစ်ပါပဲနော❤️
saleချတုန်း လေး အမြန်ဝယ်ထားပါတော့နော✌️
01/10/2019
Lumps or Bumps အလုံး-အကျိတ်
ခွဲစိတ်ကုသတာမှာ ဝါသနာပါတဲ့ဆရာဝန်က အလုံး-အကျိတ်မြင်ရင် လက်ယားတယ်။ ဆရာဝန်ဖြစ်စမှာ အရင်ဆုံး ခွဲကြရတဲ့ရောဂါ ဖြစ်တယ်။ လက်တက်လာမှ တဆင့်တက်ရတယ်။ အတွေ့အကြုံရလာတဲ့အခါ အသေးစိတ်လေးကအစ စဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် ခွဲပေးတတ်လာတယ်။
၁။ ဆရာ အကျိတ်အကြောင်းပြောတော့ လည်ပင်းမှာအကျိတ်လေးထွက်နေတာ လေးလလောက်ရှိပြီမနာဘူးဆရာ။ ဆေးပြကြည့်တော့ တီဘီကျိတ်မဟုတ်ဘူး။ အဆီကျိတ်လည်းမဟုတ်ဘူးလို့ ပြောတယ်ဆရာ။ ကင်ဆာကျိတ်ရော။ ဖြစ်နိုင်မလားအသားစ ဓါတ်ခွဲခန်းတင်စစ်ရမယ်ပြောတယ်ဆရာ။ ကျေးဇူးပြုပြီး အကျိတ်အကြောင်းရှင်းပြပေးပါလားဆရာ။ ၂။ ဆရာ ကျွန်တော့်အသက် ၂၆ နှစ်၊ လူပျို၊ မြန်မာနိုင်ငံကပါ။ လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး ကျွန်တော့်ခန္ဓာကိုယ်မှာ အဆီကျိတ်တွေထွက်လာလို့ပါ။ ဘာကြောင့်ထွက်လာတာလည်းဆိုတာ သိချင်ပါတယ်ဆရာ။ ပေါင်နဲ့လက်မောင်းမှာ ပိုများပါတယ်။ ခွဲထုတ်ရင်လည်း အမာရွတ်တွေများမှာစိုးလို့ပါ။ လေ့ကျင့်ခန်းများများလုပ်ရင်ရမလား။ ပျောက်တဲ့ဆေး ရှိမလားဆရာ။ တကယ်လို့မရှိရင်လည်း နောက်ထပ်မထွက်အောင့့့်။
၃။ သမီးအမျိုးသားရဲ့ ခေါင်းမှာ အဖုကျိတ်တစ်ခု ပေါက်နေပါတယ်။ အဲဒါ ခွဲဖို့ လိုအပ်လားလို့ပါဆရာ။
၄။ ကျွန်တော့်လည်ပင်း အသားပိုတွေ ထွက်လာတာရှိပါတယ်။ အဲဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲ ပြောပေးပါ။
၅။ လည်ပင်းမှာဖြစ်သော အကျိတ်တွေက ကင်ဆာကျိတ် ဟုတ်-မဟုတ် ဘယ်လိုသိနိုင်မလဲ ပြောပြပေးစေချင်ပါတယ်။
၆။ ဖိလိုက်ရင်တော့ နာတ့ဲအသားလုံးလို အကျိတ်တွေထွက်တာ စိုးရိမ်ရလားရှင့်။ ကိုယ်အနှံ့မှာ ထွက်တာ ၁ဝ လုံး လောက်ရှိတယ်။ ဘယ်လိုကုသင့်လဲဆိုတာ ပြောပြပေးပါရှင့်။
၇။ ကျားပါဆရာ။ အသက်က ၃၁ ပါ။ ၃ - ၄ နှစ်လောက်ကြာပြီလို့ပြောပါတယ်။ နောက်ကျောဘက် ခါးနေရာတွေရယ် လက်တွေ ခြေထောက်တွေမှာ ဖြစ်တာပါ။ အသားလုံးလိုပဲ မမာဘူးလို့ပြောပါတယ် ဓာတ်ပုံက မလွယ်လို့ပါရှင့်။ ဓာတ်ပုံထဲ မပေါ်ပါဘူးဆရာ။ အသားထဲမြုပ်နေတာပါ။ စမ်းကြည့်မှသိရတာပါ။ ဖြစ်ကာစက သတိထားမိတာ ၁ လုံး ၂ လုံးပဲ နောက်မှ ပွါးလာတာပါ။
Swelling အလုံး၊ Lump အကျိတ်၊ Bump အဖေါင်း၊ Cyst အိတ်ဆိုတာမျိုးတွေကို Tumor လို့ ဆေးစာကခေါ်ပါတယ်။ ကင်ဆာနဲ့ ကင်ဆာမဟုတ်တာလို့ ၂ မျိုး ခွဲရတယ်။ အများဆုံးက ကင်ဆာမဟုတ်ကြပါ။ ၂ မျိုးလုံးက ဘာလို့ဖြစ်တယ်ကို တိတိကျကျ ပြောမရပါ။ ကျား-မ၊ ကြီးသည်-ငယ်သည်မဟူ အတူတူဖြစ်ကြတယ်။ အစားနဲ့ဆိုတယ်လို့ ထောက်ပြတာ မတွေ့ဘူးပါ။ လေ့ကျင့်ခန်းလုပ်လည်း မပျောက်ပါ။ ဆေးလိမ်းလို့လည်း မပျောက်ပါ။
အလုံးအကျိတ်ဆိုတာ မွေးရာပါ၊ ထိခိုက်-ဒဏ်ရာ၊ ရောင်ရမ်းတာ၊ တခြားဟာ တခုခုလဲ ဖြစ်နိုင်တယ်။ အနာလို၊ ဒဏ်ရာလိုကနေ ဖေါင်းလာတာဆိုရင် ဆရာဝန်မပြောလဲ သိကြပါတယ်။ ရောင်တာအပြင် နာတာ၊ နီတာ၊ ပူတာတွေနဲ့ ရောဖြစ်မယ်။
Fibroids (Myoma) သားအိမ်အလုံး နဲ့ Fibroadenoma ရင်သားအကျိတ်တွေကလဲ အမျိုးသမီးတွေ အတွင်းထဲမှာ ဖြစ်တာများလှတဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဖြစ်တယ်။
အပေါ်ယံမှာ ဖြစ်တာတွေထဲမှာ ဒါတွေပါတယ် -
1. Lipomas အဆီကျိတ်၊ နေရာတကာဖြစ်တယ်။
2. Sebacious cyst ချွေးထွက်အိတ်-အကျိတ်၊ နေရာတကာဖြစ်တယ်။
3. Enlarged lymph glands တက်စေ့ရောင်တာ၊ ချိုင်း၊ ပေါင်ခြံ နဲ့ လည်ပင်းမှာ ဖြစ်တာများတယ်။
4. Cyst (ဆစ်စ်) အထဲမှာ အရည်တမျိုးမျိုးပါတယ်၊ (လေလဲရှိနိုင်တယ်) အကာလွှာရှိတယ်၊ နေရာတကာဖြစ်တယ်။
5. Ganglion လက်ကောက်ဝတ်နေရာမှာ အရွတ်အိတ်က ဖြစ်ရတာကို ခေါ်တယ်။
6. Boils အနာစိမ်း၊ Abscess ပြည်တည်နာ၊ နေရာတကာဖြစ်တယ်။
7. Corn or callus ငါးမျက်စိ၊ ခြေထောက်မှာ ဖြစ်လေ့ရှိတယ်။
8. Warts ကြွက်နို့၊
9. Moles မှဲ့၊
10. Cancer of the skin အရေပြားကင်ဆာ၊
Tumor လို့ ပြောလိုက်ရင် အများစုက ကင်ဆာထင်ကြတယ်။ မဟုတ်ပါ။ Tumor ဆိုတာက အမေရိကန်လို၊ Tumour လို့ စာလုံးပေါင်းတာက အင်္ဂလိပ်နဲ့ ခေတ်ဟောင်းပြင်သစ်ဖြစ်တယ်။ ယေဘုယျဆိုရင် တနေရာမှာ ပုံမှန်မဟုတ်ပဲ ဖေါင်းကြွလာတာမျိုးကို ခေါ်တယ်။
ကင်ဆာရဲ့ထူးခြားချက်က ဖေါင်းတာ၊ ရောင်တာ၊ အကျိတ်ဖြစ်တာ မဟုတ်ပါ။ မှန်ဘီလူးနဲ့ စစ်ကြည့်ရင် (ဆဲလ်) တွေ၊ (တစ်ရှူး) တွေ များလာတွေက ပုံပျက်နေတာတွေ ဖြစ်ပြီး Genetic mutations ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှု ရှိပါတယ်။ Leukemia (လူကီးမီးယား) နဲ့ Carcinoma in situ လိုဟာတွေဆိုရင် ဖေါင်းလာတာမျိုး မရှိကြဘူး။
ရောဂါနာမယ်တွေမှာ နောက်ဆုံးက -megaly နဲ့ အဆုံးသတ်ရင် ကြီးနေတာကို ပြောတာဖြစ်တယ်။ ဥပမာ Hepatomegaly အသည်းကြီးနေတာ၊ Splenomegaly ဘေလုံးကြီးနေတာ။ -oma နဲ့ အဆုံးသတ်ရင် အလုံးဖြစ်တယ်။ ဥပမာ -carcinoma, -sarcoma ဆိုတာမျိုး။ Hemangioma, Meningocele, Branchial cyst, Dermatoid cyst, Thyroglossal cyst တွေက မွေးကတည်းက ဖြစ်တာမျိုးတွေ။ Hematoma ဒဏ်ရာကြောင့် အထဲမှာ သွေးယိုလို့ ဖေါင်းနေတာ၊ Dislocation အဆစ်လွဲလို့ ရောင်နေတာ။
ကင်ဆာမဟုတ်အကျိတ်တွေက သာမန်ဖြစ်တယ်၊ တိုးတာ-ပြောင်းဖြစ်တာ မရှိပါ၊ အန္တရာယ်မရှိပါ၊ တခြားကိုလဲ မပြန့်ပါ။
တချို့ ကင်ဆာမဟုတ်အကျိတ်တွေက ဒုက္ခပေးနိုင်တာတွေ ရှိတယ်။ ထုထည်သက်ရောက်မှု ခေါ်တယ်။ အရေးပါတဲ့ နေရာ-အင်္ဂါတွေ အပေါ်-အနီးအနား ဖြစ်နေရင် ဖိအား သက်ရောက်စေတယ်။ ဟော်မုန်းထွက်ရာ (အင်ဒိုခရိုင်း-ဂလင်း) တွေမှာဖြစ်ရင် ဟော်မုန်းတွေ ပိုများစေတယ်။ ဥပမာ လည်ပင်းကြီးအကျိတ်၊ ဦးနှောက် (ပစ်ကျူထရီ) အကျိတ် ဆိုတာမျိုး ဖြစ်တယ်။
ကင်ဆာမဟုတ်တာရဲ့ ထူးခြားချက်က အဖုံးလွှာပါတာ ဖြစ်တယ် မှန်ဘီလူးနဲ့ကြည့်ရင် (ဖိုက်ဘရပ်စ်) အလွှာကို တွေ့ရမယ်။ ဒါရှိလို့ အပြင်ကိုမပြန့်စေပါ။ ဒီအချက်ဟာ ကင်ဆာနဲ့ပြောင်းပြန်ဖြစ်တယ်။ ကင်ဆာမဟုတ်တာထဲမှာ Teratoma (တရက်တိုးမား) ဆိုတာကတော့ နည်းနည်းဆိုးတယ်။ တချို့ဟာတွေက ကင်ဆာကိုပြောင်းသွားတတ်လို့။ အူမကြီးမှာ ဖြစ်တဲ့ Tubular adenoma ဆိုတာမျိုးကလဲ Colon cancer အူမကြီးကင်ဆာကို ပြောင်းသွားတတ်တယ်။ Melanoma မှည့်ကင်ဆာနဲ့ Seminoma (ဆီမီနိုးမား) တွေက နာမယ်အရ ကင်ဆာမဟုတ်တဲ့ သဘောဆောင်ပေမဲ့ ကင်ဆာတွေ ဖြစ်တယ်။ အစဉ်အလာ ဆက်ခေါ်နေကြလို့ပါ။
ကင်ဆာမဟုတ်ပေမဲ့ အလုံးကလေး တွေ့ရတာအပြင် တချို့မှာ ရောဂါလက္ခဏာတွေပါ ရှိနိုင်တယ်။ ဥပမာ -
• သွေး မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ် ယိုမယ်။ ဆက်ပြီး သွေးအားနည်းလာမယ်။
• ဖိနေလို့ အောက်ကအင်္ဂါ နာမယ်။ အလုပ်မလုပ်နိုင်တာ ဖြစ်စေမယ်။
• အကြည့်ရဆိုးမယ်။
• ယားမယ်။
• ဟော်မုန်းများတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်။
• ပိတ်ဆို့နေမယ်။ ဥပမာ အူပိတ်တာ။
• သွေးကြောကိုဖိလို့ သွေးမလျှောက်တာဖြစ်မယ်။ Vital organs အရေးပါတဲ့အင်္ဂါတွေ အဖိခံရမယ်။
အကျိတ်အမျိုးမျိုး (အေ-တူ-ဇက်) -
• Acne cyst ဝက်ခြံအိတ်၊
• Arachnoid cyst ဦးနှောက်အကျိတ်၊
• Baker's cyst ဒူးကောက်ကွေးအကျိတ်၊
• Bartholin's cyst အမျိုးသမီးမွေးလမ်းအဝ အကျိတ်၊
• Breast cyst ရင်သားအကျိတ်၊
• Chalazion cyst (eyelid) မျက်စိအတွင်းစွန်ခြင်း၊
• Choroid plexus cyst (brain) ဦးနှောက်အကျိတ်၊
• Epididymal cyst ယောက်ျားအစေ့ အကျိတ်၊
• Ganglion cyst ခြေ-လက် အရွတ်ကြော အကျိတ်၊
• Glial cyst ဦးနှောက်အကျိတ်တမျိုး၊
• Gartner's duct cyst အမျိုးသမီးမွေးလမ်းအဝအကျိတ်၊
• Hydatid cyst တိပ်ပြားပုံသန်ကောင်အကျိတ်၊
• Hydrocele မုတ်ရောဂါ၊
• Liver cystic disease အသည်းအကျိတ်၊
• Meibomian cyst မျက်ခွံအကျိတ်၊
• Nabothian cyst သားအိမ်အဝအကျိတ်၊
• Ovarian cyst မျိုးဥအိမ်အကျိတ်၊
• Paratubal cyst သားအိမ်ပြွန်အကျိတ်၊
• Pericardial cyst နှလုံးအိတ်အကျိတ်၊
• Peritoneal cyst ဗိုက်ခေါင်းအဖုံးလွှာအကျိတ်၊
• Pilar cyst ဦးရေခွံအကျိတ်၊
• Renal cyst ကျောက်ကပ်အကျိတ်၊
• Polycystic o***y syndrome မျိုးဥအိမ်အကျိတ်၊
• Pineal gland cyst ဦးနှောက်အကျိတ်၊
• Sebaceous cyst ချွေးထွက်အိတ်အကျိတ်၊
• Spermatocele ယောက်ျားအကြောအကျိတ်၊
အတွင်းထဲရော အပြင်မှာပါဖြစ်တဲ့ အလုံး-အကျိတ်တွေထဲမှာ စိတ်ဝင်စားဘို့ ကောင်းတာတခုက Dermoid cyst (Cystic teratoma) ဆိုတာပါ။ သူဖြစ်ရင် လူတွေမှာရှိတဲ့ (တစ်ရှူး) မှန်သမျှ သူ့မှာရှိနိုင်လို့၊ အမွှေး၊ ဆံပင်၊ ချွေး၊ အဆီ၊ အရိုး၊ လက်သည်း၊ သွား၊ အရိုးနု၊ လည်ပင်းကြီးတစ်ရှူး၊ စတာတွေထဲက တွေ့ချင်တာ တွေ့နိုင်တယ်။ ကင်ဆာမဟုတ်ပါ။ မျက်ခုံးဘေးမှာ လာတွေတဲ့ အလုံးဆိုရင် ဒါဖြစ်မလား သံသယမျက်စိနဲ့ ကြည့်ရတယ်။ အပြင်ကစမ်းရင် ရာဘာကို စမ်းရသလိုနေမယ်။ မခွဲခင် သွားကလိရင် ရောင်နိုင်တယ်၊ ရင်းနိုင်တယ်။ အကုန်အစင် ခွဲမထုတ်ရင် ပြန်ဖြစ်နိုင်တယ်။ နောက်အဖြစ်များ နေရာတွေကတော့ မီးညှောင့်ရိုးအပေါ်နဲ့ မျိုးဥအိမ်မှာလဲ ဖြစ်နိုင်တယ်။ မျိုးဥအိမ်မှာ ဖြစ်ရင် ဆံပင်တွေ အထွေးလိုက်ပါနိုင်တယ်။ အပင်းမဟုတ်ပါ။
ကင်ဆာမဟုတ်တဲ့အကျိတ်ကို ဆေးကုဘို့ မလိုဘူးပြောရင်ရတယ်။ ဒါပေမယ့် သူရှိနေလို့ တခုခုခံစားရမှ ကုဘို့လိုတယ်။ ဥပမာ လှချင်လို့။ ကြောက်လို့။ ကင်ဆာပြောင်းလာမှာစိုးရိမ်လို့။
ဒေါက်တာတင့်ဆွေ
01/10/2019
Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များ
မွေးလျင်မွေးချင်း ငိုမည်။ အသက်ရှူမှုကိုဖြစ်ပေါ်စေသည်၊ အားပေးသည်။ ကိုယ်ခန္ခာတခုလုံးသို့ သွေးလှည့်နေမှုကို အားပေးသည်။ တုံ့ပြန်မှု (၃) မျိုးရှိရမည်။
(၁) နို့စို့တတ်မည်၊ လက်ထည့်က စုပ်မည်။
(၂) ပါးတဖက်အား လက်ဖြင့်ထိကြည့်ပါက ၄င်းလက်ဆီသို့ ဦးခေါင်း-ပါးစပ်က လှည့်လိုက်လာမည်။
(၃) ပက်လက်ထားစဉ် ကလေးသိပ်ထားသည့် ကုတင်-ကြမ်းပြင်-စားပွဲအားပုတ်လိုက်ပါက ကလေး၏ လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းတို့ ရုတ်တရက် လန့်သကဲ့သို့ တုံ့ပြန်မည်။
မွေးကာစမှ ၁၂ လအထိ
• (၄) ပါတ် – စကားပြောကြည့်က ပြန်ဂရုစိုက်မည်။ ချီပါက အငိုရပ်မည်။ အူး-အား အသံထွက်မည်။
• (၆) ပါတ် – ပြုံးတတ်မည်။ ကြည့်သူ၏နောက် လိုက်ကြည့်တတ်မည်။
• (၈) ပါတ် – နီးကပ်သည့်အရာကို စူးစိုက်ကြည့်တတ်လာမည်။ အငိုသက်သာလာမည်။
• (၃) လ – ဘူးမှုတ်တတ်လာမည်။ ကစားစရာကို လှမ်းယူတတ်မည်။ ဆုပ်ကိုင်တတ်လာသည်။
• (၄) လ – ကလေးအစာမာ စားတတ်လာမည်၊ ပက်လက်လှန်ထားလျင် မှောက်တတ်လာမည်။
• (၅) လ – ကစားစရာများကို စုပ်တတ်မည်။ ထူးဆန်းသည်များကို သတိထားတတ်လာမည်။ မိခင်ကိုပြန်ဖက်တတ်လာသည်။
• (၆) လ – အကူမပါဘဲ ထိုင်နိုင်လာမည်။ သူ့ခြေထောက်နှင့် ကစားတတ်လာမည်။ အသံလာရာ လှည့်ကြည်မည်။
• (၇) လ – သူ့ဖါသာသူ စားတတ်လာမည်။ ကစားစရာကို လှမ်းယူ-ဆွဲယူတတ်လာမည်။
• (၈) လ – ဝမ်းလျားထိုးတတ်လာမည်။ မဟုတ်-မရှိ ဆိုသည့်စကားကို နားလည်လာမည်။ လိုက်ကြည့်တတ်လာသည်။ ပစ္စည်းကို လက်တဖက်မှ တဖက် ပြောင်းတတ်လာသည်။ ပါပါ-မာမာ ခေါ်တတ်လာသည်။
• (၉) လ – ဝမ်းလျားထိုး ပို၍ကြွမ်းကျင်လာမည်။
• (၁ဝ) လ – ကိုင်၍မတ်တပ်ရပ်မည်။ ကဗျာ-လင်္ကာဆိုပြပါက အလိုက်သင့်အမူအယာပြာလာမည်။ ဘိုင်ဘိုင်လုပ်တတ်လာသည်။ အစားကို ပါးစပ်ထဲ ထည့်တတ်လာမည်။
• (၁၁) လ – စကားတလုံးစနှစ်လုံးစ ပြောတတ်လာမည်။
• (၁၂) လ – ခြေတလှမ်းနှစ်လှမ်းလှမ်း တတ်လာမည်။
၁၃-၂၄ လသားအရွယ်
(၁၃) လ – မတတ်တတတ်၊ မခိုင့်တခိုင် သူ့ဖါသာသူ လမ်းလျှောက်မည်။ တချို့ကလေးတွေက ၉ လ မှာစလျှောက်တယ်။ တချို့က ၁၇ လအထိနောက်ကျတယ်။ ပျမ်းမျှ ၁၄ လ ဖြစ်တယ်။ အရာဝတ္ထုများကို စူးစမ်းတတ်လာမည်။ လက်အသုံးချတတ်မှု ပိုကြွမ်းကျင်လာမည်။ အသံနှစ်လုံး ဆိုတတ်လာသည်။ ငုံ့ကောက်တတ်လာသည်။
• (၁၄) လ – သက်တောင့်သက်သာရှိခြင်းကို ပို၍ခုံမင်တတ်လာမည်။ အစားအမာ စားတတ်လာမည်။ ခွက်နှင့်တိုက်သည်ကို သောက်တတ်လာမည်။ အတုခိုးတတ်လာသည်။
• (၁၅) လ – သူ့ပင်ကိုယ်သဘာဝကလေးများပြလာမည်။ စကားပိုကြွယ်လာမည်။ အသံ ၃ လုံး ပြောတတ်လာသည်။ မှန်ထဲက သူ့အရိပ်ကိုသူသိမည်။ နောက်ပြန်လျောက်တတ်လာသည်။
• (၁၆) လ – သူ့ကိုယ်အင်္ဂါအမည်များကိုမေးလျင် ဖြေတတ်လာမည်။ ရီတတ်သည်။ စာအုပ်စာရွက်များ လှန်တတ်သည်။
• (၁၇) လ – အဝတ်အစားဝတ်တတ်-ချွတ်တတ်လာမည်။ အကူအညီဖြင့် သွားတိုက်တတ်လာမည်။ အသံ ၆ လုံး ထိ ပြောတတ်လာသည်။ မြင်းရုပ်စီးတတ်သည်။ မျက်လှည့်ပြသည်မျိုးကို သဘောကျသည်။
• (၁၈) လ – ဘောလုံးကန်တတ်လာမည်။ ခလုပ်စသည်အား တွန်းခြင်း-လှည်ခြင်းလုပ်တတ်မည်။ ဂီတဖြင့် ကတတ်လာမည်။
• (၁၉) လ – မှားပြော-မှားလုပ်ပြလျင် မှားမှန်းသိလာမည်။ ဇွန်း-ခရင်းကိုင်တတ်လာသည်။ ပြေးတတ်လာသည်။ ဘောလုံး ပြစ်တတ်လာသည်။
• (၂ဝ) လ – လှေကားတတ်တတ်လာမည်။ ပြေးတတ်လာမည်။ ကိုက်တတ်-တွန်းတတ်သည့် ကြမ်းတမ်းတတ်လာသည်။
• (၂၁) လ -အိမ်အလုပ်များကူတတ်လာမည်။ စားပွဲ-ကုလားထိုင် သူ့အလိုကျ ရွေ့တတ်လာမည်။
• (၂၂) လ – ဘယ်ရောညာပါ လက်များ အနုစိတ်ကိုင်တတ်လာမည်။
• (၂၃) လ – စကားလုံးသုံးလုံးပါဝါကျကို ပြောတတ်လာမည်။ ဆန့်ကျင်ဖက်ပြောလျင် နားလည်လာမည်။ အခြားကလေးများနှင့် တွဲကစားတတ်လာမည်။
• (၂၄) လ – သူ့အကြောင်းသူပြောတတ်လာမည်။ သူမကြိုက်တာ-ကြိုက်တာပြောတတ်လာမည်။ ဘာ့လို့လဲဆိုသည်များမေးတတ်လာမည်။
Primary Teeth ကလေးငယ်သွားများ
(က) Upper Teeth အထက်သွားများ
• Central incisor ရှေ့အလယ်သွား ၈-၁၂ လ ပေါက်၊ ၆-၇ နှစ်ကျိုး။
• Lateral incisor ရှေ့ဘေးသွား ၉-၁၃ လ ပေါက်၊ ၇-၈ ကျိုး။
• Canine (Cuspid) စွယ်သွား ၁၆-၂၂ လ ပေါက်၊ ၁ဝ-၁၂ နှစ်ကျိုး။
• First molar ရှေ့အံသွား ၁၃-၁၉ လ ပေါက်၊ ၉-၁၁ နှစ်ကျိုး။
• Second molar နောက်အံသွား ၂၅-၃၃ လ ပေါက်၊ ၁ဝ-၁၂ နှစ်ကျိုး။
(ခ) Lower Teeth အောက်သွားများ
• Central incisor ရှေ့အလယ်သွား ၆-၁ဝ လပေါက်၊ ၆-၇ နှစ်ကျိုး။
• Lateral incisor ရှေ့ဘေးသွား ၁ဝ-၁၆ လ ပေါင်၊ ၇-၈ နှစ်ကျိုး။
• Canine (cuspid) စွယ်သွား ၁၇-၂၃ လ ပေါက်၊ ၉-၁၂ နှစ်ကျိုး။
• First molar ရှေ့အံသွား ၁၄-၁၈ လ ပေါက်၊ ၉-၁၁ နှစ်ကျိုး။
• Second molar နောက်အံသွား ၂၃-၃၁ လ ပေါက်၊ ၁ဝ-၁၂ နှစ် ကျိုး။
ဒေါက်တာတင့်ဆွေ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |