Bike O'Clock
18/02/2022
21/12/2021
Bago မှ စက်ဘီးချစ်သူ ဘော်ဒါများအတွက်🚵🏻♂️🚴🏻♂️🚵🏻♂️🚴🏻♂️
-စက်ဘီးတစ်စီးလုံး overhaul လုပ်မလား?
-Gear Adjustment ပဲလုပ်မလား?
-ဆုံဘော ၊ Hubဘော၊ ဇက်ခွက်ဘောတွေပဲ ဖြုတ်ဆေးမလား?မကောင်းရင် လဲမလား?
-Gear ကြိုး၊ Brake ကြိုးများ မကောင်းရင်ပဲ လဲမလား?
-ကိုယ့်ဘီးက စီးရတာ ဘယ်နားကအသံထွက်မှန်းမသိဖြစ်နေရင် bike chatup ပဲလုပ်မလား?
-တောတိုးပြီး ညစ်ပေနေသော မိမိစက်ဘီးအား ရေဆေး၊ Kick တိုက်ခြင်းလဲ ဝန်ဆောင်မှုပေးပါသည်။
-ဂွေချိန်၊ ဂွေယက် လုပ်မလား?
-Oil fork & Air fork Service လုပ်မလား?
-တစ်စီးလုံးပဲ Custom ဆင်ချင်လား?
-မိမိတို့ upgrade လုပ်ချင်သောပစ္စည်းများကိုလဲ တပ်ဆင်ပေးပါသည်။
-စက်ဘီးနဲ့ပက်သက်တဲ့ ရောဂါများအားလုံးကို
အားလုံး OK သွားစေရမယ်။
ကျနော့်ခြံထဲတွင် ဝန်ဆောင်မှုပေးနေပါပြီခင်ဗျ🙏🏻🙏🏻🙏🏻🙏🏻🙏🏻
☎️09785301804
အမှတ် ၉/၃၄၇, ခိုင်သစ္စာလမ်း,ဥဿာမြို့သစ်,ပဲခူးမြို့။
KBZ bank (3)ဘေးကပ်လျက်လမ်း၊ Bank အနောက်ကပ်လျက်ခြံ။
15/12/2021
Trek အကြောင်းလေးလာပါပြီ 🥰
Trek Bicycle ဟာ 1975 မှာ Richard Burke က
တည်ထောင်ခဲ့ပြီး ယခုဆိုရင် ကုမ္ပဏီသက်တမ်း
၄၆ နှစ်ရှိပြီဖြစ်ပါတယ်။
တည်ထောင်သူ Richard Burke ကို 1934 ခုနှစ် June လ
4 ရက်နေ့ ချီကာဂို မှာဖွားမြင်ခဲ့ပြီး သူ့အသက် 41 နှစ်မှာ Trek ကို စတင်တည်ထောင်ခဲ့တာပါ။ တည်ထောင်စဥ်မှာ သူ့သား John Burke လဲ ပါဝင်ခဲ့ပါတယ်။
1976 မှာတော့ Waterloo မြို့မှာ Steel Touring frame တွေကို စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
1981 မှာ Road bike , 1983 မှာ Mountain bike စတဲ့
စက်ဘီးလောကတွေထဲထိ ပေါက်ရောက်အောင်မြင်ခဲ့ပါတယ်။
ကမ္ဘာကျော် Lance Arm Strong လဲ Trek bicycle တွေနဲ့
Tour de france ပြိုင်ပွဲတွေကိုများစွာနိုင်ခဲ့ပါတယ်။
Trek Bicycle Corporation ဟာ Trek အပြင်
အခြား Brand တွေဖြစ်တဲ့ Electra Bicycle, Diamant bike, Lemond Racing Cycle အပြင် ယခုထိလူသိများတဲ့ Gary Fisher , Klein တို့ကိုလဲ ဖြန့်ဖြူးခဲ့ပါတယ်။
ယခုဆိုရင်တော့ ကမ္ဘာတစ်ဝန်းဆိုင်ပေါင်း ထောင်ချီ
နိုင်ငံပေါင်း 90 ကျော်ထိ ရောင်းချနေပြီဖြစ်ပါတယ်။
Trek စက်ဘီးတွေကိုတော့ United State (USA) , နယ်သာလန်, ဂျာမနီ, ထိုင်ဝမ် နဲ့ တရုတ်တို့မှာ ထုတ်လုပ်ပါတယ်။
တည်ထောင်သူကြီး Richard Burke ကတော့ 2008 ခုနှစ်
အသက် 73 နှစ်မှာကွယ်လွန်ခဲ့ပြီး သူ့သားဖြစ်သူ John Burke က လက်ရှိ ကုမ္ပဏီ President အဖြစ် ဆက်လက်တာဝန်ယူနေပြီး စာအုပ် ၃ အုပ်ဖြစ်တဲ့ PRESIDENTIAL PLAYBOOK 2020 , 12 SIMPLE SOLUTIONS TO SAVE AMERICA; and ONE LAST GREAT THING တို့ကိုရေးသားထုတ်ဝေခဲ့ပါသေးတယ်။
တော်တော် တော်တဲ့သူပဲနော် 😱
တစ်ခုကျန်သေးတယ်ဗျ ကမ္ဘာ့စျေးအကြီးဆုံးစက်ဘီး ၁၀စီးထဲမှာ အပါအဝင်ဖြစ်တဲ့ တကယ့်လိပ်ပြာအစစ်တွေကပ်ထားတဲ့ Trek Madone Butterfly ကို ထုတ်လုပ်ခဲ့ပြီး
သူ့ရဲ့စျေးနှုန်းကတော့ US $ 500,000 မြန်မာငွေ သိန်း ၁၀၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။
နောက်ပိုစ့်တွေမှာ ပြန်တွေ့ကြတာပေါ့ 😍
#ခရက်ဒစ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon