Real Estate Yangon

Real Estate Yangon

Share

17/04/2023

🙏 "နှစ်သစ်ဆုတောင်း" 🙏

💞မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် 💞
နှစ်သစ် အခါသမယမှာ (၇) ရက်သော သားသမီးများအားလုံး ကျက်သရေ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံ၍ ကိုယ်၊စိတ်၊ နှလုံး ကျန်းမာ၊ ချမ်းသာ၊ ရွှင်လန်း ချမ်းမြေ့ပါစေ🙏🙏
နှစ်ဟောင်းကအညစ်အကြေးတွေပျောက်ပြီး နှစ်သစ်ကို ကံကောင်းခြင်းမင်္ဂလာတွေနဲ့ဖြတ်သန်းနိုင်ကြပါစေကြောင်း 🙏🙏
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်....🙏🙏

"မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး ဖြစ်ပါစေရှင် 😊"

16/04/2023

နှစ်သစ်မှာ ပရိတ်အိုး၊ပရိတ်ချည်၊ပရိတ်ရေပြင်ဆင်တတ်ဖို့
💦☸🙏🌹🌷

နှစ်သစ်ကူးအခါသမယမှာ ပရိတ်တရားမှ မနာယူ၊မရွတ်ဖတ်ရလျှင် စိတ်ထဲ နှစ်သစ်မှာ မပြည့်စုံသလိုခံစားရတာ အမှန်ပါပဲ

ပရိတ်တရားဆိုသည်မှာ "ဘေးရန်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်တတ်သော တရား၊အန္တရာယ်ကင်းစေတတ်သော တရား" ဟုအဓိပ္ပါယ်ဖွင့်ဆိုပါတယ် ဒါ့အပြင် ချမ်းသာသုခနှင့်ပြည့်စုံခြင်းအကျိုးကိုလည်း ရရှိစေနိုင်ပါတယ်

ပရိတ်အိုး ပြင်ဆင်နိုင်ရန်
*************************
ပရိတ်အိုးပြင်ဆင်ပြီဆို ပရိတ်ရေ၊ပရိတ်ချည်၊ပရိတ်ဆန်၊ပရိတ်သဲ ဒါတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် ကေသပုတ္တဇာတ်တော်မှာ ပရိတ်ပန်းကို ဘာပန်း ညာပန်းဟူ၍ အထူးညွှန်းဆိုထားတာတော့မရှိပါဘူး

ပရိတ်အိုးမှာ ပနံတင့်အောင် ပရိတ်ပန်းတွေကိုတော့ အတာအိုးပြင်ဆင်သကဲ့သို့ ခုနစ်နေ့နံ ပန်း၊အညွှန့်များကို ပြင်ဆင်နိုင်ပါတယ် ပြင်ဆင်ပြီးပြီဆိုရင်တော့ ပရိတ်ရွတ်ဖတ်တဲ့ ရဟန်းသံဃာတော်များရှေ့မှာထားပြီး ပရိတ်ရွတ်ဖတ်နာယူနိုင်ကြောင်းကို ကျမ်းဂန်များထဲမှာ လမ်းညွှန်ထားပါတယ်

ပရိတ်အကျိုးတရားများ ဧကန်မုချရရှိစေရန်....
ပရိတ်ရွတ်ဖတ်သူ၊ နာယူသူများ အင်္ဂါ သုံးချက်နဲ့ ပြည့်စုံရန် ကြိုးစားအားထုတ်ဖို့လိုပါတယ်

ပရိတ်ရွတ်ဖတ်သူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
***************************
၁။ အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာသင်ယူထားခြင်း

၂။ ပုဒ်၊ ဗျည်းတို့ကို မယုတ်စေရ။ ပြည့်စုံအောင်လေ့လာကျက်မှတ်ထားခြင်း

၃။ လာဘ်လာဘကိုမငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်းတို့ ဖြစ်ပါတယ်
(ပါထိကအဋ္ဌကထာ၊ အာဋာနာဋိယသုတ် (၁၄၉) )

ပရိတ်နာသူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
************************
၁။ ပဉ္စာနန္တရိယကံမရှိခြင်း (ပဉ္စာနန္တရိယကံဆိုသည်မှာ - အမိရင်းကိုသတ်သူ၊အဖရင်းကိုသတ်သူ၊ရဟန္တာကိုသတ်သူ၊ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ)

၂။ နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း (နိယတမိစ္ဆာဒိဋ္ဌိဆိုသည်မှာ -သတ္တဝါတို့အား ညစ်ညူးခြင်း၊ ဖြူစင်ခြင်းမရှိဟု စွဲယူခြင်း)

၃။ ပရိတ်တန်ခိုးကို ယုံကြည်ခြင်း တို့ဖြစ်ပါတယ်
(မိလိန္ဒပဥှာ (၁၅၅) )

ပရိတ် ရွတ်ပြီးနောက် ပရိတ်အိုး ပရိတ်ပန်း ခြံစည်းရိုးများ အိမ်အဝများမှာ ထားခြင်း ပရိတ်ဆန် ပရိတ်သဲများ ဖြူးခြင်း စည်းချခြင်းဖြင့် မကောင်းသော ဒုက္ခပေးနိုင်တဲ့ နာနာဘာဝများ သရဲတစ္ဆေများ၊မကောင်းသော အညံ့များ ဝင်မလာနိုင်အောင် အဟန့်ဖြစ်စေရန်လည်းကောင်း၊ ပရိတ်‌ရေကို သောက်သုံးပြီး ကျန်းမာစေရန်၊ကြံတိုင်းအောင်၊ဆောင်တိုင်းမြောက်စေရန်အတွက်လည်းကောင်း၊ ပရိတ်ချည်၊ပရိတ်ကြိုးများကို သွားလေရာမှာ အန္တရာယ်ဘေးကင်းစေရန်အတွက် ဆောင်ထားနိုင်ပါတယ်😊

Photo - Dhama School Foundation


#ပရိတ်အိုး #ပရိတ်ချည် #ပရိတ်ရေ

16/04/2023

မင်္ဂလာဒုံမြို့နယ်အတွင်း မြေခိုင်မာမှုသေချာပြီး နေရာကောင်း ဈေးတန်မြေကွက် နှင့် အဆောက်အဦးအပါ ခြံကွက်များရောင်းရန်ရှိပါသည်။

✨✨ဂရံမြေ ✨✨များကို⭐ သိန်း ၁၀၀၀ အောက်⭐ / ⭐၂၀၀၀ ၀န်းကျင်⭐များဖြင့် မြေကွက်၊ ခြံကွက်များရောင်းရန်ရှိပါသည် ။

ကျွန်မတို့ Real Estate Yangon ( TNO ) 🏡 မှ လူကြီးမင်းတို့၏ လုံးချင်းအိမ်၊ ခြံ မြေ၊ ကွန်ဒို၊ တိုက်ခန်း၊ ဂိုထောင်၊ အလုပ်ရုံ များကို လုပ်ငန်းအတွက်ဖြစ်စေ ၊ နေထိုင်ရန်အတွက်ဖြစ်စေ ရောင်း၊ ဝယ်၊ ငှါးရမ်းခြင်း တို့အတွက် လူကြီးမင်းတို့ စိတ်တိုင်းကျသည်အထိ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

အိမ်အဝယ်/အငှါး ကြည့်လိုပါက တစ်ရက်ကြိုဖုန်းဆက်ပေးပါ။

🏡 Real Estate Yangon (TNO )🏠
Contact ☎️ - 09 45 22 74 054
09 69 98 51 641

15/04/2023

မင်္ဂလာပါရှင်
Real Estate Yangon ( TNO ) မှ လူကြီးမင်းတို့၏ ရောင်းလို ၊ ငှားလို ၊ ၀ယ်ယူလိုသော အိမ်၊ခြံ၊မြေ၊စက်မှုဇုန်တို့အား မှန်ကန်လျှင်မြန်စွာ ရောင်း/ငှား/၀ယ်ယူ မှုများကို ၀န်ဆောင်မှု ပေးပါရစေရှင် 😍😍

၀န်ဆောင်ခ သတ်မှတ်ချက်များ 🎉🎉

အရောင်း ---- တန်ဖိုးငွေ၏ 2%
အငှား ------ လ၀က်စာ (၆ လချုပ် )
------ တစ်လစာ ( ၁ နှစ်ချုပ် )

⭐⭐ ( အလုပ်ပြီးမြောက်မှသာ ) ⭐⭐

လူကြီးမင်းတို့၏ ရောင်းရန် / ငှားရန် ရှိသည်များကိုလဲ ကျွန်မတို့ရဲ့ Real Estate Yangon ( TNO ) ၏ Chat Box မှ တစ်ဆင့်
လူကြီးမင်းတို့ အလုပ်အပ်နှံလိုသော အိမ်ခြံမြေ ၏
🖼️ပုံ
📏📐အကျယ်အ၀န်း
📋ပိုင်ဆိုင်မှုအထောက်အထား
👆အားသာချက်
🛣️လိပ်စာ
☎️ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကို ပေးပို့၍ အလုပ်အပ်နှံနိုင်ပါတယ်ရှင် 😍😍

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mingaladon
Yangon