Forward Education

Forward Education

Share

01/10/2023

ဥယျာဥ်မှူး 👨‍🌾📚👩‍🌾

Ctto

08/05/2023

မြန်မာနိင်ငံသည် အာရှတိုက်၏ အရှေ့တောင်ဖက် ဒေသတွင် တည်ရှိသည်။ ဧရိယာ စတုရန်းမိုင် (၂၆၁၂၂၈) ကျယ်ဝန်းပြီးအရှေ့တောင် အာရှဒေသတွင် ၊ ဒုတိယဧရိယာ အကြီးဆုံး နှင့် ၊ ကမ္ဘာပေါ်ရှိနိင်ငံများထဲတွင် ဧရိယာ အကျယ်ဆုံး အဆင့် ၄၀ - မြောက် နိင်ငံဖြစ်သည်။

မြန်မာနိင်ငံ၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်ကြားတွင် တည်ရှိသည်။

နိင်ငံဧရိယာ၏ ၉၆.၉၄% မှာ ကုန်းမြေများဖြစ်ပြီး ၊ မြစ်ချောင်း အင်းအိုင် ထဲမှ ရေပြင်ဧရိယာ များမှာ နိင်ငံဧရိယာ၏ ၃.၀၆% သာ ရှိသည်။

နယ်နမိတ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ နှင့် အိမ်နီးချင်းနိင်ငံများ ထိစပ်နေသည့် နယ်နမိတ် ကုန်းမြေများမှ အရှည်မိုင် ၄၀၅၃ - မိုင် အထိရှိသည်။

ထို အထဲတွင် ဘင်္ဂလားဒေရှ် နိင်ငံ နှင့် ၁၆၈ -မိုင်၊ အိန္ဒိယ နိင်ငံ နှင့် ၉၁၂ - မိုင် ၊ တရုတ်နိင်ငံ နှင့် ၁၃၂၃ -မိုင် ၊ လာအိုနိင်ငံ နှင့် ၁၄၈ - မိုင် ၊ ထိုင်းနိင်ငံ နှင့် ၁၅၀၁ - မိုင် တည်ရှိသည်။

ကမ်းရိုးတမ်း အရှည်မိုင် ၁၂၀၀ ရှိပြီး အိန္ဒိယ သမုဒ္ဒရာ၏ ဆက်စပ်ပင်လယ်များဖြစ်သည့် ဘင်္ဂလားပင်လယ် ၊ ကပ္ပလီပင်လယ် (Adaman sea ) တို့သည် မြန်မာနိင်ငံ၏ ဆက်စပ်ပင်လယ်များ ဖြစ်သည်။

တောင်တန်းများ.
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ၏ အလယ်ပိုင်းဒေသ အများစု သည် မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး ၊ ထိုမြေပြန့်လွင်ပြင် များကို
တောင်တန်းများမှ ကာဆီးထားသည်။

အနောက်ဖက် ရခိုင်ရိုးမတောင်တန်း
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ အနောက်ဖက်ရှိ ရခိုင်ရိုးမ တောင်တန်းသည်အိန္ဒိယနိင်ငံ မဏိပူရ ပြည်နယ်မှ စတင်ကာ ၊ မော်တင်စွန်း အငူနားအထိ တည်ရှိသည် ။

ရခိုင်ရိုးမ ထဲတွင် ရခိုင်ရိုးမတောင်တန်း နှင့်အတူ နာဂ တောင်တန်းများ ၊ ချင်းတောင်တန်းများလဲ ပါဝင်သည် ။

မြောက်ဖက်ရှိ တောင်တန်းများ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံမြောက်ဖက် ကချင်ပြည်နယ်တွင် မြန်မာနိင်ငံ၏ အမြင့်မားဆုံး တောင်တန်းများ တည်ရှိသည် ။

ဟိမ၀န္တာတောင်တန်း၏ ဆက်စပ်တောင်တန်းများ ၊ Kumon range ( ကချင်တောင်တန်း ) နှင့် တရုတ်နိင်ငံ တိဘက်ကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့် Hengduan တောင်တန်းများသည် ကချင်ပြည်နယ်ထဲတွင်တည်ရှိသည်။

အလယ်ပိုင်းရှိ တောင်တန်း
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံအလယ်ပိုင်း ချင်းတွင်းမြစ်ဝှမ်း နှင့် စစ်တောင်းမြစ်ဝှမ်း ဒေသများတွင် ဇီးဖြူတောင်တန်း ၊ မင်းဝံတောင်တန်း ၊ မှန်ကင်းတောင်တန်း နှင့် ဂန့်ဂေါတောင်တန်း စသည့် တောင်တန်းငယ်များ တည်ရှိသည်။

မြန်မာနိင်ငံ အလယ်ပိုင်းရှိ ပဲခူးရိုးမတောင်တန်းသည် ဧရာဝတီမြစ် နှင့် စစ်တောင်းမြစ်ကြားရှိ တောင်တန်းနိမ့်ဖြစ်ကာ မြောက်မှ တောင်သို့မိုင် ၂၀၀ - ကျော် ရှည်လျှားသည်။

ပုပွားတောင်သည် ပဲခူးရိုးမတောင်တန်း၏ မြောက်ဖက် အစွန်ဆုံးဒေသမှ တောင်ထွတ်ဖြစ်ပြီး တောင်ဘက် အစွန်ဆုံးသည် ရန်ကုန်မြို့မြောက်ဖက်အနီးထိ တည်ရှိကာ ရန်ကုန်မြို့တွင် တောင်ပူစာကလေးများအဖြစ် ဖြာဆင်းလာခဲ့သည်။

အရှေ့ဖက်ရှိ ရှမ်းကုန်းမြေမြင့်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံအရှေ့ဖက်တွင် ရှမ်းကုန်းမြေမြင့်တည်ရှိသည်။ ရှမ်းကုန်းမြေမြင့် ဒေသတွင် တရုတ် ယူနန်ဒေသ ၊ မြန်မာနိင်ငံ အရှေ့ဖျားဒေသ နှင့် ထိုင်းနိင်ငံ အနောက်မြောက်ဒေသများ ပါဝင်သည်။

ရှမ်းကုန်းမြေမြင့်သည် ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ ၃၀၀၀ မှ ၄၀၀၀ အတွင်း တည်ရှိသည်။

ရှမ်းကုန်းမြေမြင့်ဒေသတွင် တောင်တန်း ၊ တောင်စွယ်များစွာ နှင့် ကျဉ်းမြောင်းသည့် တောင်ကြား Valleys ဒေသများစွာ တည်ရှိသည်။

ဧရာဝတီ ၊ စစ်တောင်း ၊ သံလွင် နှင့် Chao Phraya မြစ်များ၏ မြစ်သွယ် ၊ မြစ်လက်တက်များသည် ရှမ်းကုန်းမြေမြင့် အား ဖြတ်ကျော်စီးဆင်းသွားကြသဖြင့် နေရာအနှံ့တွင် တောင်ကြား ဒေသများကို တွေ့ရှိနိင်သည် ။

တောင်ဖက်ရှိ တောင်တန်းများ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံတောင်ဖက်ဒေသများတွင် ရှမ်းကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့် ကရင်တောင်တန်း ၊ ဒေါနတောင်တန်း နှင့် တနင်္သာရီ တောင်တန်းများတည်ရှိသည် ။

#ထင်ရှားသည့် တောင်ထိပ်များ
⛰⛰⛰⛰⛰⛰⛰⛰⛰⛰

ခါကာဘိုရာဇီ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည် ။ ပေပေါင်း (၁၉၂၉၆) - ပေ ရှိပြီး မြန်မာနိင်ငံမြောက်ဖက် ဟိမ၀န္တာတောင်တန်း၏ ဆက်စပ်တောင်တန်းပေါ်တွင် တည်ရှိသည် ။

ဂန်လန်ရာဇီ
᪥᪥᪥᪥᪥᪥
ဒုတိယ အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ (၁၉၂၆၀) ရှိကာ မြန်မာနိင်ငံမြောက်ဖက် ဟိမ၀န္တာတောင်တန်း၏ ဆက်စပ် တောင်တန်းပေါ်တွင် တည်ရှိသည်။

စာရာမေတိတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့် (၁၂၅၅၂) - ပေ ရှိပြီး နာဂ တောင်တန်းပေါ်တွင် တည်ရှိသည် ။

နတ်မတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၁၀၀၇၀) ရှိပြီး ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးတွင်တည်ရှိသည်။ ထိုတောင်အား တချိန်က ဝိတိုရိယတောင်ဟုခေါ်သည် ။

နတ်တောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၈၆၀၆) ရှိပြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တည်ရှိသည် ။

မယ်လတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၆၈၂၀) ရှိပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင်တည်ရှိသည် ။
မြင့်မိုလက်ခတ်တောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၆၇၉၈) ရှိပြီး တနင်္သာရီ တောင်တန်းပေါ်တွင် တည်ရှိသည် ။

ပုပွါးတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ ၄၉၈၀ ရှိပြီး မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တည်ရှိသည်။ ထိုတောင်သည် ပဲခူးရိုးမ၏ မြောက်ဖက်အစွန်းတွင်သီးခြားထိုးထွက်နေသည့် မီးတောင်ဟောင်း ဖြစ်သည် ။

#မြစ်များ

ဧရာဝတီမြစ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
ဧရာဝတီမြစ်သည် (၁၃၇၃) မိုင်ရှည်လျှားပြီး မြန်မာနိင်ငံ၏ အဓိကမြစ်ကြီးတစင်းဖြစ်ပြီး ၊ မြန်မာနိင်ငံမြောက်ဖက်မှ စတင်စီးဆင်းကာ ၊ အလယ်ပိုင်း ဒေသကိုဖြတ်ကျော်ပြီး မုတ္တမ ပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။

ချင်းတွင်းမြစ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
ချင်းတွင်းမြစ်သည် အရှည်မိုင် (၇၅၀) အထိရှိပြီး မြန်မာနိင်ငံမြောက်ပိုင်း ဟူးကောင်းတောင်တန်း ပေါ်တွင် မြစ်ဖျားခံကာ ၊ ဟူးကောင်းတောင်ကြားကို ဖြတ်ကျော်ပြီး မြန်မာနိင်ငံ အလယ်ပိုင်း မြင်းခြံမြို့ အနီးတွင် ဧရာဝတီမြစ်နှင့် လာရောက် ပေါင်းဆုံသည့် အကြီးဆုံးမြစ်လက်တက် ဖြစ်သည် ။

မူးမြစ် ၊ မြစ်ငယ်မြစ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မူးမြစ် ၊ မြစ်ငယ်မြစ်များသည် ဧရာဝတီမြစ်နှင့် လာဆုံသည့် မြန်မာနိင်ငံ အလယ်ပိုင်းဒေသမှ မြစ်ငယ် များ ဖြစ်ကြသည်။

သံလွင်မြစ်
᪥᪥᪥᪥᪥᪥
သံလွင်မြစ်သည် တရုတ်နိင်ငံ တိဖက်ကုန်းမြေမြင့်မှ မြစ်ဖြားခံကာ ရှမ်းကုန်းမြေမြင့် ဒေသကို ဖြတ်ကျော်ပြီး မုတ္တမပင်လယ်ကွေ့ သို့ စီးဝင်သည်။

မဲခေါင်မြစ်
᪥᪥᪥᪥᪥᪥
မဲခေါင်မြစ်သည် မြန်မာနိင်ငံနှင့် လာအိုနိင်ငံအကြား နယ်နမိတ်အဖြစ် တည်ရှိသည်။

စစ်တောင်းမြစ်
᪥᪥᪥᪥᪥᪥᪥᪥
စစ်တောင်းမြစ်သည် အရှည် (၂၆၁) မိုင်ရှိပြီး ရှမ်းကုန်းမြေမြင့်တော်ဖက် အစွန်ဒေသမှ မြစ်ဖျားခံကာပဲခူးတိုင်းကိုဖြတ်ကျော်ပြီး မုတ္တမ ပင်လယ် ကွေ့ထဲသို့စီးဝင်သည်။

တောင်ဖက်ဒေသရှိမြစ်များ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
ရေးမြစ် ၊ Heinze မြစ် ၊ ထားဝယ်မြစ် ၊ တနင်္သာရီမြစ် နှင့် လေညာမြစ်များသည် မြန်မာနိင်ငံ၏ တောင်ဖက်ပိုင်းတွင် တည်ရှိပြီး တောင်တန်းများမှ မြစ်ဖျားခံကာ ကပ္ပလီပင်လယ်ထဲသို့ စီးဝင်သည်။

Kraburi မြစ်သည် ထိုင်း နှင့် မြန်မာနိင်ငံအကြား နယ်နမိတ်အဖြစ်စတင်စီးဆင်းသည်။

#ရေအိုင်များ

အင်းတော်ကြီးအိုင်
᪥᪥᪥᪥᪥᪥᪥᪥
အင်းတော်ကြီး ရေအိုင်သည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာ စတုရန်းမိုင် (၃၁၄ .၆၇) အထိ ကျယ်ဝန်းကာ မြန်မာနိင်ငံရှိ အကြီးဆုံးရေကန်ဖြစ်သည်။

အင်းလေးကန်
᪥᪥᪥᪥᪥᪥᪥᪥
အင်းလေးကန်သည် ရှမ်းကုန်းမြေမြင့်ဒေသတွင်တည်ရှိသည့် မြန်မာနိင်ငံ၏ ထင်ရှားသည့် ရေကန်တခုဖြစ်သည်။ ဤရေကန်သည် တဖြည်းဖြည်းတိမ်ကောလာနေသည့် ရေကန်ဟု မှတ်တမ်းများမှဆိုသည်။

#ကျွန်းများ

ရမ်းဗြဲကျွန်း
🏝🏝🏝🏝🏝
ရမ်းဗြဲကျွန်းသည် မြန်မာနိင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သည်။ ရခိုင်ကမ်းရိုးတမ်း၏ အလယ်ခန့်တွင် တည်ရှိကာ အရှည် မိုင် (၅၀) ၊ အနံ မိုင် (၂၀) ခန့်ရှိကာ ဧရိယာစတုရန်းမိုင် (၅၂၀)ခန့် ကျယ်ဝန်းသည်။

ကျောက်ဖြူမြို့ ၊ ရမ်းဗြဲမြို့ ၊ စနဲ့မြို့များသည် ထိုကျွန်းပေါ်တွင်တည်ရှိသည်။

မာန်အောင်ကျွန်း
🏝🏝🏝🏝🏝
မာန်အောင်ကျွန်းသည် ရမ်းဗြဲကျွန်းနှင့် ၆.၂ မိုင်ခန့်သာ ကွာဝေးပြီး နီးကပ်စွာတည်ရှိသည့် ရခိုင်ကမ်းရိုးတမ်းဒေသမှ ထင်ရှားသည့် ကျွန်းတကျွန်းဖြစ်သည်။

မာန်အောင်ကျွန်းသည် စတုရန်းမိုင် ၂၅၀ - ခန့်သာ ကျယ်ဝန်းကာ အနောက်မြောက် မှ အရှေ့တောင် ဖက်သို့ အရှည် ၁၇ -မိုင် ခန့် သွယ်တန်းနေသည် ။ မာန်အောင်မြို့သည် မာန်အောင်ကျွန်းပေါ်တွင်တည်ရှိသည် ။

ကိုကိုးကျွန်းစု
🏝🏝🏝🏝🏝
ကိုကိုးကျွန်းစုသည် ကျွန်းငယ်ပေါင်း ၁၂ - ကျွန်းရှိပြီး ဘင်္ဂလားပင်လယ် နှင့် ကပ္ပလီပင်လယ်အကြားတည်ရှိသည့် မြန်မာအပိုင် ကျွန်းအစုအဝေးဖြစ်သည် ။

ကိုကိုးကျွန်းသည် ရန်ကုန်မြို့မှ မိုင် ၂၂၀ ခန့် အကွာတွင် တည်ရှိပြီး ၊ ရန်ကုန်တိုင်း၏ မြို့နယ် တခုဖြစ်သည် ။

မြိတ်ကျွန်းစု
🏝🏝🏝🏝🏝
မြိတ်ကျွန်းစုသည် တနင်္သာရီတိုင်းဒေသကြီးတွင်ပါဝင်ကာ မြန်မာနိင်ငံ၏တောင်ဖက် ဘင်္ဂလားပင်လယ်ထဲမှ ကျွန်းအစုအဝေးဖြစ်သည် ။

အရွယ်အစား အမျိုးမျိုးရှိသည့် ကျွန်းငယ်ပေါင်း ၈၀၀ - ကျော်ရှိပြီး ထိုအထဲတွင် ကတန်းကျွန်းမှာ အကြီးဆုံးဖြစ်သည်။

credit:

23/05/2021

အင်္ဂလိပ်စကားပြော တိုးတက်ချင်သူတို့ ဖတ်မှတ်ရန် (၁)

1. Let's talk over a cold beer.
ဘီယာအေးလေးသောက်ရင်းစကားပြောကြရအောင်။
Let's talk over a cup of tea.
လ္ဘက်ရည်သောက်ရင်း စကားပြောကြရအောင်။

2. He lied to my face.
သူငါ့ကို ပေါ်တင်ကြီး ဗြောင်လိမ်တယ်။
to my face ငါ့မျက်နှာ တည့်တည့်ကြည့်ပြီး ဗြောင်လုပ်တာ

3. I was out all day.
ငါတနေကုန်အပြင်သွားနေရတာ။

4. You keep out of this.
You stay out of this.
မင်းဒီကိစ္စထဲမှာ ဝင်မပါပါနဲ့။ (လက်ရှောင်နေပါ)

5. He is using you for his own gain.
သူဟာ မင်းကို သူ့ကိုယ်ကျိုးအတွက် အသုံးချနေတာ။

6. Easy come, easy go.
လွယ်လွယ်ရတာ လွယ်လွယ်ကုန်တာပါပဲ။

7. Nothing lasts forever.
ဘာမှ ထာဝရမမြဲပါ။

8. They don't seem to understand what you are saying.
မင်း ဘာပြောနေတယ်ဆိုတာကို သူတို့နားလည်ပုံ မရဘူး။

9. You always bully me.
မင်း အမြဲငါ့ကို အနိုင်ကျင့်တယ်။

10. You try to get the upper hand on me.
မင်း ငါ့ကို နိုင်စားတယ်။ အထက်စီးက အသာလိုချင်တယ်။

11. You bear a grudge against me.
မင်း ငါ့ကို ရန်ငြိုးထားတယ်။

12. You turned me against my friend.
မင်း ငါ့ကို ငါ့ရဲ့ သူငယ်ချင်းနဲ့ ရန်တိုက်ပေးတယ်။

13. He is picking a fight.
သူဟာ ရန်လိုနေတယ်။ ရန်ရှာနေတယ်။

14. I was so worried about you.
ငါ မင်းအတွက် အရမ်းစိုးရိမ်နေတာ။

15. They said terrible things about him.
သူတို့က သူ့မကောင်းကြောင်းတွေ ပြောလိုက်ကြတာ။

16. He cares about us.
သူဟာ ငါတို့အတွက် ပူရှာပါတယ်၊ ဂရုစိုက်ပါတယ်။

17. I really don't care what they think about me.
သူတို့ ငါ့ကို ဘယ်လိုထင်ထင် ငါဂရုမစိုက်ပါဘူး။

18. I know that what I'm doing is right.
ငါလုပ်တာ အမှန်ဆိုတာ ငါသိတယ်။

19. All I want is your love.
ငါ လိုချင်တာ မင်းအချစ်ပဲ။

20. All I need is time.
တကယ်ဆို အချိန်ပဲလိုတာပါ။

21. I can't believe what I'm hearing.
ကြားရတာ ယုံစရာမရှိ။

22. You've changed so much.
မင်း အရမ်းကို ပြောင်းလဲသွားလိုက်တာ။

23. I feel like I don't know you anymore.
မင်းဟာ သူစိမ်းတစ်ယောက်ဖြစ်သွားသလို ငါခံစားရတယ်။

24. Don't lecture me.
Don't lord over me.
မင်း ငါ့ကို ဆရာကြီးလို တရားလာမဟောပါနဲ့။

25. Stop being so patronizing.
အကျောကြီးနဲ့ ဆရာကြီးလာလုပ်မနေနဲ့။

26. Stop pretending like you know everything under the sun.
လောကကြီးမှာ ဘာမဆို မင်း တတ်သိတဲ့ပုံနဲ့ ဟန်ဆောင်မနေပါနဲ့။

27. Frankly my dear, I don't give a damn.
ရှင်းရှင်းပြောရရင် ငါ ဂရုကို မစိုက်တာ။

28. Actions speak louder than words.
အပြောမကြီးနဲ့ လက်တွေ့လုပ်ပြတာ ပိုကောင်းတယ်။

29. You are adding insult to injury.
မင်းဟာ အနာကို ဆားသိပ်ပေးနေသလိုပဲ။
to add insult to injury ဆိုတဲ့ idiom ကိုမှတ်ပါ။ ဗူးလေးရာ ဖရုံဆင့် ...မီးလောင်ရာ လေပင့် ဆိုသလို အခြေအနေ ပိုဆိုးအောင်လာလုပ်နေတာ။

30. The ball is in your court.
အခု မင်းဆုံးဖြတ်ချက်ချရမဲ့ အလှည့်ပဲ။

31. Stop beating about the bush.
ဝေ့လည်ကြောင်ပတ်တွေလုပ်မနေနဲ့။ လိုရင်းကို တည့်တည့်ပြောပါ။
to beat about the bush ဆိုတဲ့ idiom ကိုမှတ်ပါ။

32. It seems I have bitten off more than I can chew.
ငါတော့ မနိုင်တဲ့ ဝန်ကို ထမ်းမိပြီ။
to bite off more than one can chew ဆိုတဲ့ idiom ကိုမှတ်ပါ။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိတာမျိုး။

33. Break a leg.
ကံကောင်းပါစေ။ Good luck. လို့ ဆုတောင်းပေးတာ။ (ခြေထောက်ကျိုးပါစေ..လို့ဘာသာပြန်လိုက်ရင် တလွဲဖြစ်ပြီ)

34. I'd like to take a cat nap after lunch.
နေ့လည်စာစားပြီးရင် ငါ ခဏ တရေးအိပ်ချင်တယ်။
တရေးမှေးတာကို siesta, nap, cat nap စသည်ဖြင့်မှတ်ပါ။

35. I understand even if you can't help me.
မင်း ငါ့ကို မကူညီနိုင်ရင်လည်း ငါနားလည်ပါတယ်။

မေတ္တာဖြင့်
ဒေါက်တာစိုးသန်း

Credit

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00