Bikefy

Bikefy

Share

Photos from Bikefy's post 05/02/2026

မင်္ဂလာပါ... BIKEFiers

ဒီနေ့တော့ Endurance Road Bike လောကမှာ နာမည်ကျော်ကြားလှတဲ့ Trek Domane စီးရီးရဲ့ Domane 4.3 Carbon Frameset လေးအကြောင်းကို အသေးစိတ် သုံးသပ်တင်ဆက်ပေးချင်ပါတယ်။

• "လမ်းကြမ်းတွေကို မွေ့ရာလို ခံစားစေမယ့် နည်းပညာ" (The Soul of Comfort)

Trek Domane စီးရီးဆိုတာနဲ့ စက်ဘီးသမားတိုင်း ပြေးမြင်မိတာကတော့ "သက်တောင့်သက်သာရှိမှု" (Comfort) ပါပဲ။ ဒီ Frameset မှာ Trek ရဲ့ နာမည်ကျော် IsoSpeed Decoupler နည်းပညာပါဝင်ပါတယ်။ ဒါဟာ ဒီဖရိန်ရဲ့ နှလုံးသည်းပွတ်ပါပဲ။ Seat tube နဲ့ Top tube ကို သီးခြားစီခွဲထုတ်ပေးထားတဲ့ ဒီနည်းပညာကြောင့် လမ်းကလာတဲ့ တုန်ခါမှု (Vibration) တွေကို ဖရိန်က စုပ်ယူပေးလိုက်ပါတယ်။
ဒါကြောင့် ခင်ဗျားအနေနဲ့ မိုင် ၁၀၀ လောက်နင်းပြီးရင်တောင် ခါးနာတာ၊ ညောင်းညာတာတွေမရှိဘဲ လန်းလန်းဆန်းဆန်း ရှိနေစေမှာပါ။

• မြန်မာပြည် Road Race ပွဲများအတွက် အသင့်တော်ဆုံး "လက်နက်"

ဒီအချက်ကို အထူးပြောချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက Road Bike ပြိုင်ပွဲအများစုရဲ့ လမ်းကြောင်းအနေအထားကို စက်ဘီးသမားတွေ သိကြတဲ့အတိုင်းပါပဲ။ လမ်းသား ပြောင်ချောနေတဲ့ နေရာတွေရှိသလို၊ ရုတ်တရက် ကြုံတွေ့ရတတ်တဲ့ လမ်းကြမ်းပိုင်းတွေ၊ ချိုင့်ခွက်တွေလည်း မနည်းပါဘူး။ ဒီလို အခြေအနေမျိုးမှာ သာမန် အမြန်နှုန်းမြင့် Pure Race Bike တွေက လမ်းကလာတဲ့ တုန်ခါမှုဒဏ်ကို လူဆီ တိုက်ရိုက်ရောက်စေလို့ ရေရှည်မှာ ခွန်အားကုန်ခမ်းလွယ်ပါတယ်။
ဒါပေမယ့် ဒီ Trek Domane 4.3 ကတော့ မတူပါဘူး။ သူ့ရဲ့ IsoSpeed နည်းပညာက ဒီလို လမ်းကြမ်းတွေကို "အသာလေး" ဖြတ်ကျော်သွားနိုင်စေပါတယ်။ "ပြိုင်ပွဲဆိုတာ ဘယ်သူ အမြန်ဆုံးလဲ ဆိုတာထက်၊ ဘယ်သူက နောက်ဆုံး Sprint ဆွဲချိန်အထိ ခွန်အားတွေ လက်ကျန်များများ ရှိနေသလဲ" ဆိုတာက အဆုံးအဖြတ်ပါပဲ။
လမ်းကြမ်းဒဏ်ကို ဖရိန်က စုပ်ယူပေးထားလို့ လူက သက်တောင့်သက်သာနဲ့ ပန်းဝင်ခါနီးအထိ အားအပြည့် စုထားနိုင်မယ့် "လျှို့ဝှက်လက်နက်" ဆိုလည်း မမှားပါဘူး။ မြန်မာပြည်က ပွဲတွေမှာ Podium နေရာကို မျှော်မှန်းထားတယ်ဆိုရင် ဒီ Domane Frameset က သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမှာ အသေအချာပါပဲ။

• 400 Series OCLV Carbon (ပေါ့ပါးမှုနဲ့ ခိုင်ခံ့မှု)

ဒီ Frameset ကို Trek ရဲ့ 400 Series OCLV Carbon နဲ့ တည်ဆောက်ထားပါတယ်။ ဒါဟာ အပျော်တမ်းစီးသူတွေနဲ့ ပြိုင်ပွဲဝင်သူတွေကြားက ရွှေရောင်မျှခြေတစ်ခုပါ။ အရမ်းမပါးလွှာလွန်းသလို၊ အလေးချိန်လည်း မစီးပါဘူး။ တောင်တက်မလား၊ ပြေးမလား... Power Transfer လုပ်ပေးနိုင်စွမ်းက အရမ်းကောင်းပါတယ်။ နင်းလိုက်တဲ့ အားတိုင်းကို ဘီးတွေဆီရောက်အောင် တွန်းပို့ပေးမယ့် ခံစားချက်ကို ရစေမှာပါ။

• ဒီဇိုင်းနှင့် အမြင် (Aesthetic)

အခု BIKEFY မှာ ရောက်ရှိနေတဲ့ ဒီ Frameset ရဲ့ အရောင်ကတော့ Matte Black/Grey Tone ဖြစ်ပါတယ်။ အရမ်းကို တည်ငြိမ်ပြီး Premium ဆန်တဲ့ Look ကို ပေးပါတယ်။ ခေတ်မရွေးတဲ့ ဒီဇိုင်းမျိုးပါ။ လမ်းပေါ်ထွက်လိုက်တာနဲ့ လူတိုင်းငေးမောသွားစေမယ့် "Stealth Look" မျိုးကို ပိုင်ဆိုင်ထားပါတယ်။

• Dream Build (အိပ်မက်ထဲက စက်ဘီး)

ဒီ Frameset က ကင်းဗတ်စ အလွတ်တစ်ခုလိုပါပဲ။ ခင်ဗျားကြိုက်တဲ့ Groupset (ဥပမာ - Shimano 105 သို့မဟုတ် Ultegra သို့မဟုတ် Dura Ace)၊ ကိုယ်ကြိုက်တဲ့ Wheelset တွေနဲ့ တွဲဖက်လိုက်မယ်ဆိုရင်တော့ တန်ဖိုးကြီး Super Bike တစ်စီးအဖြစ် ပြောင်းလဲသွားမှာပါ။

• ဈေးနှုန်း

ဒီလောက် နည်းပညာတွေအပြည့်နဲ့ Premium Carbon Frameset တစ်ခုကို ကျွန်တော်တို့ BIKEFY မှာ 1,100,000 MMK (၁၁ သိန်းကျပ်) တည်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ဒါဟာ Trek ဆိုတဲ့ Brand Value နဲ့ ယှဉ်လိုက်ရင် အရမ်းကို တန်တဲ့ ဈေးနှုန်းတစ်ခုပါ။

"ခရီးရှည်တွေကို အမောအပန်းမရှိ ဖြတ်ကျော်ချင်တယ်၊ ပြိုင်ပွဲတွေမှာလည်း သူများထက် အသာစီးရချင်တယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ စက်ဘီးတစ်စီးကို Build လုပ်ချင်တယ်" ဆိုရင်တော့ ဒီ Trek Domane 4.3 Frameset က ခင်ဗျားအတွက်ပါပဲ။

BIKEFY - Your True Bicycle Friend.

Contact - 09785174002, 09789125825

Location - YGN, Hlaing Thar Yar

22/12/2025

"FLIGHT DECK"

ရွှေခရားတွင် ဖြစ်သည်။

မနက်ခင်း စက်ဘီးစီးလေ့ကျင့်ခန်းအပြီး ဒေမီယန် (Damien) နှင့် သူ့သူငယ်ချင်း အောင်ကြီးတို့နှစ်ဦး ရွှေခရားဝင်ထိုင်ရင်း အမောဖြေနေကြသည်။

အောင်ကြီးက လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ဒေမီယန်၏ စက်ဘီးလက်ကိုင်တွင် ကပ်လျက်သားပါသော ဖန်သားပြင် အသေးစားလေးကို လှမ်းသတိထားမိသွားသည်။

"ဟေ့ရောင် ဒေမီယန်... မင်းစက်ဘီးလက်ကိုင်က ဂီယာလက်တံပေါ်မှာ ကပ်ထားတဲ့ ဖန်သားပြင်အသေးလေးက ဘာကြီးတုန်းကွ။ မိုင်းလစ်လား။ ကြည့်ရတာ ဒီဘက်ခေတ်ပေါ် ပစ္စည်းပုံစံလည်း မဟုတ်ဘူး"

ဒေမီယန်က ပြုံးလိုက်ပြီး သူ့စက်ဘီးလက်ကိုင်ကို ပုတ်ပြရင်း ပြန်ဖြေသည်။
"ဪ... ဒါ Shimano Flight Deck လို့ ခေါ်တယ်သူငယ်ချင်း။ ၁၉၉၀ ပြည့်လွန်နှစ်တွေအကုန်နဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေတုန်းကတော့ တကယ့် ဆန်းသစ်တီထွင်မှုတစ်ခုပဲ။ စက်ဘီးစီးနေရင်း ဂီယာဘယ်လောက်ရောက်နေလဲဆိုတာ အောက်ငုံ့ကြည့်စရာမလိုဘဲ ဒီဖန်သားပြင်မှာ တန်းမြင်ရအောင် လုပ်ပေးတဲ့ Bike Computer စနစ်လေ"

အောင်ကြီးက စိတ်ဝင်စားသွားပြီး "ဟ Flight deck ဆိုပါလား၊ လေယာဥ်မောင်းခန်းနဲ့ ဘာဆိုင်လို့တုန်း။

ဆိုင်တာပေါ့ကွ၊ Shimano က သူ့ရဲ့ ဒီစနစ်ကို စက်ဘီးသမား​တွေ လေယာဥ်မောင်းခန်းထဲရောက်နေသလို ထိန်းချုပ်လို့၊ ကြည့်လို့ရတာကို တင်စားထားတာလေ။

သြော် မိုက်တယ်။ ဒါနဲ့ဘယ်ဂီယာ Shifter နဲ့မဆို ဒါမျိုး တပ်လို့ရလား" ဟု မေးလိုက်သည်။

"မရဘူးကွ။ သူက သီးသန့်ထုတ်ထားတဲ့ မော်ဒယ်တွေနဲ့မှ ရတာ" ဟု ဒေမီယန်က ခေါင်းခါရင်း ရှင်းပြသည် -

"အဓိကကတော့ Shimano ရဲ့ 9-speed နဲ့ 10-speed ခေတ်က မော်ဒယ်တွေပေါ့။ ဥပမာပြောရရင် Dura-Ace ဆို 7700 နဲ့ 7800 စီးရီးတွေ၊ Ultegra ဆိုရင် 6500 နဲ့ 6600 စီးရီးတွေ၊ 105 ဆိုရင်တော့ 5500 နဲ့ 5600 စီးရီးတွေမှာ အသုံးများတယ်။ Tiagra နဲ့ Sora တချို့မော်ဒယ်တွေမှာတောင် ရသေးတယ်။ Road Bike တင်မကဘူး၊ တောင်တက်စက်ဘီး (MTB) ဂရုဆက်တွေဖြစ်တဲ့ XTR, XT နဲ့ LX မော်ဒယ်ဟောင်းတွေမှာလည်း သုံးလို့ရတယ်"

ဒေမီယန်က ဆက်လက်ပြီး -
"ဒီလက်ကိုင် (Hood) ရော်ဘာအဖုံးအောက်မှာ ခလုတ်အသေးလေးတွေ မြှုပ်ထားတယ်။ အဲ့ဒီခလုတ်တွေနဲ့ လှမ်းထိန်းချုပ်ရတာ။ လက်ကိုင်ပေါ်က လက်ဖယ်စရာမလိုတော့ မင်းဘယ်ဂီယာရောက်နေလဲ​ဆိုတာသိရဖို့ အန္တရာယ်များတဲ့နည်းဖြစ်တဲ့ အောက်ကိုငုံ့ပြီး မကြည့်ရတော့ပဲ ငြိမ်ငြိမ်နဲ့အေးဆေးလေး စီးနိုင်တာပေါ့"

အောင်ကြီးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ဪ... အဲ့ခေတ်ကတည်းက တော်တော်စုံတာပဲကိုး။ အခုနောက်ပိုင်းရော သုံးကြသေးလား" ဟု မေးလိုက်သည်။

"နည်းပညာဆိုတာက ရပ်မှမနေတာပဲလေ။ Flight Deck က အစပျိုးပေးခဲ့တာပေါ့။ နောက်ပိုင်းမှာ ပိုပြီးအဆင့်မြင့်တဲ့ Di2 လိုမျိုး အီလက်ထရောနစ် ဂီယာစနစ်တွေ၊ D-Fly လိုမျိုး ကြိုးမဲ့ (Wireless) စနစ်တွေ ပေါ်လာတော့ သူ့နေရာကို အစားထိုးသွားကြပြီ။ ဒါပေမဲ့ ဒီကောင်ကတော့ အဲဒီခေတ်က စက်ဘီးသမားတွေအတွက် စမတ်စနစ် (Smart Cockpit) ရဲ့ အစပေါ့ကွာ"

"ဒေမီယန်က အောင်ကြီးကို Shimano Flight Deck အလုပ်လုပ်ပုံအကြောင်း ဆက်ရှင်းပြရာမှာ ဒီစနစ်တစ်ခုလုံး အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ အပိုပစ္စည်း (Accessories) တွေအကြောင်းကို အခုလို ထည့်ပြောပြခဲ့ပါတယ်။"

Flight Deck စနစ်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေက

1. Flight Deck Computer (LCD Head Unit): လက်ကိုင်အလယ် (stem) မှာ တပ်ဆင်ရတဲ့ ဖန်သားပြင်လေးပါ။ ဒါက ဒေတာအားလုံးကို ဖတ်ပေးတဲ့ နှလုံးသားပေါ့။

2. Integrated Sensors (Wired Harness): ဂီယာ Shifter တွေနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပေးတဲ့ ဝါယာကြိုးစနစ်။ ဒီကြိုးတွေကနေတစ်ဆင့် ဂီယာဘယ်လောက်မှာ ရောက်နေလဲဆိုတာကို ကွန်ပျူတာဆီ ပို့ပေးတယ်။

3. Wheel Sensor & Magnet: အမြန်နှုန်း (Speed) နဲ့ ခရီးအကွာအဝေး (Distance) ကို တိုင်းတာဖို့အတွက် ရှေ့ဘီးရဲ့ စပုတ်တံမှာ သံလိုက် (Magnet) တစ်ခုနဲ့ Fork မှာ ဆင်ဆာတစ်ခု တပ်ဆင်ရတယ်။

4. Mounting Bracket: ကွန်ပျူတာဖန်သားပြင်ကို စက်ဘီးလက်ကိုင်မှာ ခိုင်ခိုင်မာမာ မြဲနေအောင် ထိန်းထားပေးတဲ့ ဒေါက်တိုင်လေးတစ်ခု။

5. Cadence Sensor (Optional): တချို့မော်ဒယ်တွေမှာတော့ ခြေနင်းပတ်ရေ (Pedaling Speed) ကို တိုင်းတာဖို့အတွက် သီးသန့်ဆင်ဆာ ထပ်တပ်လို့ရတယ်။
"အဲ့ဒီခေတ်ကတော့ အခုလို Bluetooth တွေ၊ Wi-Fi တွေ မရှိသေးတော့ အကုန်လုံးကို ဝါယာကြိုးတွေနဲ့ သေသေချာချာ သွယ်တန်းထားရတာပေါ့ကွာ" လို့ ဒေမီယန်က ရှင်းပြလိုက်ပါတယ်။

အောင်ကြီးလည်း သူငယ်ချင်းဖြစ်သူ၏ ရှင်းပြချက်ကြောင့် ဗဟုသုတတစ်ခု တိုးသွားလို့ ကျေနပ်သွားကာ လက်ကျန် ပုံမှန်တစ်ခွက်ကိုအကုန်မော့ပြီး ကို၀တုတ်ကို လက်ဖက်ရည်ဖိုးရှင်းပြီး နှစ်ယောက်သား ပြန်နင်းလာကြတော့သည်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 323, 5th Street, Mayangone Township
Yangon
11061