Advocate
15/09/2025
ချေဂွေဗားရားသည် ပုန်းအောင်းနေရာမှ အဖမ်းခံလိုက်ရသည်။ သူ့ကိုဖမ်းမိစေရန် သတင်းပေးသော လယ်သမားကို အာဏာပိုင်တွေက မေးသည်။
“မင်းတို့အခွင့်အရေးအတွက် သူ့ဘဝနဲ့ရင်းပြီး အကာအကွယ်ပေးနေတဲ့သူကို ဘာဖြစ်လို့ မင်းက သစ္စာဖောက်ရ တာလဲ”
လယ်သမားကပြန်ဖြေသည်။
“သူတို့စစ်ဖြစ်နေတာ ကျုပ်သိုးတွေ လန့်ကုန်လို့” ဟုဆိုသည်။
ကျွန်တော်ဖတ်ဖူးသည့် မှတ်တမ်းအရ ချေဂွေဗားရားကို ဘိုလီးဗီးယားတွင် ဖမ်းမိသည်မှာ လယ်သမားတစ်ဦး၏ သတင်းပေးမှုကြောင့်ဖြစ်သည်။ ထိုဒေသခံလယ်သမားကိုလည်း အာဏာပိုင်တွေက ငွေကြေးများ ပေးခဲ့ သည်ဟု ဆိုပါသည်။
တော်လှန်ရေးသမားတွေအမြင်အရ ချေသည် ပြည်သူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတစ်ဦး ဖြစ်သော် လည်း သာမန်လယ်သမား တစ်ယောက်အတွက်မူ ဘာမျှမဟုတ်သည်ကိုတွေ့ရသည်။ ထိုသူက သူ့ကိုယ်ပိုင် ဘဝ ငြိမ်းချမ်းရေးနှင့် အသက်မွေးဝမ်းကျောင်းအတွက်သာကြည့်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ဆိုသည့် သဘောကို နားမလည်သူဟု ယူဆရမည်ဖြစ်သည်။
သာမန်လူကိုမပြောနှင့် ချမ်းသာသူတွေကရော တိုင်းပြည်အပေါ် မည်သို့သဘောထားကြသနည်းဆိုခြင်းကို အခြားဥပမာလေးတစ်ခုဖြင့် ဖော်ပြလိုပါသည်။
နပိုလီယံစိုးမိုးသည့် ခေတ်ကာလတွင် အီဂျစ်နိုင်ငံကို သိမ်းပိုက်ရာ၌ အီဂျစ်ခေါင်းဆောင် မိုဟာမက် ကာရင် သည် ပြင်သစ်တို့ကိုတော်လှန်ရာ၌ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ကာရင်ကို နပိုလီယံ တပ်က ဖမ်းမိသည်။ သူ့ကို သေဒဏ်စီရင်လိုက်သည်။ သို့သော် နပိုလီယံက သူ့ကို ခေါ်တွေ့သည်။
“ကျွန်ုပ်သည် သူ့တိုင်းပြည်နှင့် လူမျိုးအတွက် သတ္တိရှိစွာ ခုခံတော်လှန်ပေးနေသူ တစ်ဦးကို အဆုံးစီရင်ရ မည်အား စိတ်မကောင်းပါ။ ကျွန်ုပ်သမိုင်းကိုလည်း သူ့တိုင်းပြည် သူ့လူမျိုးအတွက် တော်လှန်ပေးနေသူ တစ်ဦးအား အဆုံးစီရင်ခဲ့သူတစ်ဦးအနေဖြင့် မှတ်တမ်းအတင်မခံနိုင်ပါ။ သို့ဖြစ်ရာ သင့်အသက်ကို ချမ်းသာ ပေးလိုက်မည်။ ငါ့အား ရွှေဒင်္ဂါး အပြားတစ်သိန်း ပေးဆောင်ရမည်။ ကျွန်ုပ်စစ်သားတွေ ဆုံးရှုံးခဲ့ရသည့်အတွက် လျော်ကြေးဖြစ်သည်” ဟု ပြောလိုက်သည်။
မိုဟာမက် ကာရင်က ပြုံးလိုက်ပြီး
“ကျွန်ုပ်မှာ ထိုမျှများပြားသော ငွေကြေးမရှိ။ သို့ရာတွင် ကျွန်ုပ်ထံ၌ ရွှေဒင်္ဂါး တစ်သိန်းမက ထိုက်တန်သော သူဌေးကုန်သည်များစွာရှိသည်”
နပိုလီယံလည်း သူ့သေဒဏ်ကို ရက်ရွှေ့ဆိုင်းပေးလိုက်ပြီး သူ့ကို ရွှေဒင်္ဂါးပြားများ စုဆောင်းရန် အချိန်ကန့်သတ် ပေးလိုက်သည်။
ကာရင်သည် နပိုလီယံစစ်သားတွေနှင့်အတူ ကုန်သည်များစုဝေးရာ ဈေးကိုလာခဲ့သည်။ ကာရင်က သူ့ကို ထောက်ခံခဲ့ဖူးသော ကုန်သည်များနှင့်တွေ့ပြီး သူအသက်ချမ်းသာရေးအတွက် ရွှေဒင်္ဂါးများ ထောက်ပံ့ပေးပါရန် အကူအညီတောင်းသည်။ သို့သော် မည်သည့် သူဌေး သူကြွယ် ကုန်သည်တွေကမျှ သူ့ကို တစ်ပြားတစ်ချပ် မထောက်ပံ့ကြပေ။ မထောက်ပံ့သည့်အပြင် ကာရင်ကိုပင် သူတို့စီးပွားရေးပျက်ပြားအောင် လုပ်နေသူဟု စွပ်စွဲ ပြစ်တင်ဝေဖန်လိုက်ကြသေးသည်။
ကာရင်ကို နပိုလီယံစစ်သားတွေက ပြန်ခေါ်လာသည်။ ကာရင်က ကြေကွဲဝမ်းနည်းစွာဖြင့်
“သင့်ကို ငါတစ်ပြားမျှ မပေးနိုင်ပြီ” ဟု ဆိုလိုက်သည်။
နပိုလီယံက
“သင်သည် ကျွန်ုပ်တို့ကို တော်လှန်သော်လည်း သင့်ကို ငါမသတ်။ အဘယ်ကြောင့်ဆိုသော် သင့်လိုကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်စွန့်ပြီး လုပ်ဆောင်နေသူတစ်ဦးနောက်တွင် ရေသာခို အချောင်လိုက် နေသူတွေ အများကြီး ရှိနေကြောင်း သင်သဘောပေါက်စေချင်သည်။ သင်အားထားယုံကြည်နေသည့် အခွင့် အရေးသမားတွေမှာ အမှန်တကယ် အရေးကြုံလာသော် သင့်ဘက်မှာမရှိကြောင်း သင်သိလျှင်တော်ပြီ။ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကို သင့်လိုလူမျိုးက မည်မျှလုပ်ပေးနေသည်ဆိုစေ အရေးကြုံလာလျှင် ကိုယ်လွတ်ရုန်းပြေးသူတွေရှိနေကြောင်း သင်သိလျှင်တော်ပြီ။ သင့်ကို အပြစ်ဒဏ်မှ လွှတ်လိုက်သည်”
(An Ignorant Society ကို မြန်မာမှုပြုထားခြင်းဖြစ်သည်)
တင်ညွန့်
၁၄.၉.၂၀၂၅
ကလေးတစ်ဦးကို လိမ္မာယဉ်ကျေးပြီး စည်းကမ်းရှိစွာ ပြုစုပျိုးထောင်ဖို့ အောက်ပါနည်းလမ်းများကို အခြေခံသင့်ပါသည်။
၁။ အကောင်းမြင်စိတ်နဲ့ ချီးမွမ်းပါ
- ကလေးက ကောင်းမွန်တဲ့ အပြုအမူ (ဥပမာ - ကျေးဇူးတင်စကားပြောခြင်း၊ အခြားသူများကို ကူညီခြင်း) လုပ်ဆောင်တိုင်း ချီးမွမ်းပါ။
- “သားသားက/ မီးမီးက ကျေးဇူးတင်တတ်တဲ့ကလေးပဲ၊ အဲဒါက ဖေဖေ/မေမေကို ဝမ်းသာစေတယ်" ဆိုပြီး တိတိကျကျ ချီးမွမ်းပါ။
၂။ ရိုးရှင်းသော စည်းမျဉ်းများ သတ်မှတ်ပါ
- ကလေးနားလည်နိုင်တဲ့ စည်းကမ်းလေးတွေ ချမှတ်ပါ။ (ဥပမာ - ည ၈ နာရီမှာ အိပ်ရာဝင်ခြင်း၊ ဖုန်းသုံးချိန် ကန့်သတ်ခြင်း)
- စည်းမျဉ်းတွေကို အတည်ပြုပြီး မဖြစ်မနေလိုက်နာစေပါ။
၃။ အပြစ်ပေးတာထက် အကျိုးသက်ရောက်မှုကို ရှင်းပြပါ
- ကလေးက မှားယွင်းတဲ့ အပြုအမူလုပ်မိရင် ဆူငေါက်အပြစ်တင်တာထက် ဘာကြောင့် မှားတယ်၊ ဘယ်လိုအကျိုးဆက်ရှိနိုင်တယ်ဆိုတာ ရှင်းပြပါ။
- ဥပမာ - "သူငယ်ချင်းနဲ့အငြင်းပွါးမိတဲ့အခါ မတိုက်ခိုက်သင့်ဘူး။ လက်နဲ့ထိုးတာ၊ နှုတ်နဲ့ဆဲရေးတာလိုမျိုး အကြမ်းဖက်တဲ့နည်းကို မသုံးသင့်ဘူး။ ဒါမှ သူတို့လည်း သားသားကို/မီးမီးကို ချစ်ကြမယ်" စသဖြင့် ဆွေးနွေးပါ။
၄။ ကိုယ်တိုင်လက်တွေ့ စံနမူနာပြပါ
- ကလေးတွေက မိဘတွေရဲ့ အပြုအမူကို အတုယူတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်တိုင်က ယဉ်ကျေးစွာပြောဆို၊ တတ်နိုင်သမျှ စိတ်ရှည်ပြီး နူးညံ့သိမ်မွေ့စွာ ဆက်ဆံပါ။
၅။ ကလေးရဲ့စိတ်ခံစားချက်ကို နားလည်ပေးပါ
- ကလေးက ဒေါသထွက်နေရင်၊ စိတ်ဆိုးနေရင် "သားသား/မီးမီး ဒေါသထွက်နေတာ ဖေဖေ/မေမေသိတယ်၊ ဒါပေမယ့် ဒီလိုပြောတာမကောင်းဘူး" ဆိုပြီး သူ့စိတ်ကို အရင်နားလည်ပေးပါ။
၆။ အချိန်ပေးပါ၊ ချစ်ခြင်းမေတ္တာပြပါ
- ကလေးကို နေ့တိုင်း အာရုံစိုက်ပါ။ သူတို့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို မျှဝေပါ။ မိဘနဲ့ ကလေးကြား ယုံကြည်မှုရှိမှ ကလေးက လိမ္မာစွာကြီးပြင်းလာမှာပါ။
၇။ အပြုသဘောဆောင်တဲ့ ပြစ်ဒဏ်ပေးနည်းကို ကျင့်သုံးပါ
- ဥပမာ - ကလေးက စည်းကမ်းဖောက်ရင် ဖုန်းသုံးခွင့် ၁၅ မိနစ်ဖြတ်တောက်တာ၊ အခန်းသန့်ရှင်းရေးလုပ်စေတာမျိုး လုပ်ဆောင်နိုင်ပါတယ်။
၈။ သည်းခံပါ၊ စိတ်ရှည်ပါ
- ကလေးတွေဟာ အမှားလုပ်တတ်ကြပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ ထပ်ခါထပ်ခါ ရှင်းပြဖို့လိုပါတယ်။
အရေးအကြီးဆုံးက မိဘနဲ့ကလေးကြား ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ပါ။ ကလေးကို အနိုင်ကျင့်ဆုံးမတာထက် နားလည်မှုပေးပြီး လမ်းညွှန်ပေးခြင်းက ပိုမိုထိရောက်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon