My Hope

My Hope

Share

14/04/2023

အချစ်ခံရပြီလို့ ထင်ယောင်ထင်မှားဖြစ်တတ်ခြင်းဟာ
ကိုယ့်ဓားနဲ့ကိုယ့်ကိုကိုယ် ပြန်ထိုးနေသလိုပါပဲ ။

အချစ်ဆိုတာဘာလဲတော့မသိပေမဲ့...
သေချာတာတော့ စကားလုံး​တွေမဟုတ်ဘူး
အပြုအမူတွေပါ ...

My Hope
🦋

21/06/2022

🖤 သံသရာတစ်ကွေ့မှာ ပုခုံးချင်းတိုက်ခဲ့တယ်

ခဏတာရပ်ပီးတော့ စကားတွေပြောခဲ့ကြတယ်

တကယ့်တစ်ကယ်တမ်း ကံကုန်သွားတဲ့အခါ

ဘာလို့ဝေးရသလဲဆိုတာကို လိုက်မရှာဖြစ်တော့ဘူး

ရေစက်ဆိုတာ တစ်စက်ချင်းကျလည်း

အဆုံးသတ်မှာ ကုန်ခဲ့တာပဲလေ

နောက်ဆုံးတော့လည်း ခွဲခွာခဲ့ရတာပါပဲ

မှိန်ပျပျအတိတ်ကို ဒိုင်ယာရီမှာရေးမှတ်ရင်း

ကိုယ်စီဘဝလမ်းတွေကို ဆက်လျှောက်ကြရအုံးမယ် 🖤

04/06/2022

စာတွေမရေးတော့ဘူး
2d 3d ပဲရောင်းတော့မယ် 🤞🤞

31/05/2022

ပျော်စရာနည်းတဲ့ ဘဝတွေမှာ

ခပ်ယဲ့ယဲ့မျှော်လင့်ချက်လေး ထမ်းပိုးထားရင်း

အတုအယောင်မေတ္တာနဲ့ကြုံလာတိုင်း

စုတ်ပြတ်သွားတဲ့ အနာဂါတ်တွေ

ရင်နာစရာကောင်းတဲ့အမှတ်တရတွေ

ပြန်မရတော့တဲ့တမ်းတချင်းတွေ ထွေးပိုက်ပီး

ဆုတောင်းပေးလိုက်ပါရဲ့.....အချစ်ရေ

နောင်သံသရာမှာ လှည့်ပတ်ခြင်းကင်းတဲ့ချစ်ခြင်းနဲ့သာဆုံတွေပါစေ

11/03/2021

နွေ...
​ ခြွေထားပြီးရင်....ပြန်ဝေဖို့လည်းမမေ့ပါနဲ့လေ

🖤

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon