GOAL Training Center

GOAL Training Center

Share

13/06/2025

Thesis လုပ်တော့မယ်ဆိုရင် ကျောင်းသားအများစုက ခေါင်းစဉ်ကနေစပြီး ဘာစလုပ်ရမှန်းမသိဖြစ်တတ်ကြပါတယ် ခေါင်းစဉ်ရရင်တောင် ဘယ်လို Methodology သုံးသင့်တယ် ဘယ်လို software သုံးသင့်တယ်ဆိုတာကို တော်တော်လေးစဉ်းစားရကျပ်တာမျိုးဖြစ်လေ့ရှိကြပါတယ်

များသောအားဖြင့် ကြုံတွေ့ရလေ့ရှိတာကတော့
🔸 Research Methodology ကို ဘယ်လိုစဥ်းစားရမလဲ မသိဘူးဖြစ်နေတာ
🔸 ဘယ်လို technique ဘယ်လို software မျိုးကို ဘယ်အချိန်မှာသုံးရမလဲ မသိလို့ အချိန်ကုန်နေရတာ
🔸 လိုအပ်တဲ့ software တွေသိပေမဲ့ မသုံးတတ်ဖြစ်နေတာ
🔸 Proposal ပြီးသွားပြီးနောက် Thesis မှာ ဘာလုပ်ရမယ်မသိဘဲ သင်တန်းတွေချည်းတက်နေရတာမျိုး ဖြစ်ပါတယ်

👩‍💻ဒီပြသနာတွေကို ကိုယ်တိုင်လည်း ကြုံဖူးတာမလို့ ဆရာတပည့်ပုံစံမျိုး မဟုတ်ပဲနဲ့ အတူတူကူညီဆွေးနွေးသင်ကြားပေးမဲ့ အမတစ်ယောက်လိုမျိုး ဒီ Consultation & Teaching Session လေးကို စတင်အကောင်အထည်ဖော်ဖို့ စဉ်းစားမိပါတယ်။
________________________________________
✨ ဒီ Session မှာ ဘာတွေရှိမှာလဲ?
✅ Free Consultation – ကိုယ့်စိတ်ဝင်စားရာ topic နဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ပါတယ်
✅ Research Methodology & Technique Selection – မိမိလုပ်မယ့် thesis အတွက် သင့်တော်တဲ့ technique ကိုရွေးချယ်ဖို့ ညွှန်ပြပေးပါမယ်
✅ One-by-One Learning & Discussion (Long Term) –
Thesis ပြုလုပ်နေစဉ်ကာလတစ်လျှောက် အတူတကွ ဆွေးနွေးလမ်းညွှန်ပေးပြီး အသုံးပြုလိုသည့် software များကို နောက်ဆုံးရလဒ် ထွက်သည်အထိ လိုအပ်သလို သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

👉 Thesis အတွက် လိုအပ်မဲ့ software ကိုမှ အချိန်အများကြီး အကုန်ခံပြီး အစအဆုံးလေ့လာနေစရာမလိုပဲနဲ့ ကိုယ်လုပ်ချင်တဲ့ သက်ဆိုင်ရာနယ်ပယ်အတွက်ကိုပဲ စနစ်တကျ အသုံးပြုနိုင်ဖို့ ကူညီလမ်းညွှန်ပေးမှာ ဖြစ်လို့ အချိန်ကုန်လည်းသက်သာစေမှာပါ
________________________________________
👨‍🏫 Consultation လုပ်ပေးမယ့် နယ်ပယ်တွေကတော့
📌 Statistics
📌 Geospatial Analysis
📌 Remote Sensing
📌 Hydrology & Environmental Analysis
📌 Tools: GIS, GEE, SPSS, R, Hydraulic Modelling
________________________________________
× အဖြေထုတ်ပေးပြီး report ရေးပေးမှာမဟုတ်ပါဘူး
✔ သေချာနားလည်ချင်ပြီး လုပ်ရမဲ့အပိုင်းကို ကျွမ်းကျင်စွာ တက်မြောက်ချင်မှ လာခဲ့ပါ

📩 မိမိတို့ရဲ့ Thesis ကို တူတူစဉ်းစားပေးမဲ့သူလိုနေပြီဆိုရင်တော့ အခုပေးထားတဲ့ link မှာ Free Consultation session အတွက် Register လုပ်လို့ရပါတယ်။
https://docs.google.com/forms/d/1KpFXW0ll7e6JxX5QYHpmKCAmSm2E4nT2f3asbw8FFq0/edit

17/05/2025

AIT ကပေးတဲ့ RTG Fellowships Scholarship for August 2025 Intake 🚩
Department of Energy and Climate Change,
School of Environment, Resources and Development ဌာနအောက်မှာရှိသည့် Sustainable Energy Transition (SE) Academic Program အတွက်ပါ 📌

🗓 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 – 31 May 𝟐𝟎𝟐5
👉Apply Online: https://ait.ac.th/apply-online/

အသေးစိတ်ကို https://web.facebook.com/share/p/1Z3pxE7TRb/ ဒီ link မှာ ကြည့်လို့ရပါတယ်ရှင့်

Photos from GOAL Training Center's post 01/04/2025

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ခံခဲ့ရသော နေရာတချို့ကို satellite image ဖြင့် ကြည့်ရှုနိုင်ပါတယ် 🌍

After earthquake image သည် TerraMyanmar မှ ရယူထားပါတယ်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon