Chuu May May

Chuu May May

Share

22/07/2023

ခုခေတ်က Proကျကျကြွားတတ်လာကြပြီလို့ပဲ ပြောရမလားပဲ 😁😁
တချို့က သူတို့ဆီမှာ တကယ်လည်းရှိတယ် ပြည့်စုံတယ် ချမ်းသာတယ်ပေါ့ရှင့် ဒါပေမယ့် ငါက ချမ်းသာတယ်လို့ တိုက်ရိုက်ထုတ်မကြွားဘူး ပညာရှိနည်းနဲ့ လူစုံပြီဆို စပြီ ငါ့မှာ ဘာမရှိလို့ ဘာမလုပ်ရတာဆိုပြီး ပြောလာပြီ အချိန်ကိုက် အဲ့အချိန်မှာပဲ ဇာတ်ပို့ရမယ့် အိမ်နီးနားချင်းကလည်း ကြွားမယ်မှန်းသိပေမယ့် ပြောပေးရှာပါတယ် " အမယ် မဟုတ်တာ သိပါတယ်နော် အန်တီတို့က ချမ်းသာမှန်း အဟင်း ဟင်း "
အဲ့ကျ ဂွင်ထဲရောက်ပြီဆိုတာနဲ့ ကြွားချင်နေတဲ့
အန်တီကြီးလည်း တဟဲဟဲနဲ့ ထရယ်ပါတော့တယ်
သူ့တဟဲဟဲရဲ့ အဓိပ္ပါယ်ကတော့ ငါချမ်းသာမှန်းသိပြီးတာပါပဲ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ...
profesional ကျကျကြွားတတ်ကြပါစေ.....


#အကြွားပို့စ်

12/07/2023

ကျမတို့ဟာ အရွယ်ရောက်လာတာနဲ့ မိဘရင်ကိုစုံကန်ပြီး အချစ်ဆိုတဲ့အရာနောက်ကို တန်းတန်းမတ်မတ်လိုက်သွားတတ်ကြပါတယ် လူ့သဘာဝပေပဲမို့ အပြစ်ပြောလို့တော့မရပါဘူး...
မိဘက သဘောကျတဲ့သူဆိုရင်တော့ မိဘ(အဓိကက အမေပေါ့နော်) မခံစားရဘူးလားဆိုတော့ အရမ်းခံစားရပါတယ် အရိပ်တကြည့်ကြည့်နဲ့ မအိပ်နိုင် မစားနိုင် နို့တိုက် ကျွေးမွေး ယုယလာရတဲ့သမီးလေးက ကိုယ့်ဆီက ထွက်သွားမယ်ဆိုတော့ အရမ်းခံစားရတာပေါ့ ဒါပေမယ့် ကိုယ်ကိုယ်တိုင်လေ့လာကျေနပ်တဲ့သူလက်ထဲဆိုတော့ စိတ်နည်းနည်းသက်သာရာရတာပေါ့လေ👩‍👧
မိဘက သဘောလုံးဝမကျ ကိုယ့်မိဘအပေါ်လည်း မိုက်ရိုင်း စော်ကား စိတ်ဓာတ်အဆင့်အတန်းက နုံခြာ ဒါကို ကိုယ်က ချစ်မိနေတဲ့အချိန်(မွှန်နေတဲ့အချိန်) ပေါ့နော်
အဲ့မှာ အဓိကကျပါပြီ မိဘတွေရဲ့ကဏ္ဍကလေ လုံးဝလုံးဝ မကန့်ကွက်ပါနဲ့ စိတ်တိုမပြပါနဲ့ အမေက အချစ်တွေကိုပြသပါ ပိုပြီးနူးညံ့ပါ ဒေါသသံမပါပါနဲ့ သဘောတူချင်ယောင်ဆောင်ပါ အနုနီးနဲ့ ကိုယ့်ဘက်ဆွဲခေါ်ပါ ပညာရှိပါ နောက်တစ်ချက်က အဲ့ကောင်ဆိုးလေးက ကိုယ့်ကိုသာ ထိခိုက်ပါစေ ကိုယ့်ဘက်က လုံးဝ ပြန်မလုပ်ပါနဲ့ korea စကားနဲ့ပြောရမယ်ဆိုရင် (ဖိရဲဂျာ) ခံရသူပေါ့ အဲ့လိုအခြေအနေရောက်ရင် ပိုကောင်းပါတယ် ဒါမှ ကိုယ့်သမီးက ပြန်ပါလာမှာပါ
☄ အဲ့လိုပညာသားမပါဘဲ ရိုက်လိုက် နှက်လိုက် ဆဲလိုက် ဆိုလိုက် လုပ်လို့ကတော့ ဟိုကောင်ဆိုးလေးနောက်ကို သေချာပေါက်ပါသွားမှာပါ ☄
သမီးလေးရဲ့ ကဏ္ဍကတော့ အရွယ်က ချစ်တတ်ပြီး အချစ်ကို ဘဝလို့မှတ်နေတဲ့အရွယ်ဆိုတော့ ချစ်သူ ကောင်း မကောင်း ဆိုး မဆိုး မမြင်နိုင်တော့သလို မိဘရဲ့သွေးမျက်ရည်လည်း သမီးမမြင်နိုင်တော့ပါဘူး အဲ့အချိန်မှာ စိတ်အေးအေးထားပါ သေချာတွေးပါ ဆိုးတဲ့လူကတော့ တော်ရုံပြန်မကောင်းလာပါဘူး ထပ်ပြီးပြောချင်တာက ကိုယ့်မိဘကို စော်ကားဖူးရင် လုံးဝမယူပါနဲ့ အခုချိန်မှာ မွှန်နေလို့ ခွင့်လွှတ်နိုင်ပေမယ့် အမွှန်ပြေရင် ရန်ဖြစ်ကြပါလိမ့်မယ် အိမ်ထောင်ရေး မသာယာပါဘူး
အဓိက ရွေးချယ်သင့်တာက ငွေကြေးချမ်းသာဖို့ထက် စိတ်ဓာတ်အဆင့်အတန်းချမ်းသာဖို့လိုပါတယ် ကိုယ့်အမေကို စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့ ကိုယ်ကိုယ်တိုင်လည်း ချီးတွင်းထဲ ခုန်မချပါနဲ့ မိဘတွေအနေနဲ့ကလည်း သားသမီးကို ကိုယ့်အိမ်လေးကို ခင်တွယ်အောင်လုပ်ပါ မတင်းကျပ်ပါနဲ့ စိတ်ထွက်ပေါက်အနေနဲ့ လမ်းမှားမရောက်အောင် ထိန်းပါ သားသမီးလေးတွေက သက်ရှိပါနော် ကိုယ့်ခံစားချက်အတိုင်းမနေနိုင်ပါဘူး ပုံမသွင်းပါနဲ့ ချစ်ကြောက်ရိုသေဖြစ်အောင်နေပါ ရွံကြောက်ကြီးမဖြစ်ပါစေနဲ့..
သမီးလေးတွေအနေနဲ့လည်း ဖူးစာဖက် မှားတွေ့ပြီး အမဲစက် မထင်ဖို့ ဥာဏ်ရှိပါ တွေးပါ တောပါ ယောက်ျားတယောက်အချစ်ဆိုတာ အမေတစ်​ယောက်အချစ်ရဲ့ အပုံတစ်ရာပုံတောင် တစ်ပုံမရှိပါဘူး ဒါတွေပြောလို့လည်း တဖက်စွန်းရောက်ပြီး ဘာလဲ မိဘကြိုက်မှ ယူရမှာလားဆိုတော့ မဟုတ်ပါဘူး မိဘကိုတိုင်ပင်ပြီး ပြောဆိုတော့ အမှားနည်းတာပေါ့လေ အိမ်က အမေ့ကိုလည်းချစ်ပြီး အမေနဲ့တိုင်ပင်ပြီး လက်ထပ်ယူကြပါလို့ အမေတွေကလည်း အတ္တကင်းကင်းနဲ့ရွေးချယ်ပေးပြီး လှပတဲ့အတောင်ပံလေးတွေနဲ့အတူ လောကသဘာဝအရ လွတ်လပ်စွာပျံသန်းခွင့်ပေးလိုက်ကြပါလို့ပဲ အကြံပေးချင်ပါတယ်ရှင့်
🙏 ဒီမှာတစ်ချက်ပြောချင်တာက ယောက်ျားတွေအကုန်မကောင်းဖူးလို့မဆိုလိုပါဘူး ပက်ကျ်လိုတွယ်ကပ်ပြီး စိတ်ဓာတ်အဆင့်အတန်းနည်းပါးပြီး ကိုယ်ထိလက်ရောက်စော်ကားတတ်တဲ့ အမျိုးသားများကိုသာ ဆိုလိုပါတယ်ရှင့်...

02/07/2023

Private group တွေမှာပဲဖြစ်ဖြစ် အိမ်ထောင်ရေးgroup တွေမှာပဲဖြစ်ဖြစ် အမေးများတဲ့မေးခွန်းတွေနဲ့ ပတ်သက်ပြီး အမှန်တရားတွေ ပြောပြချင်ပါတယ်...
ညီမကောင်လေးက အတူနေချင်နေတယ် ပေးရမလား/ မပေးရဘူးလားဟင်? မပေးရင်လည်း သူ စိတ်ကွက်သွားမှာကြောက်တယ် မချစ်ဘူးထင်ခံရမှာလည်း ကြောက်တယ်....
အဖြေကတော့ အခုခေတ်ကလေးတွေရဲ့ အထာနဲ့ဆို My Body My Choice ပဲ ဒါတွေကတော့ မဆန်းတော့ပါဘူးပေါ့ မေးသူကိုယ်တိုင်ကလည်း စိတ်မပြတ်သားလို့ ၅၀% လောက်စိတ်ပါလို့ မေးကြတဲ့သဘောရှိပါတယ် တစ်ခု
စဥ်းစားပါ ကိုယ်က စိတ်ပူပန်တတ်တဲ့သူလား စိတ်အားငယ်တတ်တဲ့သူလား တွေးကြောက်တဲ့သူလား ကိုယ်က အဲ့လိုမျိုးလူဆို သွားမပေးမိပါစေနဲ့ ပြီးမှ ကိုယ်ဝန်ရမှာကြောက်ရတာကတမျိုး သူထားသွားရင် ငါက အပျိုမစစ်ဘူးဆိုပြီး စိတ်အားငယ်ရမှာက တစ်ဖုံ... ပြီးမှ လိုင်းပေါ်တတ်ပြီး ကိုယ်ဝန်ရနိုင်လားဟင် ဆိုပြီး Psycho မဖောက်ကြပါနဲ့ ညီမ/အမဆို့ရေ.... သေချာစဥ်းစားပါ ဒီ တဏှာထဲကို ဆင်းသက်ဖို့ မိနစ်ပိုင်းလောက်က ထိန်းဖို့ခက်ကြပါတယ် နားလည်ပါတယ် ပြီးရင် တကယ့်လောကကို ပြန်ရောက်သွားပါပြီ ....
ကောင်လေးတွေကတော့ အပူမရှိပါဘူးနော် ဘာလို့လဲဆို တားဆေးကလည်း သူတို့ မသောက်ရပါဘူး ယုတ်စွအဆုံး ရသွားလို့ ၉လလွယ် ဆယ်လဖွားကလည်း သူတို့မလွယ်ရသလို မွေးပြီးထိန်းရင်လည်း အမေကပဲ ထိန်းရတာ အများဆုံးပါ ဘယ်လောက်ချစ်တဲ့ယောက်ျားပဲဖြစ်ဖြစ် သူတို့ ကိုယ်ချင်းမစာနိုင်ကြပါဘူးနော် သမီးရည်းစားဘဝမှာ အရမ်းချစ်ပါတယ် ကိုယ်အတူတူနေချင်ပါတယ်ဆိုရင် ကိုယ်ကလည်း နေချင်တယ် ယုံကြည်မှုရှိတယ် S*x education ကိုလေ့လာထားတယ် ဒါဆို Condom သုံးပါ ရောဂါမရ ကိုယ်ဝန်မရတဲ့အကောင်းဆုံးနည်းပါ ပေါက်မပေါက်စစ်ပါ ပေါက်ရင် အရေးပေါ်ဆေး ထပ်သောက်ပါ ဒါကိုမှ ယောက်ျားလေးဘက်က အလွှာမခြားချင်တာတွေ ကမ္ဘာဝေးတာတွေ ရီးတီးယားတားတွေပြောနေရင် "နင် အရင်ဆေးစစ်ပြီး သားကြောသွားဖြတ်ချည်လို့သာ" ပြောလိုက်ပါ စိတ်အလိုလိုက်တဲ့မိနစ်ပိုင်းက Safe ဖြစ်ရင်ဖြစ် မဖြစ်နိုင်ရင် လက်မခံကြဖို့ပဲ အကြံပြုပါရစေ...
My Body My Choice ပါ ဒါပေမယ့် ကိုယ်တာဝန်ယူနိုင်တဲ့အလုပ်ပဲ ကိုယ်လုပ်ပါ ဘယ်လူသားတစ်ယောက်ကိုမှ ဒုက္ခမပေးပါနဲ့ မွေးထားတဲ့အမေနဲ့ မမွေးရသေးတဲ့ကလေးကို လုံးဝဒုက္ခမပေးပါနဲ့ တဒင်္ဂသာယာမှုက ယောက်ျားလေးတွေအတွက်ပါပဲ မိန်းကလေးတွေမှာတော့ " လား " ပေါင်းများစွာနဲ့ ဒုက္ခဖြစ်တတ်ပါတယ်
ကိုယ့်ရှေ့ စီနီယာတွေလည်း အများ​ကြီးရှိကြမှာပါ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ချစ်ပြီး ပညာရှိရှိတွေးခေါ်ပါ
တစ်ခုသတိပေးချင်တာကတော့📣 ချစ်သူဘဝမှာ အိမ်ထောင်သည်လို နေထိုင်တဲ့အမျိုးသမီးလေးတွေ Condom မသုံးဘဲ ချစ်သူကို အလိုလိုက်ပြီး တားဆေးတွေကို နှစ်ချီသုံးတဲ့သူတွေ ရှိကြတာတွေ့ရပါတယ် အဲ့ဒါ side effect ရှိပါတယ်နော် ဝလာတာတွေ မဲလာတာတွေ ပိန်ညှောင်လာတာတွေ ဂုတ်သားတက်လာတာတွေ ကံမကောင်းရင် တားဆေးအချိန်ကြာသောက်တာကြောင့် တကယ်လည်း လက်ထပ်ပြီး ကလေးယူမယ်ဆိုတော့ ကလေးက မရတော့လို့ ယောက်ျားက ပစ်သွားတဲ့သူတောင်ရှိပါတယ် ကိုယ်က ကိုယ့်ခန္ဓာကိုယ်ကို ပေးဆပ်ပြီး ချစ်ပေမယ့် သူကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့်လည်း ထားခဲ့ခံရတတ်ပါတယ်.... အဲ့လိုလူမဆန်တဲ့အမျိုးသားတွေလည်းရှိလို့ စဥ်းစားပါ ချင့်ချိန်ပါ အသက်လုမွေးပေးထားတဲ့အမေ့ကိုလည်း ထည့်တွက်ပြီး ကိုယ့်ဘဝပျက်အောင်မလုပ်ကြပါနဲ့လို့ လူစိတ်ရှိတဲ့အမျိုးသားကိုပဲ ချစ်ကြိုက်ကြပါလို့ အကြံပြုပါရစေ

29/06/2023

အမျိုးသားတွေ ဖောက်ပြန်ကြရင် အရင်ခံရတာက မိန်းမပါ ပြီးရင် ကလေးတွေပါ တစ်ယောက်နဲ့တစ်ယောက်တော့မတူကြပေမယ့် များသောအားဖြင့် အမေလုပ်တဲ့သူက အဲ့ချိန်မှာ လင်ပူမိနေပါပြီ သူ့ဇောက သူ့ယောက်ျားဆီမှာပဲ ရှိပါတော့တယ် နို့စို့အရွယ်ကလေးတွေ ကျောင်းနေအရွယ်ကလေးတွေ သူမသိတော့ပါဘူး ကလေးစိတ်ခံစားချက်လည်း ထည့်မစဥ်းစားနိုင်တော့ပါဘူး တချို့အမျိုးသမီးတွေဆို ဖအေ ဖောက်ပြန်တာသိအောင် ကလေးတွေရှေ့ ဖုန်းခေါ်ပြီး ဆဲတာမျိုးတွေ ကလေးနဲ့အတူ လိုက်ဖမ်းတာမျိုးတွေပါလုပ်ကြပါတယ် အဲ့အချ်န် ဖြစ်နေတဲ့စိတ်နဲ့ဆိုရင်တော့ လုပ်မိကြမှာပါပဲ ဒါပေမယ့် တစ်ခုပဲ တွေးပါ ခြံခုန်သွားတဲ့နွားထက် ပိုတန်ဖိုးရှိ ပိုချစ်ရတဲ့ ကိုယ့်သားသမီးလေးတွေကိုပဲ ပိုချစ်ပေးပြီး စိတ်အေးအေးနဲ့ ဖြေရှင်းပါ ကလေးတွေရှေ့ရေးကိုပဲ ထည့်
တွက်ပြီး စီးပွားရှာပါ ကျန်းမာအောင်နေပါ လှအောင်နေပါ သင်ခန်းစာယူပြီး ကလေးတွေအတွက် ပထွေး ထပ်မပေးပါနဲ့...
ကိုယ့်ပစ္စည်းစစ်မှန်ရင် သူများနောက်ဘယ်တော့မှမပါဘူး✳
ပါသွားပြီဆိုလည်း ဖြည့်တွေးလိုက်ပါ ငါဝဋ်ကျွတ်ပြီ ငါ့ဝဋ်တွေအကုန် မယားငယ်ဆီပေးလိုက်ရပြီ ပျော်ပလိုက်ပါ👩‍👧
💠ပြောတော့လွယ်ပြီး ထားဖို့ခက်တာက စိတ်မလို့ အချိန်ယူပါ
💠အချိန်အတိုင်းအတာတစ်ခုရောက်သွားဖို့ပဲ လိုတာမို့ အရူးလိုမလုပ်မိကြပဲ ပညာရှိနည်းနဲ့သာ ဖောက်ပြန်တဲ့နွားကို ညှင်းပန်းနှိပ်စက်ကြပါ ကိုယ့်ကိုယ်ကို ချစ်ပါ နွားကြောင့် ကိုယ့်ကိုယ်ကို မနှိပ်စက်ကြပါနဲ့ သူရဲကောင်း အမျိုးသမီးအပေါင်းတို့ရေ...📣

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon