The Forwarders Academy

The Forwarders Academy

Share

The Forwarders Educare is an academic learning environment where we help you achieve your learning goals with full potential. We do appreciate your time and effort. Join Us to capture your dreams to achieve higher!

#Forward Shines Through!

13/03/2026

"ကလေးက ဆူလဲမကြောက်၊ ဆုံးမလဲမကြောက်တော့ဘူး... ဘယ်လိုလုပ်ရမလဲ" ဆိုပြီး စိတ်ညစ်နေရတဲ့ မေမေတို့ ဖေဖေတို့ ရှိလား?
ဆူတာ၊ ဆုံးမတာကို ကလေးက မကြောက်တော့ဘူးဆိုတာ သူတို့က ဒီအသံတွေနဲ့ ဒီပြစ်ဒဏ်တွေကို "ယဉ်ပါး" သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒကို စတင်ထုတ်ဖော်တတ်ကြတဲ့အတွက် ဆူလေ၊ ပိုခေါင်းမာလေ ဖြစ်တတ်ကြပါတယ်။ ကြောက်စိတ်နဲ့ ထိန်းကျောင်းတာထက် "နားလည်မှုနဲ့ စည်းကမ်း" ကို အစားထိုးဖို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်စေချင်ပါတယ်..

၁။ "ဆူတာ" ကို ရပ်ပြီး "တိတ်ဆိတ်ခြင်း" ကို သုံးပါ

ကလေးက အမှားတစ်ခုခုလုပ်တဲ့အခါ ဒါမှမဟုတ် စာမလုပ်ဘဲ ဂျီကျတဲ့အခါ အော်ဟစ်ဆူပူမယ့်အစား မေမေက တည်တည်ငြိမ်ငြိမ်နဲ့ စကားမပြောဘဲ နေလိုက်ပါ။ သူလုပ်နေတာကို အသိအမှတ်မပြုဘဲ ထားလိုက်ခြင်းက ဆူတာထက် သူ့အတွက် ပိုပြီး ထိရောက်ပါတယ်။ သူ ငြိမ်သက်သွားမှ "သား ခုနကလုပ်တာ မေမေ စိတ်မကောင်းဘူး" ဆိုတာမျိုးကို မျက်လုံးချင်းဆုံပြီး အေးအေးဆေးဆေး ပြောပြပါ။

၂။ ရွေးချယ်ခွင့် ပေးပါ

"စာလုပ်တော့" လို့ အမိန့်ပေးမယ့်အစား "သားသား အခု စာအရင်ရေးမလား၊ ဒါမှမဟုတ် ပုံပြင်အရင်နားထောင်မလား" ဆိုတာမျိုး ရွေးချယ်ခွင့် ပေးကြည့်ပါ။ သူကိုယ်တိုင် ရွေးချယ်ခွင့်ရတဲ့အခါ ကလေးတွေက ပိုပြီး ပူးပေါင်းဆောင်ရွက်ချင်စိတ် ရှိလာတတ်ပါတယ်။

၃။ အကျိုးဆက်ကို သိပါစေ

ဆူမယ့်အစား သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံစားခိုင်းပါ။ ဥပမာ - စာမလုပ်ရင် ဆော့ရမယ့်အချိန် လျော့သွားမယ်။ ကစားစရာတွေကို ပစ်ပေါက်ရင် အဲ့ဒီကစားစရာကို သိမ်းထားလိုက်ပြီး တစ်ပတ်တိတိ ပေးမဆော့တော့တာမျိုး။အရေးကြီးတာက မေမေဖေဖေတို့ပြောထားတဲ့အတိုင်း တကယ်လုပ်ဖို့ပါ။ တစ်ခါခွင့်လွှတ်လိုက်ရင် ကလေးက နောက်တစ်ခါ မကြောက်တော့ဘဲ ထပ်လုပ်ပါလိမ့်မယ်။

၄။ "မလုပ်နဲ့" အစား "လုပ်ပါ" ကို သုံးပါ

"စာမလုပ်ဘဲ မနေနဲ့" "မဆော့နဲ့" စတဲ့ အငြင်းစကားလုံးတွေက ကလေးကို ပိုပြီး စိတ်တိုစေပါတယ်။ "စာလေး ပြီးအောင်လုပ်လိုက် ပြီးရင် မေမေတို့တွေ အပြင်ခဏ ထွက်ကြမယ်" ဆိုတာမျိုး အပြုသဘောဆောင်တဲ့ စကားလုံးတွေကို ပြောင်းသုံးကြည့်ပါ။

၅။ ချီးမွမ်းခြင်းရဲ့ စွမ်းအား

ကလေးက အမှားလုပ်တဲ့အချိန်ထက် သူ အမှန်လုပ်တဲ့အချိန် (ဥပမာ- သူ့အရုပ်လေးတွေ သူသိမ်းတာ၊ စာတစ်လုံးလေးပဲဖြစ်ဖြစ် ရေးတာ) ကို သတိထားပြီး အလွန်အမင်း ချီးမွမ်းပေးပါ။ "သားက ဒီနေ့ မေမေပြောတာ နားထောင်လို့ မေမေ အရမ်းပျော်တယ်" လို့ ပြောပေးခြင်းက သူ့ကို နောက်တစ်ခါ မေမေ့စကား နားထောင်ချင်စိတ် ဖြစ်ပေါ်စေပါတယ်။

ဖေဖေမေမေတို့ စိတ်ရှည်ဖို့တော့ လိုပါလိမ့်မယ်။ တစ်ခါတစ်လေကလေးကလည်း ဖေဖေမေမေတို့ဆီက "အာရုံစိုက်မှု"ကို လိုချင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဆူတာကလည်း အာရုံစိုက်မှုတစ်မျိုးပဲလို့ သူတို့က ယူဆနေနိုင်လို့ပါ။ ကလေးတစ်ယောက်ကို ပြုပြင်ဖို့ဆိုတာ စိတ်ရှည်မှု အတိုင်းအထက်အလွန် လိုအပ်ပါတယ် မေမေဖေဖေတို့ရေ....အတူတူ ကြိုးစားကြည့်ကြရအောင်နော်။

04/05/2025

Hello everyone!
Our Page has been inactive for some time, and
Thanks to each follower!
We're back!

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon