Maple JLS
10/02/2023
🎆Comiket အကြောင်း တစ်စေ့တစ်စောင်း🎆...........................................................................
🎆Comic Market သို့မဟုတ် Comiket ဟာ Manga၊ Anime၊ ဗီဒီယိုဂိမ်းများနဲ့ pop သီချင်းတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်များအတွက် ဂျပန်နိုင်ငံရဲ့ အကြီးဆုံးပွဲပဲဖြစ်ပါတယ်။ ဒီ post လေးမှာ comiket ဟာ ဘယ်လိုပွဲလဲ ဘယ်လိုကျင်းပလဲ ဘာတွေလဲဆိုတာကို ပြောပြပေးထားတာဖြစ်တဲ့အတွက် သင်ဟာ anime manga ကြိုက်တဲ့သူဆိုရင်တော့ သိထားသင့်တယ်လို့ ပြောလို့ရပါတယ်။ အောက်မှာ ပုံလေးတွေပါ တင်ပေးထားပါတယ်နော်❤
🇯🇵 ဒီလိုcomiket ပွဲတော်ကြီးကို နွေရာသီနှင့်ဆောင်းရာသီတိုင်းမှာ ကျင်းပပြီးတော့ ထောင်နှင့်ချီတဲ့ လူကြီးလူငယ်မရွေး သွားကြပြီး ပွဲအတွက်နာရီများစွာကြိုတင်တန်းစီနေသူများနဲ့ အလွန်စည်ကားတဲ့ ပွဲဖြစ်ပါတယ်။ လူတန်းရှည်ကြီးတွေနဲ့ လူစုလူဝေးများကြောင့် comiket အကြောင်း မသိဘူးဆိုရင်တော့ ဘာလို့ လူတွေ အဲ့လောက်များနေရလဲဆိုတာ စဥ်းစားရခက်သွားမှာပါ။🤔
🎇ဘာလို့ အဲ့လောက် စည်ကားတဲ့ ပွဲကြီးဖြစ်နေရလဲဆိုတော့ Comiket ဟာ manga နှင့် anime အပြင် doujinshi (ကိုယ်တိုင်ထုတ်ဝေသောလက်ရာများ) လို့ ခေါ်တဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်ကောင်တွေ ရုပ်ပုံတွေ ကို တစ်ယောက်ချင်းစီ အဖွဲလိုက်စီ အသီးသီးရောင်းချကြတဲ့ စျေးကွက်နှင့်တူသော ကြီးမားသောပွဲကြီးပဲ ဖြစ်ပါတယ်။🙌
🎌ဒီ comiket ကို တစ်နှစ်ကို နှစ်ကြိမ်ကျင်းပပါတယ်။ "NatsuComi" ဟုလူသိများတဲ့နွေရာသီအရောင်းပွဲဟာသြဂုတ်လတွင်ဖြစ်ပြီး၊ ဆောင်းရာသီအရောင်းပွဲ "FuyuComi" ဟာ နှစ်ကုန်တွင်ဖြစ်ပါတယ်။ ကျင်းပတဲ့ ရာသီတိုင်းအတွက် ပွဲတော်ရက်ဟာ လေးရက်ကြာမြင့်ပါတယ်။ အရောင်းပွဲနှစ်ခုလုံးကို Odaiba အနီးရှိ နိုင်ငံတကာ ပြပွဲစင်တာတစ်ခုဖြစ်တဲ့ Tokyo Big Sight တွင် ကျင်းပပါတယ်။
🤝ပွဲအတွင်းမှာ anime နဲ့ game ထုတ်လုပ်သူတွေ ကုန်ပစ္စည်းထုတ်လုပ်သူတွေဟာ ကိုယ်ပိုင်ဖန်တီးထားတဲ့ လက်ရာအမျိုးမျိုးကို ပြသပြီး ကုန်ပစ္စည်းများကို ရောင်းချကြပါတယ်။ Anime တွေ game တွေထုတ်လုပ်တဲ့ production studio လက်အောက်ကနေမဟုတ်ပဲ freelance သဘော "doujinshi" လို့ခေါ်တဲ့ ကိုယ်ပိုင်လက်ရာဝါသနာရှင်စာအုပ်တွေ (တစ်သီးပုဂ္ဂလ သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) အတွက် ဖန်တီးထားတဲ့လက်ရာများနဲ့ ရောင်းကုန်များကို ပြသဖို့အတွက် နေရာလည်း ရှိပါတယ်။
💃စျေးရောင်းပွဲအပြင်ကို Comiket ဟာ လူအများအပြားလာရောက်ကြည့်ရှုတဲ့ (cosplay) အတွက်လည်း လူသိများပါတယ်။ ပွဲတော်ကို လာကြတဲ့ Cosplayers များဟာ ပွဲအတွက် သေချာပြင်ဆင်လာကြပြီး ဓာတ်ပုံဆရာတွေနဲ့ အကျအန ဓာတ်ပုံရိုက်ကြပါတယ်။ တစ်ချို့သော သူများကတော့ တစ်ခုထက်ပိုတဲ့ cosplay တွေကို လုပ်ကြတဲ့အတွက်ကြောင့် ခန်းမထဲမှာ အဝတ်လဲခန်းများပါ ထားပေးထားပါတယ်။ ဒါပေမဲ့ အလကားတော့ မဟုတ်ပါဘူး။ cosplay ခွင့်နဲ့ အဝတ်လဲခန်း အသုံးပြုဖို့အတွက်ကိုတော့ Yen 1000 ပေးရပါတယ်။
💸Comiket ဟာလည်းပဲ တစ်ချိန်က အခမဲ့ဖြစ်ခဲ့ပေမဲ့ 2019 နွေရာသီမှစတင်ပြီး ဝင်ခွင့်ကြေးကို စတင်ကောက်ခံခဲ့ပါတယ်။ ပွဲတက်ရောက်သူများဟာ ကွင်းအတွင်းသို့ ဝင်ရောက်ရန်အတွက် လက်ပတ်တစ်ခုကို ဝယ်ယူရပါမယ်။ လက်ပတ်ရဲ့ စျေးနှုန်းအနေနဲ့ကတော့ တစ်ရက်စာအတွက် 500 Yen ဖြစ်ပြီး လေးရက်စာအတွက် 2000 Yen သာဖြစ်ပါတယ်။
🚃ဒါပေမယ့် လက်မှတ်ဝယ်ရလို့ မသွားကြတော့ဘူးတော့ မဟုတ်ပါဘူး။ ပွဲတော်စကျင်းပတဲ့ရက်ရောက်ရင်ကိုပဲ မနက် 4 နာရီလောက်သွားရင်တောင် လူအုပ်ထဲ တိုးလို့ရမှာ မဟုတ်ပါဘူး။ ညအိပ်စောင့်တဲ့သူတွေရှိတဲ့အထိကို စည်ကားတာကြောင့်ပါ။
📣ဘာလို့ အဲ့လိုညအိပ်စောင့်ရတဲ့ထိ ဖြစ်သလဲဆိုရင် တစ်ချို့ နာမည်ကြီး စာအုပ်တွေ ရုပ်ပုံတွေက ဆိုင်စဖွင့်ပြီး ၁ နာရီ အတွင်း ရောင်းကုန်သွားကြလို့ ဖြစ်ပါတယ်။ နေ့လည်လောက်မှ အေးဆေးဆေးဆေး သွားမယ်လို့ စဥ်းစားထားရင်တော့ ဆိုင်တွေ ကူသိမ်းပေးဖို့ပဲ ရှိပါတော့မယ်။ ဝယ်စရာ ကြည့်စရာ ဘာမှ ကျန်မှာ မဟုတ်တော့ပါဘူး။
🙌Comiket နေ့မှာ ဖွင့်ချိန် သို့မဟုတ် ပိတ်ချိန်ရောက်တဲ့အခါမှာတော့ ပွဲကျင်းပသည့်နေရာရှိလူတိုင်းဟာ လက်ခုပ်တီးပြီး ပွဲတော် အဖွင့်အပိတ်ကို အားပေးကြပါတယ်။
💪ဒါဆိုရင်တော့ comiket အကြောင်း တစ်စေ့တစ်စောင်းကို သိသွားပြီလို့ မျှော်လင့်ပါတယ်။ admin ကိုယ်တိုင်ကတော့ ဂျပန်ရောက်ရင် comiket က သွားဖြစ်အောင် သွားမယ့်နေရာထဲမှာ ပါပါတယ်။ ဒီ post ကို ဖတ်နေတဲ့သူလည်း japan ရောက်ရင် comiket ကို တစ်ခေါက်လောက်ရောက်ဖူးအောင် သွားကြည့်ပါ လို့ အားပေးချင်ပါတယ်။💪
05/08/2022
Training Visa, Work Visa, Student Visa များအတွက်အသုံးပြုနိုင်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 775, Zayarthukha Street , Myittarnyunt Ward, Tamwe Township
Yangon
11211