CS Lingo Stars

CS Lingo Stars

Share

14/02/2022

ယနေ့ခေတ်မှာ coding ကို နေရာတိုင်းမှာ အသံုးချ​နေရပါတယ်။ ဒါကြောင့် မိဘတွေဟာလည်း မိမိတို့သားသမီးတွေကို technology trend ထဲမှာပါဝင်နိုင်ဖို့ coding ကို သင်ကြားပေး​ေနကြပါတယ်။

ဒီအခါမှာ ကလေးတွေကို ဘယ်အရွယ်က စ သင်ကြားပေးသင့်လဲ ဆိုတာက အဓိကမေးခွန်းတစ်ခု ဖြစ်လာပါတယ်။

MIT မှ သုတေသနပြုလုပ်မှု အရ ကလေးတွေကို အသက် ၅ နှစ်ကနေ ၇ နှစ် အရွယ်အတွင်းမှာ သင်ကြားမှု စတင်လို့ အဆင်ပြေပြီ ဖြစ်ပါတယ်။

အသက် ၅ နှစ်အရွယ်ကလေးတစ်ယောက်ဟာ ဦးနှောက်ရဲ့ ၉၂ ရာခိုင်နှုန်းအထိ ဖွံဖြိုးနေပြီ ဖြစ်ပြီး၊ ၇ နှစ်မှာဆိုရင် ၉၅ % အထိ ​ဖွံဖြိုးနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေကို ၅ နှစ်အရွယ်လောက်က စပြီး unplugged activities လေးတွေကနေ တစ်ဆင့် coding နဲ့ ထိတွေ့ထားပေးသင့်ပါတယ်။

၇ နှစ်အရွယ်မှာ ဆိုရင်တော့ hand_eye coordination (မျက်လုံး နဲ့ လက် ဟန်ချက်ညီလှုပ်ရှားနိုင်မှု) က ကောင်းမွန်စွာဖွံဖြိုးနေပြီ ဖြစ်တဲ့အတွက် ကွန်ပျူတာ ကို keyboard နဲ့ mouse ကနေတဆင့် ကောင်းမွန်စွာ အသုံးချနိုင်ပြီ ဖြစ်ပါတယ်။

အသက် ၇ နှစ်အရွယ်မှာ ကလေးတွေရဲ့ social emotional development တွေကလည်း ပိုမိုဖွံဖြိုးလာတဲ့ အတွက် မိမိခံစားချက်ကို စကားနဲ့ ဖော်ပြနိုင်တာ (လိုအပ်ချက် နဲ့ လိုချင်မှု ခဲွဲခြားသိတာ) ၊ အကြောင်းအရာတစ်ခုရဲ့ အကျိူးနဲ့အဆိုးကို တွေးတောနိုင်တာ၊ စပ်ဆက်စဥ်းစားတတ်တာ၊ ကလေးအချင်းချင်း peer to peer communication တွေ တည်ဆောက်နိုင်လာတဲ့ အတွက် coding သင်ကြားရာမှာ တစ်ရက်ထက်၊ တစ်ရက် ပို​မို​ပြီး အကျိုးကျေးဇူးရလာနိုင်ပါတယ်။

Photos from CS Lingo Stars's post 09/12/2021

The best 3D design software for Beginner!
---------------------------------------------------------------------
TinkerCAD✨
----------------------

ယ​နေ့ခေတ် တိုးတက်လာတဲ့ ပညာရေးစနစ်ရဲ့အဓိကအခန်းကဏ္ဍမှာ 3D design creation ပညာရပ်ကလည်းတစ်ထောင့်တစ်နေရာကနေပါဝင်လာပြီဖြစ်ပါတယ် ။ မိမိတို့ရဲ့ကလေးငယ်များရဲ့ အတွေးထဲမှာရှိတဲ့ဇာတ်ကောင်လေးတွေ ထိုဇာတ်ကောင်လေးများရဲ့ပုံတူတွေ (ဒါမှမဟုတ်) ပတ်ဝန်းကျင်မှာမြင်တွေ့နေကြအသုံးအဆောင်တွေစတာတွေကို Laptop လေးတစ်လုံးရှိရုံနဲ့ဖန်တီးလို့ရတဲ့ software တွေ website တွေအများအပြားရှိနေပါတယ်။ ထိုအထဲမှာမှ Beginner တွေ ကလေးတွေ အတွက်အကောင်းဆုံးနှင့်အသုံးပြုရတာရိုးရှင်းလွယ်ကူတဲ့ TinkerCAD ဆိုတဲ့ website လေးအကြောင်းကိုဒီနေ့​ပြောပြပေးသွားမှာဖြစ်ပါတယ်။

ပုံတစ်ပုံချင်းစီအောက်မှာစာလေးတွေကိုဖတ်ရှူလို့ရပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00
Saturday 09:00 - 05:00