LingoBridge - Study Abroad Consultancy

LingoBridge - Study Abroad Consultancy

Share

Photos from LingoBridge - Study Abroad Consultancy's post 21/11/2025

Congratulations to all of our students whose study visas to Italy have been granted. 🎉🎊🎊

အီတလီက ဒီနှစ် Visa အရမ်းကြပ်တဲ့ကြားကနေ သေချာပြင်ဆင်ပြီး Visa approve ရသွားတဲ့ မောင်လေး/ညီမလေး အားလုံးနှင့်ထပ်တူ ဝမ်းသာဂုဏ်ယူမိပါတယ်။

ဉရောပတွင် ကျောင်းတက်ရန် အသေးစိတ်ဆွေးနွေးလိုပါက Page Messenger ကိုဆက်သွယ်နိုင်ပါတယ်။

10/11/2025

သံရုံးဝင်တဲ့ အခါမှာ တင်ပေးရတဲ့ income statement အမျိုးအစားတစ်ခုဖြစ်တဲ့ CPA document ဆိုတာဘာလဲ?

📌 CPA ရဲ့ အပြည့်အစုံကတော့ Certified Public Accountant ဖြစ်ပါတယ်။

📌 သံရုံးဝင်တဲ့ အခါမှာပြပေးရတဲ့ CPA document ဆိုတာကတော့

🔗 ကျောင်းသား/သူ တစ်ယောက်အနေနဲ့ ပြည်ပမှာကျောင်းတက်နိုင်ဖို့ financially အရ မိဘကထောက်ပံ့ပေးနိုင်ကြောင်း Business တစ်ခုခုပိုင်ဆိုင်ထားကြောင်း ပြပေးရပါတယ်။

🔗 အဲ့ဒီအတွက်ကို ဝင်ငွေရှင်းတမ်း နဲ့ဘဏ္ဍာရေးရှင်းတမ်းတွေကို လိုင်စင်ရ စာရင်းစစ် (CPA) ကနေ စစ်ဆေးပြီး စာရင်းစစ်အစီရင်ခံစာ ထုတ်ပြန်ပေးရပါတယ်။ သက်ဆိုင်ရာသံရုံးတွေကလည်း CPA စစ်ဆေးပြီး ထုတ်ပေးတဲ့ စာရင်းစစ်အစီရင်ခံစာပါဝင်တဲ့ စာရွက်စာတမ်တွေကိုပဲ လက်ခံပါတယ်။ (ကိုယ်တိုင်ပြုစုထားတဲ့ စာရင်းတွေကို လက်မခံပေးပါ။)

ဒီ document ကိုဘယ်မှာ လုပ်လို့ရနိုင်မလဲ ဒါဆို?
📌 မင်မင်တို့ LB SAC မှာ နှစ်ပေါင်းများစွာ လုပ်သက်ရှိပြီး ယုံကြည်စိတ်ချရဲ့ CPA များနဲ့ဖွဲ့စည်းထားတဲ့ Team ရှိနေပြီမလို့ ကျောင်းသား/သူတွေ လိုအပ်တဲ့ financial document တွေကို ဝန်ဆောင်မှုပေးနေပါပြီရှင်။




အသေးစိတ်သိချင်ရင်တော့ page Messenger မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from LingoBridge - Study Abroad Consultancy's post 10/09/2025

Congratulations to all the students who got visa for Hungary 2025 Fall intake 🎉🎉🎊🎊
Schengen Visa reject rate တွေ ဒီနှစ်အရမ်းတက်လာတော့ စိတ်ဓာတ်ကျနေကြမှာစိုးလို့ မင်မင်တို့ဆီက Hungary Visa အောင်သွားတဲ့ ကလေးတွေရဲ့ သတင်းကို မျှဝေပေးလိုက်ရပါတယ်ရှင်။
Visa granted ဖြစ်သွားတဲ့ ကလေးတွေနဲ့အတူ ထပ်တူဝမ်းသာရသလို reject ထိထားသူတွေလည်း စိတ်မလျော့ပဲ appeal တွေပြန်တင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်။
Service လေးတွေအကြောင်းသိချင်ရင် page မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်။

20/01/2025

ဒါက Educational updates တော့မဟုတ်ပေမယ့် Europe အထူးသဖြင့် Italy က ကျောင်းသား/သူတွေအတွက် Italy to Myanmar, Myanmar to Italy အတွက် Cargo ပစ္စည်းပို့ချင်တဲ့သူတွေ ပစ္စည်းမှာချင်တဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။ 🤲🏻🤲🏻

https://www.facebook.com/share/p/1A3NJbdpMc/?mibextid=wwXIfr

06/11/2024

European Student Visa Updates 2024 Fall Intake 🇪🇺

Disclaimer: မင်မင်တို့ဆီက ကျောင်းသားတွေရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရေးသားထားတာမို့ အချို့ information တွေတော့ထပ်တူမကျနိုင်ပါဘူးရှင်။

📍1. Italy (100% visa approved ဖြစ်ကြပါတယ်။ အများစုက Foundation year ကလေးတွေဆိုပေမယ့် Bachelor Program တက်မယ့်သူတွေလည်းပါဝင်ပါတယ်။) IMAT ဖြေဆိုအောင်မြင်ပြီး သက်ဆိုင်ရာဆေးကျောင်းဝင်ခွင့်ရရှိသွားတဲ့ကျောင်းသား/သူ အားလုံးအတွက်လည်း ဂုဏ်ယူမိပါတယ်ရှင်။ 🇮🇹

📍2. Germany (တစ်ချို့ကျောင်းတွေ သို့ မြို့တွေမှာ Blocked account ဖွင့်ပေးဖို့အခက်အခဲတွေဖြစ်ကုန်တာမို့ ဒီနှစ်တော့ Germany ဘက်လျှောက်ဖြစ်တဲ့ ကျောင်းသားတွေ Intake ရွှေ့ပြီး နိုင်ငံပြောင်းလျှောက်ဖြစ်ကြပါတယ်။)🇩🇪

📍3. Hungary (100% visa approved ဘန်ကောက်မှာသွားလျှောက်ရတာကလွဲလို့ Visa ပိုင်းအတော်လေးအဆင်ပြေတဲ့နိုင်ငံပါ။ တော်ရုံတန်ရုံမရစ်ပါဘူး။) 🇭🇺

📍4. Czech Republic (100% approved so far, ထုံးစံအတိုင်းရစ်ပါတယ်။ လူတိုင်းကိုတော့မဟုတ်ပေမယ့် document အသေးစိတ်ကြည့်ပါတယ်။ Website မှာ Visa granted ဖြစ်နေပေမယ့် ရက်ချိန်း ၂လအထ်ိစစ်ခွင့်ရှိတာမို့ စောင့်ရမယ်ဆိုပြီး Visa ချက်ချင်းထုတ်မပေးတာကလွဲရင် အဆင်ပြေပါတယ်။ Visa approved သွားတဲ့ကလေးတွေရှိသလို ခုထိစောင့်နေတုန်းလည်းရှိပါတယ်။)🇨🇿

📍5.Poland (0% ရေးရတာတော့ စိတ်မကောင်းပေမယ့် ဒီနှစ်အတော်ဆိုးဆိုးပါ။ ကြားရသလောက်တော့ မြန်မာကနေ အယောက် ၁၀၀ ကျော်ဝင်တာ ၃/၄ယောက်လောက်ပဲရတယ်ပြောပါတယ်။ မင်မင်တို့ဆီက ကလေးတွေကိုလည်း ထောက်စရာမရှိအောင်ပြင်ပေးလိုက်တာတောင် မဟုတ်တာကိုထောက်ပြီး deny လုပ်ပစ်ပါတယ်။ တစ်ယောက်ကတော့ ပြန်ဝင်ကြည့်ဖို့ try နေပြီး ကျန်တဲ့တစ်ယောက်ကတော့ intake & country ပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။) 🇵🇱

ဒီနှစ်မှာ လျှောက်နေကြနိုင်ငံတွေဖြစ်တဲ့ Spain, France, Belgium ဘက်လျှောက်ထားတဲ့သူမရှိတာမို့update
Info လေးတော့မပေးနိုင်ခဲ့ပါဘူး။😔

2025 intake အတွက် ဘယ်နိုင်ငံရွေးရမလဲစဉ်းစားနေသူတွေအတွက် အထောက်ကူဖြစ်စေဖို့ရည်ရွယ်ပါတယ်ရှင်။ Info ထပ်မံဖြည့်စွက်ချင်တာဖြစ်ဖြစ် ထောက်ပြချင်တာဖြစ်ဖြစ်ရှိခဲ့ရင် comment မှာဆွေးနွေးနိုင်ပါတယ်။

Accomodation ရှာမရသေးသူတွေအတွက်လည်း အတတ်နိုင်ဆုံးကြိုးစားပေးနေတာမို့ page မှာစုံစမ်းလို့ရပါတယ်။ 2025 Early admission အတွက်ပြင်ဆင်ချင်ပြီဆိုရင်တော့ “Hi” လိုက်တော့နော် 🤗🤗🤗

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon