TequilaShots
19/11/2022
ရှောင်ရမဲ့လူတစ်မျိုး
စိတ်ဓာတ်ကျတာနဲ့ အရာရာတိုင်းကိုအဆိုးမြင်နေလို့မပျော်နိုင်တာကမတူဘူး။
စိတ်ဓာတ်ကျတတ်တဲ့သူက ပျော်စရာရှိရင်ပျော်လိုက်တယ် ဒါမဲ့ အချိန်တန်အိမ်ပြန်ရောက်ရင် စိတ်ဓာတ်ကျတတ်တာမျိုး။ သူများတွေတော့မသိပေမဲ့ ကိုယ်တွေကတော့ အရာရာတိုင်းကိုစိတ်အလိုမကျဖြစ်နေတာကို စိတ်ဓာတ်ကျတယ်လို့ခေါ်လေ့မရှိလူး။ စိတ်အလိုမကျရင်မကျဘူးပေါ့။ ကိုယ်ပဲ moody ဖြစ်နေတာဆိုပြီးလက်ခံလိုက်တယ်။
အဲ့တာကိုလက်မခံနိုင်တဲ့သူတွေရှိတယ်၊ ကိုယ့်ဖြစ်တည်မှုကိုကိုယ်မသိတာ လက်မခံနိုင်တာ။ အကောင်းမမြင်နိုင်တဲ့စိတ်ကို Depression နဲ့မှားနေတဲ့သူတွေ...
အဲ့လိုလူတွေရဲ့စိတ်ထဲမှာက လူတွေကသူတို့အပေါ်မကောင်းဘူးလို့ပဲမြင်တယ်။ ကောင်းပေးနေရင်တောင် ကိုယ့်ရဲ့ဘာမှမဟုတ်တဲ့အပြုမူတစ်ခုကို သူတို့ပေါ်ကောင်းမနေတာပါဆိုပြီး လှည့်တွေးလိုက်နိုင်စွမ်းရှိတယ်။ Depression ရှိတဲ့သူတွေ overthinking ရှိတဲ့သူတွေလည်း ဘာမဟုတ်တာလေးကိုပုံကြီးချဲ့တွေးတတ်ပါတယ်။ ဒါမဲ့ overthink တာနဲ့ victim playing ကိုကွဲအောင် မြင်နိုင်ရမယ်။
တင်စားပြီးပြောရရင် ကိုယ်ကတော့စားစေချင်လို့မုန့်လေးဝယ်သွားပေးပေမဲ့ အဆိပ်ခက်ပြီးကျွေးပါတယ်ဆိုပြီးပြောခံတာမျိုး
အဲ့တာကို ပိုတိကျတဲ့ ဥပမာနဲ့ပြောရရင်တော့....
ကိုယ်ကဒါလေးစားကောင်းလို့ သတိတရဝယ်သွားပေးလိုက်ပေမဲ့ "ငါဒါမကြိုက်တာနင်မသိဘူးလား ... နင်တမင်လုပ်တာမလား ငါမကြိုက်လို့မစားရင်နင်စားလို့ရအောင် ... နင်ကတော့စားသောက်ပြီးဗိုက်ဝလာပြီ ...ငါအခုနင်လုပ်လို့စားစရာမရှိတော့ဘူး ဗိုက်စာနေပြီ"
ပုံမှန် အတွေးလွန်တဲ့သူတွေက အတွေးလွန်တယ်ဆိုတဲ့စကားလုံးအတိုင်းပဲ တိတ်တိတ်လေးတွေးပြီးစိတ်ညစ်တာများတယ်။ ဘာမှာအကောင်းမမြင်နိုင်တဲ့သူတွေကတော့ ခုဏကလိုမျိုးပေါ့ .... ဘယ်လိုအခြေနေမျိုးမှာမဆို သူတို့ကခံနေရပါတယ်ဆိုပြီး ထင်တတ် ပြောတတ် victim play တတ်တယ်။
အဲ့လိုလူတွေနားနေရင် တချိန်လုံးကိုယ့်အပြစ်ပဲဖြစ်နေတော့ ကိုယ်ပဲစိတ်တိုရပြီး စေတနာမထားချင်စိတ်တွေများလာရမယ့်တူတူတော့ အစထဲကရှောင်ပေါင်းတာကအကောင်းဆုံးပေါ့။
Click here to claim your Sponsored Listing.
Contact the public figure
Website
Address
Yangon