Inno Technique - MM
06/07/2020
(1) Introduction to Dart or First step to Flutter
Dart Programming Language ကိုစတင်လေ့လာမယ့်သူတွေအတွက် အခြေခံကစပြီး အခမဲ့သင်ယူလေ့လာနိုင်မယ့် Website တစ်ခုကို Sharing လုပ်ချင်ပါတယ်။
Dart Language အကြောင်းမပြောခင် Flutter ဆိုတာ ဘာလဲအရင်လေ့လာကြည့်ရအောင်!
Flutter ဆိုတာ Mobile Applicationတွေကိုရေးဆွဲနိုင်တဲ့ Cross Platform တစ်ခုဖြစ်ပါတယ်။ Flutterသည် Google's UI Toolkit တစ်ခုဖြစ်ပြီး Single Codebase အသုံးပြုပါတယ်။ ယခုနောက်ပိုင်းတွင် Flutter ြဖင့် Mobile Appတွေအပြင် Web App, Desktop Appတွေကိုပါ Develop လုပ်လာကြပါတယ်။ အခြား Platformတွေထက် Flutterဟာအသုံးပြုရအဆင်ပြေလွယ်ကူခြင်းအကြောင့် လူသုံးများလာပါတယ်။ ဒါ့အပြင် Flutterကိုအသုံးပြုပြီးရေးဆွဲထားတဲ့ နာမည်ကြီး Mobile Application များစွာရှိပါတယ်။ For Example - Google Ads (Utility), Alibaba (eCommerce).
Flutterကိုစတင်လေ့လာမည်ဆိုပါက သူ့မှာအသုံးပြုတဲ့ Dart Programming Language ကိုမဖြစ်မနေလေ့လာရပါတော့မယ်။ သင်ယူလေ့လာရတာလွယ်ကူတဲ့ Dart Language ကြောင့်လဲ ယခုနောက်ပိုင်းတွင် Flutterကိုလေ့လာသင်ယူသူတွေများပြားလာခြင်းဖြစ်ပါတယ်။
ယခု Sharing လုပ်ပေးမယ့် Website မှာတော့ Dart Programming Language ကိုအခြေခံကစပြီးသင်ယူနိုင်မှာဖြစ်ပါတယ်။
သူ့မှာ 89 Lessons, 7 Quizzes, 13 Challenges, 137 Playgrounds and 61 Code Snippets ဆိုပြီးပါ၀င်ပါတယ်။
သူ့ရဲ့ Course Outline လေးကတော့ -
1. Introduction
2. Getting Started with Dart
3. Data Types and Variables
4. Operators
5. Dart's Collection
6. Control Flow Statements
7. Exploring Functions
8. Classes
9. Where to Go From Here
Getting Started with Flutter
Website မှာ Register လုပ်ပြီးတာနဲ့ စတင်လေ့လာနိုင်ပါပြီ။ Course Access အနေနဲ့ One Year ပေးထားပါတယ်။
Website Link - https://www.educative.io/courses/learn-dart-first-step-to-flutter
ကဲအခုပဲသွားရောက် Register လုပ်ပြီး လေ့လာသင်ယူကြရအောင် !
ယခု Post လေးကို Like and Share လုပ်ပေးခြင်းဖြင့် အခြားသူများကိုပါ ဝေမျှလိုက်ပါ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11171
Opening Hours
| Monday | 09:30 - 17:00 |
| Tuesday | 09:30 - 17:00 |
| Wednesday | 09:30 - 17:00 |
| Thursday | 09:30 - 17:00 |
| Friday | 09:30 - 17:00 |