Shwe Pon Food Service

Shwe Pon Food Service

Share

01/12/2022

❄️❄️❄️Hello Sweet December ❄️❄️❄️

ရွှေပုံတို့တွေ မြေပြင်မှာ အလုပ်တွေလုပ် ချက်ပြုတ် ကြော်လှော် အစုံပလုံတွေလုပ်နေပေမယ့် online ပေါ်မရောက်ဖြစ်တာကြာပေါ့နော် 😪

ဒါလေးကတော့ #ရွှေပုံထမင်းပေါင်းလေးပါရှင် 🎀🎀🎀

ပါဝင်တာတွေကတော့

#ရွှေဘိုပေါ်ဆန်းထမင်း ထွေးထွေးလေးရယ်

#ကြွပ်ရွနူးနပ်တဲ့ ကြက်ကြော် မွှေးမွှေးလေးရယ်

#စားမြိန်စေမယ် ဟင်းအနှစ်သင်းသင်းလေးရယ်

#ရှူးရှဲဝူးဝဲ ငရုတ်ကြော်လေးရယ်

#ထိမိဂွိချဥ်ပေါင်ကြော် လေးရယ်

#တကြွပ်ကြွပ် သခွါးသီးလေးနဲ့ဥနီလေးရယ် ပါရှင် ❣️❣️❣️

ပီးတော့

တခါတည်းအပီအပြင် ဝါးလို့ရအောင်လို့ လက်အိတ်လေးလဲပါတယ်နော် ☺️☺️

စျေးနှုန်းလေးကတော့ တစ်ပွဲ 5500/- ပါရှင် 🫣🫣🫣

30/08/2022

မတွေ့ဖြစ်တာ ကြာပီနော် ရွှေပုံရဲ့ ပရိတ်သတ်ကြီးရေ 🎀🎀🎀

အားလုံးပဲ မင်္ဂလာပါရှင် 🙏🙏🙏

ရွှေပုံက ချက်ပေးပါဆိုတဲ့ အမာခံလေးတွေအတွက်တော့ အမြဲချက်ပေးဖြစ်ပေမယ့် ပုံလေးတွေ update လေးတွေမတင်ဖြစ်ဘူးဖြစ်နေလို့ပါရှင် ☺️

ဒီနေ့တော့ သမီးငယ်လေးတစ်ယောက်ရဲ့ မွေးနေ့ပွဲလေးအတွက် ရွှေပုံကိုချက်ပေးပါဆိုလို့ ချက်ပေးဖြစ်ရင်း ရွှေပုံက ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 😍😍

ကိုယ်၊စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေရှင် 💙💙💙

Photos from Shwe Pon Food Service's post 19/05/2022

ဒီနေ့မှာ ဒီလိုလေးတွေပို့ပီးတဲ့နောက် ဒီလိုလေးတွေပဲကျန်တော့ပါကြောင်း 😁

ကျန်တဲ့ဒီလိုလေးတွေကိုလဲ ရွှေပုံ မမတို့စားဖို့ သိမ်းလိုက်ရပါကြောင်း😂

အသိပေးအကြောင်းကြားအပ်ပါသည်ရှင့် 🤣🤣🤣

အားပေးမှုတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင့် ❣️❣️

Photos from Shwe Pon Food Service's post 24/03/2022

တစ်ရက်နောက်ကျသွားလို့ sorry ပါနော် 🙏🙏🙏

🎀🎀🎀ဒါကတော့ ရွှေပုံရဲ့ menu အသစ်ပါရှင့် ☺️

#ရွှေပုံရဲ့ထမင်းပေါင်း ပါ 🍚+🍗

ရွှေပုံထမင်းပေါင်းမှာဆိုရင်

✨ရွှေဘိုပေါ်ဆန်းမွှေးမွှေးအိအိလေးရယ်

✨ကြက်သားကြော် ကြွပ်ကြွပ်ရွရွလေးရယ်

✨ချဥ်ပေါင်ကြော် စိုစိုစပ်စပ်လေးရယ်

✨ငရုတ်သီးဆီကြော် ရှူးရှူးရှဲရှဲလေးရယ်

✨ဟင်းအနှစ် ထိမိဂွိလေးရယ်

✨အစပ်ပြေ သခွါးသီး တဂျွတ်ဂျွတ်လေးရယ်
ပါပါတယ်ရှင် ❣️❣️❣️

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Thumingalar Housing
Yangon